Latest News

Wednesday, April 13, 2016

ပုသိမ်ကြိုးတံတားတွင်လူငယ် တစ်ဦး ဖိနပ်မြစ် ထဲ သို့ ကျ သွား သဖြင့် ဆင်းဆယ် ရာ မှ ရေ နစ် သေဆုံး မှု ဖြစ်ပွား

ပုသိမ်မြို့ ကြိုးတံတား အောက် နှီးဘုရား ဘက်ခြမ်း ချောက် တွင် ယမန် နေ့ ညနေ(၄) နာရီ က လူငယ်
တစ်ဦး ဖိနပ်မြစ် ထဲ သို့ ကျ သွား သဖြင့် ဆင်းဆယ် ရာ မှ ရေ နစ် သေဆုံး မှု ဖြစ်ပွား ခဲ့ပါသည် ။
ယင်းလူငယ်သည် သရက်ပင်မောင်နှမ ရပ်ကွက် နေ ဆရာ ဦးရန်မျိုးအောင် ( ရန်မျိုးအောင် ဘော်ဒါ )၏ သား မောင် ထက်ဝဏ္ဏ ဖြစ် ပြီးသူငယ် ချင်းများ နှင့် သင်္ကြန် လည်ရာ ကြိုးတံတား အောက်ဘက် သို့
ရောက် ရှိ ခဲ့ ကြ ပြီး ရေသန့်ဘူး ခွံကို ကန်လိုက်ရာ ၎င်း ၏ ဖိနပ် မြစ်ထဲ သို့လွင့်ကျ သွားသဖြင့် ဆင်းဆယ်ရာ မှ ရေနစ် ခဲ့ခြင်းဖြစ်ကြောင်း၎င်း၏ သူငယ်ချင်း များ မှတဆင့် သိရှိ ရ ပါ သည် ၊။
ယခု အခါ ၎င်း၏ မိဘ များ မှ ရေနစ်သေဆုံးရာ တံတား ခြေရင်း တွင်သက်ပျောက် ဆွမ်း ကပ်လှူ ပေး ခြင်းအမျှအတန်း ပေး ဝေခြင်း ၊ ပွဲ ပေး၍အလောင်း ပြန်လည် ရ ရှိ ရေး အတွက် မိသားစု များ ၊ မိတ် ဆွေ အ
ပေါင်း အသင်းများ ၊ လူမှူ့ ရေး အသင်းအဖွဲ့ များ မှ စီစဉ် ဆောင်ရွက်ပေး လျှက် ရှိ ကြောင်း သတင်း ရ ရှိပါ သည် ။
ဦးဇော် ၊ ပုသိမ်သား ။


No comments:

Post a Comment