Latest News

Friday, May 27, 2016

ဧရာဝတီတိုင်း အဌမတန်းနှင့်စတုတ္ထတန်း ကုစားစာမေးပွဲဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်အောင်


ဧရာဝတီတိုင်း အဌမတန်းနှင့်စတုတ္ထတန်း ကုစားစာမေးပွဲဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်အောင်
ပုသိမ် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၅ - ၁၆ ပညာသင်နှစ်အဌမတန်းနှင့်စတုတ္ထတန်းအတန်းတင်စာမေးပွဲကျရှုံးခဲ့သည့်ကျောင်းသားကျောင်းသူများကုစားစာမေးပွဲပြန်လည်ဖြေဆိုရာတွင် ၈၀ ရာခိုင်နှုန်းကျော်အောင်မြင် ကြောင်း တိုင်းဒေသကြီး အခြေခံ ပညာဦးစီးဌာနထံမှ သိရှိရသည်။
အဌမတန်းကုစား စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသူ၏ ၈၀ ဒသမ ၆၃ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း ကုစားအောင်စာရင်းကို မေလ ၂၃ ရက်နေ့ကထုတ်ပြန်ပေးခဲ့ရာ အဌမတန်းတန်းစာမေးပွဲတွင်ပြန်လည်ဖြေဆိုသူ ၆၇၄၄ ဦးရှိပြီး ၅၄၄၇ဦး အောင်မြင်ခဲ့ကာ ၁၂၉၇ ဦးကျရှုံးခဲ့ကြောင်း စတုတ္ထတန်း ကုစားစာမေးပွဲတွင် ပြန်လည်ဖြေဆိုသူ ၈၁၆၂ဦးရှိခဲ့ပြီး ၇၃၁၆ဦး အောင်မြင်ခဲ့ကာ ၈၄၆ ဦးကျရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ယာယီ) ဦးဝင်းမောင်က ပြောကြားသည်။
"အတန်းတင်စာမေးပွဲမှာ ဘာသာစုံကျရှုံးခဲ့တဲ့သူတွေနဲ့ ဘာသာရပ်အကျများတဲ့ကျောင်းသားတွေပြန်မဖြေကြဘူး။" ဟုဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က ရှင်းပြသည်။
အချို့သော မိဘနှင့် ကျောင်းသားများ မှာ ကုစားစာမေးပွဲပြန်လည်ဖြေဆိုရသည့်အခြေအနေကို မသိရှိခဲ့ကြောင်း၊ အချို့မှာ မိဘများနယ်ပြောင်းခြင်းများဖြစ်နေပြီး ခရီးလွန်နေခြင်းတို့ကြောင့်လာရောက်ဖြေဆိုနိုင်ခြင်းမရှိကြောင်း ၄င်းထံမှသိရှိရသည်။

ကုစားစာမေးပွဲကို မေလ ၁၆ရက်မှ ၁၈ရက်နေ့အထိတရက်လျှင် ၂ဘာသာနှုန်းဖြင့်ကျရှုံးခဲ့သောဘာသာရပ်များကိုသာဖြေဆိုခဲ့ကြောင်း။ကုစားစာမေးပွဲမေးခွန်းများကိုအတန်းတင်စာမေးပွဲထက် ပိုမိုလွယ်ကူစွာဖြေဆိုနိုင်ရန်အသစ်ပုံစံဖြင့် ထပ်မံဖြေဆိုစေခဲ့သော်လည်း လာမဖြေသူများရှိခဲ့ကြောင်း၊ ကုစားစာမေးပွဲကို အဌမတန်းကျောင်းသား၁၄၆၈ ဦးနှင့် စတုတ္ထတန်းကျောင်းသား ၂၁၆၉ဦး လာရောက်ဖြေဆိုခြင်းမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ စာရင်းများအရသိရသည်။

No comments:

Post a Comment