Latest News

Tuesday, May 24, 2016

ဟင်္သာတမြို့နယ်၊လဟာကျော်အုပ်စု၊သရက်ပင်ကွင်းကျေးရွာ၊သာသနာ့ဓဇကျောင်းတိုက်၊ဦးစီးနာယကဆရာတော်ဦးပညာဓဇ


ကျေးဇူးပြု၍ မိတ်ဆွေများမှလည်း အများပြည်သူနှင့် ဆိုင်ရာလူကြီးများ အမြန်သိရှိစေရန် Share ပေးကြပါ။

ဟင်္သာတမြို့နယ်၊လဟာကျော်အုပ်စု၊သရက်ပင်ကွင်းကျေးရွာ၊သာသနာ့ဓဇကျောင်းတိုက်၊ဦးစီးနာယက
ဆရာတော်ဦးပညာဓဇ သက်တော် (၃၉နှစ်) ၀ါတော်( ၁၉ ၀ါ) ပျံလွန်တော်မူခြင်းနှင့်ပတ်သက်ပြီးသွေးရိုး သားရိုးဖြင့် ပျံလွန်တော်မူခြင်း မဟုတ်သည်ကို လုံးဝယုံကြည်ပါသည်။

ဒီကိစ္စကို သက်ဆိုင်ရာ ရဲဌာမှ ကိုင်တွယ်နေပုံကိုလည်း လုံးဝအားမရပါ ။
အခင်းဖြစ်ပွားသည့်ရက်မှာ (15.5.2016) ၁၃၇၈ ခု ကဆုန်လဆန်း(9) ရက် ည ၁၂နာရီဝန်းကျင်ခန့် ဖြစ်
ပါသော်လည်း ယနေ့ ၈ ရက်ကျော်ကြာသည့်တိုင်ရဲလုပ်ငန်းနှင့် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းသောနည်းစံနစ် မှားယွင်းနေသည်ဟု ယူဆပါသည်။

အဘယ့်ကြောင့် ထိုသို့ ပြောရသလဲဆိုလျှင်၊

(၁)ပျံလွန်တော်မူသည့်ပုံစံ သမရိုးကျ သွေးရိုး သားရိုးမဟုတ်ခြင်း၊
(၂)စောင့်ရှောက်ပြီး အိပ်သူရှိပါလျှက် ထိုသူများ မှ ဘာမှမသိဆိုခြင်း၊
(၃)သိရှိချိန် ည၁၁နာရီခွဲခန့် ဖြစ်သော်လည်း ရွာထဲရှိဒကာ ဒကာမများအား နံက် ၁နာရီခွဲခန့်မှ အသိပေးခြင်း၊
(၄) သေဆုံးနေပုံ အားဖန်တီးထားပုံမှာ ထင်ရှားခြင်း၊
(၅)လည်ပင်းတွင်ချီနှောင်ထားသော ကြိုးမှာ သက်းပိုင်ဖြင့် ချီနှောင်ထားပြီး သေစေလောက်သော ယောဂမရှိခြင်း၊
(၆)ခြေထောက်နှစ်ချောင်း ရှေ့သို့ကားထိုင်ကာ လက်နှစ်ဘက် သည် နောက်ဘက် ကြမ်းသို့ ထောက်လျှက် ဖင်ထိုင်ရက်သားရှိခြင်း၊[ကြိုးဆွဲချသေဆုံးသော လက္ခဏာရပ်များ မျက်နှာပြင်တွင်လုံးဝမတွေ့ရခြင်း]
(၇)ငယ်ပါ ကပ္ပယ်တို့တွင် ကြီးမားစွာ ရောင်ကိုင်း ဒဏ်ရာတွေ့ရှိခြင်း၊
(၈)ဦးပညာဓဇစီးသောဘိနပ်မှာ ကုဋီတွင်တစ်ဘက် အလောင်းတွေ့သောနေရာအနီးတွင် တစ်ဘက် ဖြစ်နေခြင်း၊
(၉)ဆရာတော်အား မှီခိုနေသော ဖခင်ကြီးအတွက် ဆွေမျိုးမရှိသောဒေသ၌ အမှီခိုကင်းအောင် ဦးပညာဓဇမှ လုပ်မှာမဟုတ်ခြင်း၊
(၁၀)ပျံလွန်တော်မူသည့်နောက် ငွေကြေးများရှာဖွေရာ ထိုနေ့အလှူမှရသော အလှူငွေ ၂၅၀၀၀ိ ကျပ်သာ တွေ့ရှိခြင်း၊
(၁၁)ဘီရိုသော့စသည်တို့သည် သူနေ့လည်ပိုင်းနေထိုင်ရာ အခန်းတွင်း စားပွဲပေါ်တွင် အထင်အရှားတွေ့ရခြင်း၊
မှတ်ချက်....(ညကျိန်းချိန်တွင်ထိုအခန်းထဲမကျိန်း ကျောင်းမကြီးအောက် မြေကြီးပေါ်၌ ကုဋင်ချကာလေညှင်းခံရင်း အစောင့်အရှောက် ဒကာများနှက့်အတူ ဘေးချင်းယှဉ်လျှက် ကျိန်းသည်။)
(၁၂)သေဆုံးချိန်သည် ယနေ့ထိ ၉ ရက်ခန့်ရှိပြီဖြစ်သော်လည်း အနီးကပ် နေသူ သံသယရှိသူများအား တရားသေ လွှတ်ထားခြင်း၊
(၁၃)အခင်းဖြစ်သည့်နေ့တွင် ထိုအစောင့်ဒကာတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများကြခြင်း၊
(၁၄)ည၁၁နာရီခန့်တွင် ယ္ခင် သုံးဦးစောင့်အိပ်သည့်အနက် မိခင်နာရေးကြောင့် အိမ်ပြန်အိပ်သူအား ဖုန်းနှစ်ကြိမ်ခေါ်ဆိုပြီး မအိပ်ရဲ၍ ကျောင်းလာအိပ်ပေးရန် ပြောဆိုခြင်း၊(အဘယ့်ကြောင့်မအိပ်ရဲသည်ကိုမသိရပါ)
(၁၅)ကျောင်းနှင့်မလှမ်းမကမ်းအိမ်တအိမ်အားလည်း ထိုသို့ ဖုန်းဖြင့်ပင်
အကူညီတောင်းခြင်း၊(ယ္ခင်ထိုအမျိုးသ္မီးမှ အချင်းချင်းပြောပြီးနောက်တွင် မပြောဟုဘူးခံကြောင်းသိရ)
စသောအချက်အလက်များအပြင် ခိုင်လုံသော အချက်အလက်များစွာလည်း သိရှိထားသည်။

ထိုအမှုသည် ရဲလုပ်ငန်းအရ ကုန်စင်အောင် မှန်ကန်စွာ လုပ်ဆောင်ပါက တစ်ရက်အတွင်း အမှုမှန်ပေါ်နိုင်ပါသည်။
အဂတိတရားဖြင့် ဖုန်းကွယ်ထားပါက ၊
ဥပမာ.....ထိုဆရာတော်မှာ အခြားနယ်မှ လာရောက်ကျောင်းထိုင်ခြင်းဖြစ်သောကြောင့် မိဘ ဆွေမျိုးအသိုင်းအ၀ိုင်း မရှိသောကြောင့် အမှုလိုက်ဖိအားမရှိ၍ တော်သလိုသာ ပြီးသွားနိုင်ပါသည်။

ဟင်္သာတမြို့သူမြို့သားများနှင့် သက်ဆိုင်ရာမှ သိရှိနိုင်ရန် ဖြန့်ဝေလိုက်ပါသည်။
ကျေးဇူးပြု၍ မိတ်ဆွေများမှလည်း အများပြည်သူနှင့် ဆိုင်ရာလူကြီးများ အမြန်သိရှိစေရန် Share ပေးကြပါ။

ကိုယ်စားလှယ်အနေဖြင့် တင်ပြခြင်းဖြစ်ပါသည်

ဟင်္သတာမြို့
အမှတ်၁ ရဲစခန်းဖုန်း ၀၄၄ ၂၁၅၀၄
Credit/ ဟင်္သတသူ/သားများဆုံဆည်းရာ

24.5.2016




No comments:

Post a Comment