မျိုးမင်းထွန်း(မြစ်မခ)
ဧရာဝတီတိုင်း၊ မေ(၁၃)ရက်။
ဧရာဝတီတိုင်းဒေသကြီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှာ တောင်သူများထံမှ (၄)နှစ်အတွင်း မိုး စပါးချေးငွေမှ ပြန်လည်မရရှိသေးသည့် ကြွေးကျန် ကျပ်သန်းပေါင်း ၂၀၂၉၉၅.၃၄ အထိရှိနေကြောင်း ဘဏ်စာရင်းများအရ သိရှိရသည်။
တောင်သူလယ်သမားများမှ ၂၀၁၂ခုနှစ်အတွင်း ပြန်လည်ပေးဆပ်ရန်အတွက် အချိန်စေ့လွန် ကြွေး ကျန် ကျပ်သန်းပေါင်း ၂၈၆၆၈.၄၁ သန်းနှင့် ၂၀၁၅ ခုနှစ် မိုးစပါး၊ ဆောင်းစပါး အချိန်စေ့ကြွေးကျန် ကျပ်သန်းပေါင်း ၁၇၄၃၂၆.၉၃ သန်း တို့ ရရှိရန်ကျန်ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲ မှ မေ(၁၂)ရက်အထိ စာရင်းများအရသိရသည်။
“ကြွေးမဆပ်တဲ့ တောင်သူလယ်သမားတွေကို အရင်ကတည်းကပြဌာန်းထားခဲ့တဲ့ အခွန်မပြေကျန်ငွေ ဥပဒေအတိုင်း ပိုင်ဆိုင်ပစ္စည်း စာရင်းကောက်ပြီး သတိပေးစာထုတ် နောက်ဆုံးနေ့ သတ်မှတ် ဝရမ်း ကပ်ချိတ်ပိတ်ပြီး ပိုင်ဆိုင်မှုတွေကို ဘဏ်ပိုင်အဖြစ် ယာယီတင်လေလံပစ်လို့ ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လုပ်ခွင့်မပြုခဲ့တော့ တောင်သူလယ်သမားတွေ အနေနဲ့မဆပ်လည်း ရတယ်ဆိုပြီး နေလာလို့ ကြွေးကျန်ဒီလောက်အထိဖြစ်နေတာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်ခွဲမှ မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။
တောင်သူလယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရာတွင် ပိုးကျခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ ရေငန်ဝင်ခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခြင်းများကြုံတွေ့လျင် သက်ဆိုင်ရာစိုက်ပျိုးရေးဌာ နများထံ တင်ပြပါက ယင်းဌာနများမှတဆင့် ဘဏ်သို့အကြောင်းကြားမည်ဖြစ်ပြီး လတ်တလော ဖြစ်ပွားနေသည့် လယ်ယာများသို့ သွားရောက်စစ်ဆေးပြီး အတိုးနှုန်းလျော့ချခြင်း၊ ချေးငွေဆပ်ချိန် ဆိုင်းငံ့ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“စိုက်ပျိုးချိန်မှာ ချေးငွေအချိန်မှီရဖို့်လိုပါတယ်။ တစ်ခါတစ်ခါဆို ချေးငွေကမကျသေးဘူး။ စိုက်ပျိုးချိန်တန် နေတော့ အပြင်ကနေ အတိုးအကြီးနဲ့ချေးပြီး စိုက်ရတာတွေရှိတော့ သူတို့ထုတ်ချေးတဲ့အချိန်ကျ အတိုးကြီနဲ့ ချေးထားတဲ့ နေရာကိုပြန်ဆပ်ရတယ်။ ဘဏ်ကိုဆပ်ဖို့ အချိန်ကျပြန်တော့ သီးနှံဈေးမ ကောင်းရင် အတိုးကြီးနဲ့ ပြန်ဆွဲဆပ်ရနဲ့ အကြွေးသံသရာလည်နေတဲ့ လယ်သမားတွေအများ ကြီးရှိပါ တယ်။ နှစ်တွေကြာလာတော့ အတိုးပေါ်အတိုးဆင့်ပြီး ပြန်မဆပ်နိုင်တော့တာပါ။”ဟု ငပုတောမြို့နယ် ကညင်ငူရွာမှ လယ်ဧက ၂၀ လုပ်ကိုင်သူ ဦးမောင်မောင်မြင့်က ပြောသည်။
မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က ချေးငွေများကို ဝိုင်းကြီးချုပ်စနစ်ဖြင့် တစ်ဦးကြွေးကျန်လျှင် တစ်ရွာ လုံး ပြန်မချေးသည့်စနစ်ဖြင့် ချေးငွေထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးသီးနှံအဖြစ် မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးပြီး ဇန်နဝါရီလမှ ဧပြီလလယ်အထိ ပြန်ဆပ်ရန်အချိန်သတ်မှတ်ပေးထားကြောင်း သိရသည်။
ချေးငွေပြန်လည်မပေးဆပ်သည့် မြို့နယ်များတွင် လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်မြို့နယ်များ မှ လယ်သမားအများဆုံးပါဝင်ပြီး ချေးငွေပြန်မဆပ်ရန်ကြန့်ကြာနေသည့် မအူပင်မြို့နယ်မှ လယ်သမား များကို အမှုဖွင့်တရားစွဲတောင်ခံထားသည့် အမှု (၂၆၀)ဝန်းကျင်အထိ ရှိနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၏ စာရင်းများအရ သိရသည်။
http://myitmakhamediagroup.com/news/agriculture-news/7791/
Friday, May 13, 2016
တိုင်းဧရာတွင် ၄ နှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၂၀၀ ဘီလီယံကျော်အထိရှိလာ
တိုင်းဧရာတွင် ၄ နှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေကြွေးကျန် ၂၀၀ ဘီလီယံကျော်အထိရှိလာ
Reviewed by timeayeyar
on
3:16 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment