Latest News

Friday, May 27, 2016

ဆန္ဒမစောချင်ပါဘူး..


ဆန္ဒမစောချင်ပါဘူး။ နှေးကွေးတာအရေးမကြီးပါ
နောက်ပြန်မလှည့်ဖို့သာအရေးကြီးပါတယ်။ 

ဆန္ဒမစောချင်ပါဘူး..
ဧရာဝတီတိုင်းဒေသကြီး အစိုးရအပေါ်အားမလိုအားမရစိတ်တွေနဲ့ဝေဖန် အပြစ်တင်နေသူတွေကိုပြော
လိုတာပါ။
ပျက်စီးရာပျက်စီးကြောင်း ခြေခံထိုးလှဲချင်သူတွေကိုတော့ မပြောလိုပါဘူး..ဒါကတော့ ထိုသူတွေရဲ့ စိတ်ဆန္ဒအရ ရှိပါစေတော့။
ဒိအစိုးရက.အရင်အစိုးရနဲ့မတူဘူး...ဘာလဲဆိုတော့..သူတို့ကကိုယ်ကျိုးစီးပွားအတွက်လုပ်ခဲ့သူတွေမဟုတ်ဘူးဆိုတာစကားပလ္လင်ခံချင်ပါတယ်...။
မြေယာကိစ္စတွေကအရင်အစိုးရကသူတို့တွေလုပ်ခဲ့တဲ့ပြသနာတွေကိုပြီးပြတ်အောင်ဖြေရှင်းမပေးပဲ..နောက်အစိုးရအတွက်..ပြသနာတွေချန်ခဲ့တာဖြစ်ပါတယ်။..
ဒါပေမဲ့ဒီပြသနာတွေကိုလက်ရှိအစိုးရ .ဖြေရှင်းပေးရမှာပါပဲ...ဒါကိုပြည် သူအာဏာ..ပြည်သူ့ဒိမိုကရေစီ
ခိုင်မြဲလိုသူတွေက ဘယ်လိုဖြေရှင်းသင့် တယ်ဆို တာကို ..၀ိုင်းဝန်းဖို့လို့ပါတယ်။
ဒါကိုအစိုးရကလည်း နွေးထွေးစွာကြိုဆိုရမှာ ဖြစ်ပါတယ်..ဒိနေ့ပုသိမ်မှာဆန္ဒပြတဲ့ ညောင်တုန်းမြေကိစ္စကလည်းအရင် အစိုးရလက်ထက် ကတည်းကဖြစ်ခဲ့တာပါ..။
အဲ့ဒိအမှူကိုရေးခဲ့ဘူးတယ်..အဲ့ဒီတုန်းက ဆန္ဒမပြပဲခုမှ ဆန္ဒပြတာကို စဉ်းစားကြည့်နေ တာပါ..။
ဆန္ဒပြတာကို..မကြိုက်လို့မဟုတ်ဘူးနော်....အကြောင်းတရားတော့
ရှိလိမ့်မယ်..လို့တွေးနေမိတာ..အကျိုး..အကြောင်းဆိုတာ..ဖြစ်ရပ်ပြ သနာ.ရဲ့.အရင်းအမြစ်ပါ..။
.အရင်အစိုးရ..အဖွဲ့တစ်ဖွဲ့လုံးဟာ..အတိတ်လုပ်ရပ်တွေမကောင်းခဲ့ပါဘူး .ပြောရရင်လာခြင်းမကောင်းခဲ့ပါဘူး.။
.ခုအစိုးရကတော့...လုပ်ငန်းအသားမကျသေးဘူး..ထောင်ခဲ့တဲ့မိုင်းတွေညှောင့်တွေကို...သတိကြီးကြီးထားသွားနေရတယ်လို့မြင်တယ်။
.စစ်ပွဲပြီးစ..အခြေအနေလိုပါပဲ။..ဒါကလည်းပြည်သူတွေတောင့်တတဲ့ အာဏာရှင် စစ်ဝါဒီအောက်ကအပြီးသတ်လွတ်မြောက် ရေးလမ်းကြောင်း ကသွေဖီမှာကိုသတိထားနေရလို့ဖြစ်တယ်လို့မြင်ပါတယ်။
အနှစ်ချုပ်ပြောရရင်ဒိအစိုးရဟာပြည်အပေါ်ထားတဲ့စေတနာသန့်တယ် ... လို့ပြောချင်တာပါ။
.အဲတော့ကျွန်တော်တို့တွေ...လုပ်သင့်တဲ့အချက်၃ချက်၇ှိတယ်လို့မြင်မိပါတယ်။

ကျွန်တော်တို့တွေ...
၁။ဝိုင်းဝန်းပါဝင်ပူးပေါင်းရေးလမ်းကြောင်းကသွားမယ်။
၂။အာဏာရှင်လမ်းကြောင်းပေါ်မရောက်အောင်ဝိုင်းဝန်းထိမ်းကြောင်းကြမယ်။
၃။စစ်ဝါဒီအာဏာရှင်တွေအာဏာသိမ်းမဲ့ရန်ကကာကွယ်ရမယ်။
အစိုးရကဘာတွေလုပ်သင့်သလဲ..
၁။ငါ ရန် ကွဲပြားအောင် လုပ်ပါစေတနာအမှားကိုမကြောက်ပါနဲ့။
၂။ပြည်သူနဲ့(အခြေခံလူတန်းစား)မကင်းကွာပါနဲ့။
၃။သူကြွယ်တွေကို အပေးအယူကင်းသော ထူထောင်ရေးလုပ်ငန်းများအတွက်စည်းရုံးသိမ်းသွင်းပါ။
၎။အကျင့်ပျက်ပြည်သူတိုကို ဓမ္မစက် အာဏာစက်တို့ ဖြင့်ကယ်တင်ပါ။
၅။ ဖွံ့ဖြိုးတိုးတက်လိုသောအသွင်ရှိသည့် CSO များကိုရှာဖွေ၍ ရဲရဲလက်တွဲပါ။ CSO၏အခန်းကဏ္ဍ ကို
အလေးအနက်ထားပါ။
၆။အာဏာရပါတီ ဆက်လက်အာဏာတည်မြဲရေးသည်အဓိကမဟုတ်။
ပြည်သူအာဏာတည်မြဲသာအဓိကဟုမှတ်ယူရမည်။
၇။အာဏာရှင်မဆန်သောနည်းဖြင့်ပြည်သူကိုရဲရဲဦးဆောင်ပါ။
ဒီလိုမှမလုပ်ရင်ပြည်သူအာဏာပျက်သုန်းပြီး..မြန်မာပြည်စစ်အာဏာရှင်ဝါဒပြန်လည်ခေါင်းထောင်လာပါ
လိမ့်မည်။
ဒိတော့နောက်မျိုးဆက်တွေ...လူညွှန်တုန်းတဲ့ဘ၀ကိုရောက်လိမ့်မယ်။
အဲလိုပြန်ဖြစ်ရင်တော့မြေတွေပြန်သိမ်းခံရအုန်းမှာပဲ..အဲလိုမဖြစ်ဖို့ပြည်သူ့အာဏာတည်မြဲဖို့လိုအပ်ပါ
တယ်။
ဒါကြောင့် ဒီမိုကရေစီလိုလားသောပြည်သူတွေအနေနဲ့အစိုးရအနေနဲ့လက်ရှိအခြေအနေကိုသတီကြီးကြီး
နဲ့ဖြတ်သန်းရလိမ့်မယ်လို့မြင်တယ်..။
အားလုံးဆန္ဒမစောချင်ပါဘူး။
နှစ်ပေါင်း၅၀ ကျော်အာဏာရှင်လက်အောက်ကဘ၀တွေကိုပြန်သတိရစေချင်ပါတယ်။
နှေးကွေးတာအရေးမကြီးပါနောက်ပြန်မလှည့်ဖို့သာအရေးကြီးပါတယ်။
ဖြတ်သန်းခဲ့ရတဲ့သင်ခန်းစာတွေကို အနုလုံပဋိလုံ ဖြစ်ဖို့လိုအပ်သည်ဟု
သာ။
အားလုံးကိုလေးစားလျှက်
မောင်ကာလု
မေလ ၂၈
အမြင်ကိုရေးခြင်းသာဖြစ်သည်။
မည်သူနှင့်မှငြင်းခုန်ရန်မဟုတ်ပါ

Karlu Soe

No comments:

Post a Comment