Latest News

Wednesday, April 27, 2016

သတင်းမီဒီယာများခွဲခြားဆက်ဆံခံရမှုနှင့် မီဒီယာသမားအား ၀င်ခွင့်မပြုခဲ့ခြင်းကိစ္စ


 ယနေ့(၂၇-၄-၂၀၁၆)ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲတွင် 
သတင်းမီဒီယာများခွဲခြားဆက်ဆံခံရမှုနှင့် မီဒီယာသမားအား
ဝင်ခွင့်မပြုခဲ့ခြင်းကို ၄င်းအနေဖြင့် မသိကြောင်း၊ဖြစ်စဉ်ကို မေးမြန်း
ပြီးနောင်တွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မန်းဂျော်နီ က ပြောကြားလိုက်သည်-
(အဆိုပါတွေ့ဆုံပွဲသို့ MRTV နှင့် ပြန်/ဆက်မီဒီယာများကိုသာ 
ဝင်ခွင့်ပြုခဲ့ပြီး အခြားမီဒီယာများကိုဝင်ခွင့်မပြုရန် တိုင်းထွေ/အုပ်
ညွှန်မှူးးမှ အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်)
သတင်းဓာတ်ပုံ-Zaw Voice




သောက်ကျိုးနည်းတော်တဲ့ ပညာ
ဧရာဝတီတိုင်းဝန်ကြီးချုပ်တွေ့ဆုံပွဲတွင် မီဒီယာတစ်ချို့ ကန့်သတ်ခန့်ရသည့် video တွင် အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြနေသည့် ထွေအုပ်ညွှန်ကြားရေးမှူး တစ်ဦးကို မြင်ရသောအခါ အင်မတန်မှ အံသြရပါသည်။
အဆိုပါ ညွှန်ကြားရေးမှူးသည် 2014 ခုနှစ် နီပေါနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လေ့လာရေးခရီးစဉ်တုန်းက မိမိတို့နှင့်အတူ လိုက်ပါခဲ့သည့် ဒုတိယရဲမှူးကြီးကောင်းဆက်နိုင် ဆိုသူဖြစ်ပါသည်။
တပ်မတော်တွင် ဗိုလ်မှူးအဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ သို့ ပြောင်းရွေ့ရောက်လာခဲ့ကါ ယခု ထပ်မံ၍ အထွေထွေအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
တပ်မတော်အရာရှိ ၊ ရဲတပ်ဖွဲ့အကြီးအကဲ ၊ ထွေအုပ်ညွှန်မှူး ရာထူးများကို အံအားသင့်စွာ ထမ်းဆောင်နိုင်သည့် ပညာရပ်များ မြန်မာပြည်တွင် ရှိနေပါသည်။
[ အဆိုပါခရီးတွင် ဦးကျော်မင်းစံ၊ အစိုးရသစ် ပဲခူးတိုင်း သစ်တောဝန်ကြီး လည်း လိုက်ပါလေ့လာခဲ့ပါသည်။

No comments:

Post a Comment