Latest News

Tuesday, May 10, 2016

ပုသိမ်မြို့မရဲစခန်းမှ ရက် ၁၀၀ စီမံချက်အရ ခြိမ်းခြောက်ငွေလုယူသူများအား အချိန်တိုအတွင်း ဖမ်းဆီး


(၁၀.၅,၂၀၁၆ ) ရက်နေ့ည ၁၁ နာရီခန့်က ငရုတ်ကောင်းမြို့ မှ ပုသိမ်မြို့သို့ အလုပ်ကိစဖြင့်လာသော ခရီးသွား မောင်ဖြိုး လှိုင်ထွန်းမှ ပုသိမ်မြို့ မြဝတီဘဏ်ရှေ့တွင်တွေ့ရှိ ရသော အမည်မသိ ဆိုင်ကယ်ကယ်ရီသမားအား နေခြည်လင်းတည်းခိုခန်းသို့သွားရန် ၁၀၀၀ ကျပ်ဖြင့်ဌားရမ်းထွက်လာပြီး ဆိုင်ကယ်ကယ်ရီသမားမှ လမ်းတွင်၎င်းအသိတစ်ဦးကို ဝင်ရောက်ခေါ်ဆောင်မောင်းနင်လာခဲ့ရာ နေခြည်လင်းတည်းခိုခန်း
တွင်မချပဲ ပုသိမ်မြို့အပြင်သို့ခေါ်ဆောင်သွားပြီးနောက် မောင်ဖြိုးလှိုင်ထွန်း အား၎င်းတို့မှ ခြိမ်းခြောက် ပြီး ၎င်းအိတ်အတွင်းမှ ငွေ ၁ သိန်းကျော် ဖုန်း ၁ လုံးအား လုယူ ထွက်ပြေးပြီး ၎င်းအား ကိုးဆူကျေးရွာအနီးဆိုင်ကယ် ပေါ်မှ ချထားခဲ့ သည်။
ထိုဖြစ်စဉ်အား သတင်းရလျင်ရခြင်း ပုသိမ်မြို့မှရဲစခန်းမှ ရက် ၁၀၀ စီမံချက်အရ ပြည်သူအားဝန်ဆောင်မူပေးနေ သော ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျုးလွန်သွားသူများဧ် ပုံသဏာန်များ ဆိုင်ကယ်အမျိုးအစားတို့ဖြင့် လိုက်လံစုံစမ်း သည့်အခါ ပြစ်မှုကျုးလွန်သွားသော ကျော်မြတ်လင်း (ဘ) ဦးသောင်းမြင့်ထွန်း ဗိုလ်ဗဌေးအတွင်းလမ်း နှင့် ဇော်စောင်း ဦး (ဘ) ဦးမြင့်အောင် မရမ်းကျောင်းဘုန်းကြီးကျောင်းရှေ့လမ်းသွယ် နေထိုင်သူနှစ်ဦးအား ည ၁ နာရီကျော်ခန့်တွင် ပုသိမ်မြို့ ကမ်းနားလမ်းရှိဆိုင် Evergood စားသောက်ဆိုင် အတွင်းဖမ်းဆီးရမိကာ ၎င်းတို့လုယူသွားသည့်ငွေများ.ဖုန်း. လူယူစဉ်က အသုံးပြုခဲ့သော လက်သီးပုန်း ဆိုင်ကယ်အား သိမ်းဆည်းနိုင်ခဲ့ပါကြောင်းနှင့် ပုသိမ်မြို့မရဲစခန်းမှ ရက် ၁၀၀ စီမံချက်အရ ပုသိမ်မြို့တရားဥပဒေစိုးမိုးနိုင်စေရန် ဆောင်ရွက် လျက်ရှိပါကြောင်း သိရှိစေအပ်ပါသည်။

Zaw Min Tun




No comments:

Post a Comment