Latest News

Tuesday, April 26, 2016

ဝါးခယ်မခရီးသွားတစ်ဦးရဲ့ အသံ


'''' တာဝန်ရှိသူများ သိစေချင်ပါတယ် ''''
ကျွန်တော်က ခရီးသွား တစ်ဦးပါ ဝါးခယ်မမြို့ကို ကိစ္စတစ်ခုနဲ့လာပါတယ်။
 24.4.2016 ရက်နေ့မှာ ရန်ကုန်လက်မှတ်ဖြတ်ပြီး ရွှေခယ်ဝတီကားနဲ့ ပြန်လာခဲ့ပါတယ်။ ရွှေလောင်းမရောက်ခင် ကားအင်ဂျင်ဆီက မီးခိုးတွေထွက်လာပြီး ကားစက်ရပ်မရလို့ ခရီးသည်များ အမြန်ပြေးဆင်းကြရပါတယ်။ ခဏအကြာမှာတော့ ကားစက်ရပ်သွားပြီး ဆက်သွားလို့ မရတော့ကြောင်း ဒရိုင်ဘာက ပြောပြီး ကားချိန်းပေးမယ်လို့ ပြောပြီး ဝါးခယ်မကားဂိတ်ကို ဖုန်းဆက်နေပါတယ်။ ကျွန်တော်အပါအဝင် ခရီးသည်များလည်း ချိန်းပေးမဲ့ ကားအလာကို စောင့်နေပါတယ် ။မိနစ်၃၀ခန့်မှာ ရွှေခယ်ဝတီကားလာလို့ စီးဖို့ထွက်ကြည့်တဲ့အခါမှာတော့ ခရီးသည်တွေ အပြည့်နဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။ အဲဒီမှာ ပထမဆုံး စီးလာတဲ့ ကားဒရိုင်ဘာက သီးခံပြီးစီးပေးကြပါ။ အလယ်ခုံတွေနဲ့ မတ်တပ်ရပ်ပြီး စီးကြပါဆိုပြီးပြောပါတယ် ။အဲဒီကားနဲ့ ဆက်ထွက်လာပြီး 10 မိနစ်ခန့် အကြာမှာ ကားတုန်ခါသွားပြီး ရှေ့ဘရိတ်က ရှူးခြမ်းပြားတွေ တစစီဖြစ်ကာ ပြုတ်ထွက်သွားပြီး ဘီးလည်းပေါက်သွားလို့ ကားနှစ်စီးပေါင်း ခရီးသည်တွေ စုပေါင်းပြီး ကားအစား စီစဉ်ပေးဖို့ ပြောပါတယ် ။ကားဒရိုင်ဘာနှစ်ဦးက ကားမှာပေးမ
ယ်လို့ ထပ်ပြောပါတယ်။ ကျွန်တော်တို့က ကားနှစ်စီးစာ စီစဉ်ပေးဖို့ ခရီးသည်တွေများလို့ နောက်ကားမှာ လူတင်လာရင် ကားဝန်ပိုပြီး မလိုလားအပ်တဲ့ ပြသာနာတွေ ထပ်ဖြစ်မှာစိုးကြောင်း ရန်ကုန်စီးမဲ့ခရီးသည်များ မတ်တပ်စီးပြီး လိုက်ဖို့ မဖြစ်နိုင်ကြောင်း ဒါ့ကြောင့်
သီးသန့်စီစဉ်ပေးဖို့ပြောတာကို စီစဉ်ပေးပါ့မယ်လို့ပြောလို့ စောင့်နေပါတယ် ။၁နာရီခန့်အကြာမှာ လာသမျှကားတွေကိုတားပြီး ခရီးသည်တွေကို လိုက်သွားဖို့ ပြောတာကြောင့် ခရီးသည်များမကြေမနပ်ဖြစ်ရပါတယ် ။ဂိတ်ကလည်း စီစဉ်မပေးဘူးလို့ ပြောပါတယ်။ လာတဲ့ကားတွေကလည်း ခရီးသည်တွေ အပြည့်နဲ့မို့
စီးဖို့အဆင်မပြေပါ ရန်ကုန်ရောက်အောင် မတ်တပ်စီးဖို့ အဆင်မပြေပါ ရွှေခယ်ဝတီယာဉ်လိုင်းရဲ့ ဝန်ဆောင်မှုလုံးဝမရှိပါ ။တာဝန်ယူမှုလည်း မရှိပါ လက်မှတ်ခများကိုလည်း လုံးဝပြန်မပေးပါ ။ကျွန်တော်တို့ ခရီးသည်များ ကြုံရာကားကို ပိုက်ဆံထပ်ပေးပြီး ခရီးဆက်ကြရပါတယ် ။
ဒါ့ကြောင့် တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိပဲ လက်မှတ်ခများကိုလည်း လုံးဝပြန်မပေးတဲ့ ဝါးခယ်မမြို့က ရွှေခယ်ဝတီယာဉ်လိုင်းကို တာဝန်ရှိသူများမှ အရေးယူပေးစေလိုပါကြောင်း တိုင်ကြားလိုက်ပါတယ်...
ခရီးသွားတစ်ဦး
Kyaw OO‎ to ဝါးခယ်မမြို့ ပြည်သူ့အသံ


No comments:

Post a Comment