Latest News

Thursday, May 19, 2016

ဝန်ဆောင်မှုကိုရှေးရှုသောရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေး


နေပြည်တော် မေ ၁၉
ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ယနေ့နံနက်က ဝန်ဆောင်မှုကို ရှေးရှုသောရဲလုပ်ငန်း ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီက အမှာစကားပြော ကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ရက် ၁ဝဝ အတွင်း ဆောင်ရွက်မည့်ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ရက် ၁ဝဝ စီမံချက် ဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က တပ်ဖွဲ့ဝင်/ မိသားစုများနှင့် တွေ့ဆုံကာ အမှာစကားပြောကြားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ ကွန်ပျူတာတစ်စုံနှင့် ကျောင်းသုံးဗလာ စာအုပ်များ၊ ဘောပင်များ၊ ခဲတံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
MOI

No comments:

Post a Comment