Tuesday, May 24, 2016
ကွင်းကောက်မြောက်အုပ်စု၊ သာပေါင်းရပ်ကွက်ခိုးမှုပေါ်ပေါက်
၂၀.၅.၂၀၁၆ရက်နေ့ ၁၈၁၀အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊
ကွင်းကောက်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မျိုးသိန်းနှင့်အဖွဲ့သည် နယ်မြေအတွင်း ရက်(၁၀၀)စီမံချက်အရ
လှည့်ကင်းဆောင်ရွက်စဉ် ကံကွင်းကျေးရွာအုပ်စု၊ ဂေါက်ကွင်းအနီး ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ကွင်းကောက်နယ်မြေရဲစခန်းမှ ၂၀၁၅ခုနှစ်အတွင်းခိုးမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ဘူးသူ မမေရီဝင်း၊ (သ)၁၈နှစ်၊ (ဘ)ဦးတင်ထွန်း၊ကျဘမ်းလုပ်၊ တောနေစမ်းကျေးရွာနေသူအား ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရှိသဖြင့် မသင်္ကာ၍ သက်သေများနှင့်အတူစစ်ဆေးရာ ၄င်းစီးလာသောဆိုင်ကယ်အား ၄င်းမည်သို့ပိုင်ဆိုင်ကြောင်း ကျိုးကြောင်းခိုင်လုံစွာ ပြောဆိုနိုင်ခြင်းမရှိသောကြောင့် ကွင်းကောက်နယ်မြေရဲစခန်း(ပ)၅၅/၂၀၁၆၊ ပြစ်မှု
ပုဒ်မ-၃၈၀/ကျင့်-၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုအား စခန်းမှူး ရဲအုပ် ကျော်မျိုးသိန်းမှလက်ခံ၍ မသင်္ကာသူ မမေရီဝင်းအားစစ်ဆေးဖော်ထုတ်ရာ ကွင်းကောက်မြောက်အုပ်စု၊ သာပေါင်းရပ်ကွက်နေ ဦးကံမြင့်(ဘ)ဦးခင်လေး၊၁၄/အဂပ(နိုင်)၁၂၁၇၂၆၊ ဈေးရောင်း
သူ၏နေအိမ်မှ ခိုးယူလာသည့် ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများအနက်ခိုးရာပါငွေဖြင့် ၀ယ်ယူခဲ့သော ဆိုင်ကယ်ဖြစ်ကြောင်း၊ ကျန်ငွေများဖြင့် ကွင်းကောက်မြောက်ရပ်ကွက်ရှိ ရတနာနန်းတော်ရွှေဆိုင်တွင်
လက်ကောက်(၃)ကွင်း၊ လက်စွပ်(၂)၊ ဆွဲကြိုး(၁)ကုံး၊ စုစုပေါင်းကာလတန်ဖိုး(၁၄)သိန်းဖိုးခန့်
အားဝယ်ယူခဲ့ကြောင်း၊ ၄င်း၏အသိဖြစ်သူ ထူးကြီးမြို့နယ်၊ ကံသာယာအုပ်စု၊ ကွင်းယားကြီးကျေးရွာနေ မလဲ့လဲ့နိုင်ထံတွင် ရှောင်ဖီ ဟန်းဆက်(၁)လုံး၊ငွေ(၂)သိန်းကျပ်တို့အား အပ်နှံထားကြောင်း၊ ၄င်း၏နေအိမ်
မီးဖိုချောင်မြေကြီးထဲတွင် ဆွဲကြိုး(၃)ကုံး၊ လက်ကောက်(၆)ကွင်း၊ ကျောက်နီလက်ပတ်
(၁)ခု၊ နားကပ်(၃)ရံ၊ ရွှေဆွဲသီး(၁)ခု၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း(၈၀)နှင့် ငွေစက္ကူမျိုးစုံ(၂၀၈၀၀၀၀)ကျပ်တို့အား နေအိမ်မီးဖိုချောင်ထဲရှိ မြေကြီးအတွင်း မြုပ်နှံထားကြောင်း စစ်ဆေးသိရှိရသဖြင့် ဖော်ထုတ်သိမ်းဆည်းမိခဲ့ပြီး တရားခံ မမေရီဝင်းအား ပြစ်ချက်ဟောင်းတွဲ၍ တရားစွဲတင်ပို့နိုင်ရေး
ဆောင်ရွက်လျက်ရှိပါသည်။
Ayeyarwaddy.region.police force
ကွင်းကောက်မြောက်အုပ်စု၊ သာပေါင်းရပ်ကွက်ခိုးမှုပေါ်ပေါက်
Reviewed by timeayeyar
on
10:11 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment