Latest News

Wednesday, April 13, 2016

မြင့်စိုး ပြည်သူမျိုးချစ်တပ်ဦး( ခေါင်းဆောင်ဟောင်း) ရဲ့ ပေးစာ

လှုံ့ဆော်အသိပေးခြင်း
.............................................
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံလိုအပ်နေပါတယ်။
ပြည်သူတွေနဲ့ဝေးတဲ့ ရွှေမြင်တင်တော့မဖြစ်သင့်ပါဘူး။
ပြည်သူ့ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ အနီးဆုံးနေရာမှာ ရှိသင့်ပါတယ်။
အာဏာရှင်လူတန်းစားနဲ့ခရီုနီတွေ အပေးယူလုပ် တဲ့ နေရာ၊ ဂေါက်ကယ်ရီလုပ်ရင်း ကေဗင်၊ကေတီဗွီ မာဆတ် လုပ်သားတွေ ဖြစ်သွားရတဲ့ ၀န်ထမ်းသမီးပျို လေး တွေ အကြောင်းပြန်တွေးမိတော့ အဲဒီေ၈ါက်ကွင်းရှိသင့်ပါသလား။
ချွတ်ချုံကျနေတဲ့ တိုင်းပြည်ကို ဒေသကို ပြည်လည်တည်ထောင်ဖို့
ဒီဂေါက်ကွင်းကိုဖျက်သိမ်း၊ နားလည်မှူနဲ့ ပေးထားတဲ့ မြေတွေပြန်ရုတ်သိမ်း သင့်လေသလားလို့ တွေးမိတယ်။ ဒီအတွေးလေးကို ပင်နီလွှတ်တော်ကို လည်းအကြံပြုပါတယ်။
ပုသိမ်မြို့က သိန်းရှစ်ထောင်လေးရာငါးဆယ်တန် သာသနာ့ ဗိမာန် ကျောင်းဆောင်သစ်ကြီး ကို မတ်လ ၁၆ .၂၀၁၆ နေုက ထွက်တော်မှူ နန်းကခွာတော့မဲ့ ၀ံဂျီးဂျုတ်ကီး ကဖွင့်ပေးသတဲ့။
ဧရာဝတီ စည်ပင်ကလည်းသိန်း ၈၀၀၀ ပိုသုံးထားတာရော်ရမယ်တဲ့
မြို့တော်ခန်းမကြီးငှား၇မ်းခတွေလည်းဘယ်သူကယူထားလဲမသိဘူးတဲ့
ဒါကြောင့် ..၂၀၁၆ ပုသိမ်.မဟာသင်္ကြန် အတွက် ရံပုံငွေ အခက်အခဲရှိတယ်တဲ့
နှစ်စဉ် သင်္ကြန်ပွဲ ကျင်းပဖို့ ရံပုံငွေ.ကို လုပ်ငန်းရှင်တွေ နဲ့ ကေတီဗွီ မာဆတ် စားသောက်ဆိုင် အ၇က်ဆိုင်တွေက တ၇ားမ၀င်တဲ့နည်းတွေနဲ့ ထည့်ဝင်ပေးရတာပါတဲ့။
ထွက်တော်မူ နန်းကခွာတော့မဲ့ သုံးမည်ရ ဘ၀ရှင်မင်းတရားကြီးက
သူရဲ့ ခေါင်းတော်ညိတ် အလိုကျတွေကို ၂ိ ကျပ် တိုးနှူန်းနဲ့ချေးထားတာတွေ ရှိသတဲ့။။ဒါကို ချေးထားသူ လုပ်ငန်းရှင် အချို့က အတွေ့ မခံပြန်မဆပ်တော့ အစိုး၇ဘတ်ဂျက်က ချေးပေးတာလို့ လုပ်လိုက်ဆိုပြိးပြောသတဲ့ဗျာ။။။
ပင်နီလွှတ်တော်ကြီးရေ အဲ့ဒါတွေလည်းရှိသတဲ့...
ပြီးတော့တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်ဘယ်သူ ပိုင်သလဲ
အများပိုမြေကိုဒိဘဏ်ဖွင့်နိုင်ဖို့ ဘယ်လိုကတိက၀တ်တွေရှ်နေလဲ
အမျိုးသမီးေ၇းရာ၊ မိခင်ခလေး၊ ကြက်ခြေနီ၊ မီးသတ် ဘယ်အဖွဲ့အစည်း လက်အောက်ခံလဲ။ ပြီးတော့ရွေးထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဘယ်လိုအတည်ပြုမှာလဲ။ကြံ့ခိုင်ရေးတည်းခိုဆောင်၊ ဧည့်ရိပ်သာ။အများပိုင် စည်ပင်မြေ ကိစ္စတွေ၊မြန်မာဆိပ်ကမ်း အာဏာပိုင်ရဲ့ အချို့အချို့သောမြေ ငှားရမ်း ရောင်းချမှူတွေ။
တကယ်တော့..ပုသိမ်မှာက...
ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ပါ။
ပြည်သူတွေနေစရာမရှိဖြစ်နေပါတယ်။အကျင့်ပျက်ချစားမှူတွေရှိနေပါတယ်။
ဒီငွေတွေ ဘယ်ကရပါလိမ့်နော်။
တက်လာမဲ့နောက်အစိုးရ။
လွှတ်တော်...
ဒါတွေကို ရှင်းတမ်းအဖြေထုတ်ပေးရပါလိမ့်မယ်။
ရေဘေးအတွက် တူရဂီနဲ့ နိုင်ငံအသီးသိးက လျှူတာတွေ
လျူထားတဲ့ ငွေတွေ ဘယ်မှာလဲ။
.
.ဒေသကိုချစ်တဲ့ ပုသိမ်ကိုချစ်တယ်ဆိုတဲ့ လူမှူအဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေ။ ဦး ကို ညီ ဒေါ် အမ ညီမ ပင်နီ တွေ
မြေယာတွေပြန်ရရေးတစ်ခုတည်းသာ တိုင်းပြည်ကောင်းစားရေး
မဟုတ်ဘူး နော်။
အကျင့်ပျက်ချစားတာတွေ ဖေါ်ထုတ်ဖို့လည်း မင်းသူငါ အားလုံးညီမှဖြစ်မယ်လေ။
အဲ...မေ့နေလို့...မီဒီယာအချို့လည်းသတိ ဖေါက်ချင်ပါရဲ့ တက်လာတဲ့ အစိုးရ ဘုန်းတော်ဘွဲ့တွေ ရေးဖို့ချည်း စဉ်းစားမနေ နဲ့ လို့...မိဒီယာဆိုတာ သမတ အစိုးရ ၀န်းမင်း အမတ်မင်းများနဲ့ အလွမ်းသင့်ရေး သတင်းရရေးက အဓိမကျပေဘူး..သူတို့ကို လမ်းလျှောက်တတ်ဖို့ ..အကူအညီ ၀န်း၇ံဖို့သာ အဓိကကျပါတယ်။.ဒါကလည်း...ပြည်သူတင်မြောက်တဲ့အစိုးရ ဖြစ်ပေလို့သာပတကယ်တော့..ဖေါက်ပြန်သူတွေကို ..ခင်ဗျားတို့ရဲ့..ကလောင်နဲ့ ထိုးရမှာပဲ .. ခင်ဗျားတို့ကလောင်တွေ တုံးကုန်မှာ စိုးလို့ပါလေ...။
မြင့်စိုး
ပြည်သူမျိုးချစ်တပ်ဦး( ခေါင်းဆောင်ဟောင်း)
ပုသိမ် ၁၉၈၈ အရေးတော်ပုံ။

No comments:

Post a Comment