Latest News

Wednesday, April 27, 2016

ပုသိမ်မြို့ ကမ်းနားလမ်း ကမ်းပြိုးကြီးတိုင်းသမဝါယမရုံး ရှေ့ကတို့ဆိပ်နားက မြို့အလှကိုဖျက်ဆီးနေတဲ့ ရေစပ်ကအမှိုက်ပုံ

ပုသိမ်မြို့ ကမ်းနားလမ်း ကမ်းပြိုးကြီးတိုင်းသမဝါယမရုံး
ရှေ့ကတို့ဆိပ်နားက မြို့အလှကိုဖျက်ဆီးနေတဲ့ ရေစပ်ကအမှိုတ်ပုံ ။
စည်ပင်မှ အမှိုက်ကားများနှင့်အမှိုက်သိမ်းပေမဲ့ စည်းကမ်းမဲ့သူတွေကြောင့်
ပုံမှာတွေရတဲ့အတိုင်း ရေထဲမျောပါနေ လျက်နှင့်အမှိုက်ပုံက အနံ့အသက်မကောင်းစွာတောင်လိုပုံနေပါ
တယ်။
ကြံရည်ညစ်ဖတ်များ ရေသန့်ဗူးခွံ ဖေါ့ဗူး ကြွတ်ကြွတ်အိပ် မီးဖိုချောင် စွန်ပစ်ပစ္စည်းနဲ့ အမယ်စုံပါပဲ။
ငဝန်မြစ်အတွင်းမျောပါတဲ့အတွက်မြစ်ရေသန့်ရှင်းမှု
လျော့ကျစေသလို ရေသတ္တဝါများအတွက်လည်းအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
အမှိုက်ပစ်သူများကို တင်းတင်းကြပ်ကြပ်အရေးယူသင့်ပါတယ်။အမှိုက်ပစ်သူများကလည်းမိမိကြောင့်
 မြို့အလှပျက်စီးမှာ မြစ်ရေကိုအသုံးပြုနေသူများ ကျမ္မာရေးထိခိုက်မှာ
ရေသတ္တဝါများ သေကြေပျက်စီးမှာ စသည်တို့ကိုငဲ့ကွက်၍ မြို့ကြီးသားပီသစွာ မြစ်ကမ်းနားသို့
အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြပါလို့။
စနေ သား






No comments:

Post a Comment