Sunday, May 22, 2016
ဧရာဝတီတိုင်း ရွှေလောင်းမြို့က ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း
ဧရာဝတီတိုင်း ရွှေလောင်းမြို့က အခြေခံပညာ အထက်တန်းကျောင်းမှာ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ဒေသခံတွေကို မေလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ အခမဲ့ ဆေးဝါးကုသပေးနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီနဲ့ အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေက အဲ့ဒီမှာ လာရောက်ဆေးကုမှုခံယူနေသူတွေနဲ့ ဆေးကုအဖွဲ့မှာ လိုက်ပါကူညီသူတွေကို ဒီနေ့ လာရောက်အားပေးခဲ့ပါတယ်။
ဒ့ါအပြင် ဧရာဝတီတိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနစ်နာခံပြီး အခမဲ့ဆေးကုပေးတဲ့ ဆရာဝန်ကြီးတွေလို ဧရာဝတိုင်းသားတွေလည်း အနစ်နာခံပြီး ပေးဆပ်နိုင်ဖို့ အရေးကြီးကြောင်း ဆေးကုသရေး အလှူတော်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
Photo: Kyaw Htoon Naing/RFA
ဧရာဝတီတိုင်း ရွှေလောင်းမြို့က ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း
Reviewed by timeayeyar
on
12:04 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment