လွန်ခဲ့သော (၃) ရက်က ဖြစ်သည်။ကျောင်းသားများအတွက် ၂၀၁၆ ခုနှစ် ပညာသင်နှစ်အတွက်
ဆောင်ရွက်ရာတွင်( အမည်မဖေါ်)လိုသော မြို့နယ်တစ်ခုမှ မြို့နယ် ပညာရေးမှုးအဆင့်ရှိသူမှ
ကျောင်းသားမိဘများအား၎င်း ဆရာဆရမများအား၎င်း ဆက်ဆံပြောဆိုရာတွင်
ရင့်သီး ရိုင်းစိုင်းသော အပြုမူများဖြင့် ဆက်ဆံ၍ မြို့နယ် ပညာရေးမှူး တာဝန်အား
ထမ်းဆောင်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း လူမှု ဖူလုံ ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော ဒေါက်တာ ဒေါ်လှမြတ်သွေးမှ
မမျှော့်လင်ပဲ အဆိုပါ မြို့နယ် ပညာရေးမူးရုးံသို့ ၄င်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ဆောင်ရွက်ရန်
တွေ့ဆုံရေးအတွက် သွားရောက်ခဲ့ရာမှ ဒေါက်တာဒေါ်လှမြတ်သွေး (ရေကြည်မြို့နယ် ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် အများပြည်သူ မှေ၇ွးချယ်ခံရသူ ယခု ဖူလုံဝန်ကြီး
လည်း ဖြစ်သူအားအဆိုပါ မြို့နယ် ပညာရေးမှူးမှ ထပ်မံ၍ ၄င်းပြုလုပ်နေကြအတိုင်း ဆဲဆိုကြိမ်းမောင်း
ဆက်ဆံမှုပြုလုပ်ခြင်းအား ဒေါက်တာဒေါ်လှမြတ်သွေး ခံရရှာသည်။
သို့ကြောင့် လူမှု ဖူလုံ(၀န်ကြီး) ဒေါက်တာ ဒေါ်လှမြတ်သွေုးမှ ၄င်း၏ ပြုမှု ဆောင်ရွက်ချက်များအား
သက်ဆိုင်ရာ ဧရာဝတီတိုင်း၏ တိုင်းပညာရေးမှူးထံသို့ သွားရောက်တွေ့ဆုံ ပြောဆိုရာတွင်
တိုင်းပညာရေးမှူးကြီးမှ ဒေါက်တာ ဒေါ်လှမြတ်သွေုးအား
“ဟုတ်ကဲ့ ၀န်ကြီးမမ ခင်ဗျာ မပူပါနဲ့..ကျနော် အသေချာ ကိုင်တွယ် ဆောင်ရွက်ပါမယ်” ဟု ဆိုလေသည်။
ဒေါက်တာ ဒေါ်လှမြတ်သွေးမှ “ပညာရေးမှူးကြီးမှ ဘယ်လိုဆောင်ရွက်မှာလဲ ?” ဟု မေးမြန်းခဲ့ရာ …
တိုင်းပညာရေးမှူးကြီးမှ “မပူပါနဲ့ဝန်ကြီးမမခင်ဗျာ…ကျနော် သူ့ကို ရာထူးတိုးပြီး နောက်မြို့နယ် ဒေသ တစ်ခုခု ကို ပြောင်းရွေ့  တာဝန် ထမ်းဆောင်ရန် လုပ်ပေးလိုက်ပါမယ်” ဟု ပြန်လည်ဖြေကြားရာ
လူမှု ဖူလုံဝန်ကြီး ဒေါက်တာ ဒေါ်လှမြတ်သွေုး အသွက်ရှူ တခဏ ရပ်တန့်သွားကြောင်း သိရသည်။
ဖြစ်ရပ်မှန်ပါခင်ဗျာ
ဧရာဝတီတိုင်း လူမှု ဖူလုံ ၀န်ကြီး ဒေါက်တာ ဒေါ်လှမြတ်သွေးကို မေးမြန်း အင်တာဗျူးကြည့်ကြပါ။
သတင်းအရင်းမြစ်( လျှို့ဝှက် စုံစမ်းရေး သတင်းလူငယ်များ)
ရှယ်ပေး လိုက်ကြပါ ဒေါ်တာ လှမြတ်သွေး (လူမှု ဖူလုံ) ၀န်ကြီး ရောဂါသက်သာစေလိုပါသည်။
ဂိုလ်ရှယ်လေး
Friday, May 20, 2016
လူမှု ဖူလုံ ၀န်ကြီး ဒေါ်လှမြတ်သွေးမျက်လုံးပြူးအသက်ရှူ ရပ်မတတ်ဖြစ်ခြင်း (ဖြစ်ရပ်မှန်)
လူမှု ဖူလုံ ၀န်ကြီး ဒေါ်လှမြတ်သွေးမျက်လုံးပြူးအသက်ရှူ ရပ်မတတ်ဖြစ်ခြင်း (ဖြစ်ရပ်မှန်)
Reviewed by timeayeyar
on
7:50 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment