စည်သူမောင်မောင်
ပုသိမ် ။ ။ ကျောင်းအပ်နှံရေးကိစ္စများတွင် လာဘ်ပေးလာဘ်ယူကိစ္စများပေါ်ပေါက်လာပါက ဝန်ထမ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး မှ မေ ၁၀ရက်နေ့ပြုလုပ်ခဲ့သည့် ပညာရေးမှူးများတွေ့ဆုံပွဲတွင် တွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းပညာရေးမှူးများအနေဖြင့် ဆရာ၊ဆရာမ ဝန်ထမ်း ပြောင်းရွှေ့ခြင်း၊ရာထူးတိုးခြင်း၊နေ့စား အောက်ခြေဝန်ထမ်းများ ခန့်ထားခြင်းစသည့် လုပ်ငန်များတွင် လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ မိမိကိုင်တိုင် ကင်းရှင်းရန် နှင့် မိမိအုပ်ချုပ်မှုအောက်ရှိ ဝန်ထမ်းများကင်းရှင်းအောင် ကြပ်မတ်ရန်၊မသမာမှုရှိ၍ စစ်ဆေးပေါ်ပေါက်ပါက ထိရောက်သောအရေးယူမှုခံရမည် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းအပြင် မည်သည့်ပွဲလမ်း သဘင်းမဆို ကလေးများအားနှင့် ဆရာဆရာမများကို အင်အားပြအနေဖြင့် ခေါ်ယူအသုံးပြုမှုကို မပြုလုပ်ရန်ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အထက်တန်း၊အလယ်တန်းနှင့်မူလတန်းပြ ဆရာ၊ဆရာမ အင်းအား၄၉၀၆၇ဦးရှိသည်။
- See more at: http://mizzimaburmese.com/article/14048#sthash.YDSgZJnv.dpuf
Tuesday, May 10, 2016
ကျောင်းအပ်နှံရေးတွင် လာဘ်ပေးလာဘ်ယူကိစ္စပေါ်ပေါက်ပါက ထိရောက်စွာအရေးယူမည်
ကျောင်းအပ်နှံရေးတွင် လာဘ်ပေးလာဘ်ယူကိစ္စပေါ်ပေါက်ပါက ထိရောက်စွာအရေးယူမည်
Reviewed by timeayeyar
on
8:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment