Latest News

Tuesday, April 5, 2016

ေဒၚေအာင္ဆန္းစုုၾကည္ကုုိ အသေရဖ်က္သည့္ ႀကံ့ခုိင္ေရးပါတီ၀င္ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခံရ


ဆလိုင္းသန္႔စင္| March 28, 2016 |

ေထာင္ဒဏ္ ၆ လ ခ်မွတ္ခံလုုိက္ရေသာ ႀကံ့ခိုုင္ေရးပါတီ၀င္ ဦးသန္းထြန္း။(ဓာတ္ပုုံ-ဆလုုိင္းသန္႔စင္/ဧရာ၀တီ)
ေဒၚေအာင္ဆန္းစုၾကည္ ဓာတ္ပံုကိုု ညစ္ညမ္းပုံအျဖစ္ျပင္ဆင္၍ လူမႈကြန္ရက္တြင္ တင္ခဲ့ေသာ  ဧရာ၀တီတိုင္း ကန္ႀကီးေထာင့္ၿမိဳ႕နယ္မွ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီေခါင္းေဆာင္ ဦးသန္းထြန္းကုိ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ တရားရံုးက ပုဒ္မ ၆၆ (ဃ) ျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ ၆ လ ယေန႔ ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

“ရံုးေတာ္က ဆံုးျဖတ္တာပဲဗ်ာ။ ေက်နပ္ရမွာေပါ့။ အယူခံတက္ဖုိ႔ကေတာ့ မေျပာတတ္ေသးပါဘူး”ဟု
ျပစ္ဒဏ္ခ်မွတ္ခံရသူ ဦးသန္းထြန္းက ဧရာ၀တီကို ေျပာသည္။

၂၀၁၅ ခုုႏွစ္ ၊စက္တင္ဘာလ ၂ ရက္ေန႔တြင္ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ႀကံခုိင္ေရးပါတီ တဲြဘက္ အတြင္းေရးမွဴးျဖစ္သူ ဦးသန္းထြန္းအသံုးျပဳသည္ဟုယူဆရသည့္ Thu Thu အမည္ရွိ Facebook လူမႈကြန္ရက္ေပၚတြင္  ေဒၚေအာင္ဆန္းစုၾကည္ မ်က္ႏွာကုိ ျဖတ္ညွပ္ကပ္လုပ္ကာ ညစ္ညမ္းစြာ ေရးသားထားေသာ အီလက္ထေရာနစ္ ဒီဇိုင္းတခုကို လူမႈကြန္ရက္တြင္ ျဖန္႔ခ်ိခဲ့မႈေၾကာင့္ ဦးသန္းထြန္းကိုု တရားစြဲဆုုိခဲ့ေၾကာင္း၊   ထုုိသို႔ ျပဳလုပ္သည့္အတြက္ ၎အား ကန္ႀကီးေထာင့္ၿမိဳ႕ခံ ႏိုင္ငံတက္ၾကြလႈပ္ရွားသူ ကိုစည္သူေအာင္က တရားလိုျပဳလုပ္၍ အီလက္ထေရာနစ္ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ ၿပီးခဲ့သည့္ႏွစ္ေအာက္တိုဘာလ ၁၇ ရက္ေန႔က အမႈဖြင့္ တရားစဲြဆိုခဲ့ျခင္း ျဖစ္သည္။

ယင္းအမႈကို ကန္ႀကီးေထာင့္ၿမိဳ႕နယ္တရားရံုးတြင္ အခ်ိန္ ၄ လခန္႔ စစ္ေဆးၿပီးေနာက္ ၁၆ ႀကိမ္ေျမာက္ ရံုးခ်ိန္းတြင္ ၿမိဳ႕ နယ္တရားသူႀကီး ဦးမ်ဳိးျမင့္ဦးက အမိန္႔ခ်ခဲ့ျခင္း ျဖစ္ေၾကာင္း၊ တရားခံ ဦးသန္းထြန္းသည္ Thu Thu အမည္ရွိ Facebook အေကာင့္၌ ေဒၚေအာင္ဆန္းစုၾကည္၏ ပံုအား ညစ္ညမ္းစြာျပဳလုပ္၍ ျဖန္႔ခ်ိခဲ့သည္မွာ ထင္ရွားေၾကာင္း၊ ယင္းလုပ္ရပ္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္၏ ဂုဏ္သိကၡာက်ဆင္းရေၾကာင္း၊ ထို႔ေၾကာင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လ ခ်မွတ္လိုက္ေၾကာင္း ၿမိဳ႕ နယ္တရားသူႀကီး ဦးမ်ဳိးျမင့္ဦး၏ စီရင္ခ်က္တြင္ ေဖာ္ျပထားသည္။

“ရံုးေတာ္က ေထာင္ဒဏ္ ၆ လ ခ်မွတ္တဲ့အေပၚ ေက်နပ္ပါတယ္။ တရားဥပေဒစိုးမိုးမႈရွိတယ္လို႔ ခံယူပါတယ္”ဟု တရား လို ျဖစ္သူ Hand to Hand ပညာဒါနကြန္ရက္မွ ကိုစည္သူေအာင္က ေျပာသည္။

တပ္မေတာ္၏၀တ္စံုအသစ္အေပၚ လူမႈကြန္ရက္၌ ေ၀ဖန္မႈျဖင့္ မအူပင္ၿမိဳ႕မွ မေခ်ာစႏၵီထြန္း (ခ) ခ်စ္သမီးကို ဆက္သြယ္ေရးပုဒ္မ ၆၆(ဃ)ျဖင့္ မအူပင္ၿမိဳ႕နယ္ တရားရံုးက ေထာင္ဒဏ္ ၆ လ ခ်မွတ္ခဲ့ရာ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္၌ အီလက္ထေရာနစ္ဥပေဒျဖင့္ ပထမဆံုး ျပစ္ဒဏ္ ခ်မွတ္ခံရသူအျဖစ္ မွတ္တမ္း၀င္ခဲ့သည္။

ထို႔ျပင္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ေလွာင္ေျပာင္ သေရာ္ထားသည့္ ဓာတ္ပံုကို လူမႈကြန္ရက္တြင္ ေ၀မွ်သည္ဟုဆုိကာ ပုဒ္မ ၆၆(ဃ) ျဖင့္ ရန္ကုန္တိုင္း လိႈင္ၿမိဳ႕နယ္ေန ဦးပက္ထရစ္ခြန္ဂ်ာလီကို လႈိင္ၿမိဳ႕နယ္တရား႐ံုးက ၿပီးခဲ့သည့္ဇန္န၀ါရီလ ၂၂ ရက္ေန႔တြင္ ေထာင္ဒဏ္ ၆ လ ျပစ္ဒဏ္ ခ်မွတ္ခဲ့သည္။

အီလက္ထေရာနစ္ ဆက္သြယ္ေရးေဆာင္ရြက္ေရးဥပေဒပုဒ္မ ၆၆ (ဃ) မွာ ႏိုင္ငံေတာ္ေအးခ်မ္း သာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရး ေကာင္စီလက္ထက္ ၂၀၀၄ ခုႏွစ္တြင္ ျပဌာန္းခဲ့ျခင္းျဖစ္ၿပီး ဆက္သြယ္ေရးကြန္ယက္တခုခုကို အသံုးျပဳ၍ ပုဂၢိဳလ္တဦးဦး အား ေျခာက္လွန္႔ ေတာင္းယူျခင္း၊ အႏိုင့္အထက္ျပဳျခင္း၊ မတရားတားဆီးကန္႔ကြက္ျခင္း၊ အသေရဖ်က္ျခင္း၊ ေႏွာင့္ယွက္ ျခင္း၊ မေလ်ာ္ၾသဇာသံုးျခင္းႏွင့္ ၿခိမ္းေျခာက္ျခင္းမ်ား က်ဴးလြန္ပါက ေထာင္ဒဏ္ ၃ ႏွစ္ သို႔မဟုတ္ ေငြဒဏ္ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္စလံုး ခ်မွတ္ႏိုင္ေၾကာင္း ျပဌာန္းထားသည္။
Irrawaddy
..........................
ဒေါ်အောင်ဆန်းစုုကြည်ကုုိ အသရေဖျက်သည့် ကြံ့ခိုင်ရေးပါတီဝင် ထောင်ဒဏ် ၆ လ ချမှတ်ခံရ
ဆလိုင်းသန့်စင်| March 28, 2016 |


ထောင်ဒဏ် ၆ လ ချမှတ်ခံလုုိက်ရသော ကြံ့ခိုုင်ရေးပါတီဝင် ဦးသန်းထွန်း။(ဓာတ်ပုုံ-ဆလုုိင်းသန့်စင်/ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကိုု ညစ်ညမ်းပုံအဖြစ်ပြင်ဆင်၍ လူမှုကွန်ရက်တွင် တင်ခဲ့သော  ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီခေါင်းဆောင် ဦးသန်းထွန်းကို ကန်ကြီးထောင့်မြို့နယ် တရားရုံးက ပုဒ်မ ၆၆ (ဃ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၆ လ ယနေ့ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

“ရုံးတော်က ဆုံးဖြတ်တာပဲဗျာ။ ကျေနပ်ရမှာပေါ့။ အယူခံတက်ဖို့ကတော့ မပြောတတ်သေးပါဘူး”ဟု
ပြစ်ဒဏ်ချမှတ်ခံရသူ ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။

၂၀၁၅ ခုုနှစ် ၊စက်တင်ဘာလ ၂ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ကြံခိုင်ရေးပါတီ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ဦးသန်းထွန်းအသုံးပြုသည်ဟုယူဆရသည့် Thu Thu အမည်ရှိ Facebook လူမှုကွန်ရက်ပေါ်တွင်  ဒေါ်အောင်ဆန်းစုကြည် မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ကာ ညစ်ညမ်းစွာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့မှုကြောင့် ဦးသန်းထွန်းကိုု တရားစွဲဆုုိခဲ့ကြောင်း၊   ထုုိသို့ ပြုလုပ်သည့်အတွက် ၎င်းအား ကန်ကြီးထောင့်မြို့ခံ နိုင်ငံတက်ကြွလှုပ်ရှားသူ ကိုစည်သူအောင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို ကန်ကြီးထောင့်မြို့နယ်တရားရုံးတွင် အချိန် ၄ လခန့် စစ်ဆေးပြီးနောက် ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် မြို့ နယ်တရားသူကြီး ဦးမျိုးမြင့်ဦးက အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း၊ တရားခံ ဦးသန်းထွန်းသည် Thu Thu အမည်ရှိ Facebook အကောင့်၌ ဒေါ်အောင်ဆန်းစုကြည်၏ ပုံအား ညစ်ညမ်းစွာပြုလုပ်၍ ဖြန့်ချိခဲ့သည်မှာ ထင်ရှားကြောင်း၊ ယင်းလုပ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကျဆင်းရကြောင်း၊ ထို့ကြောင့် အလုပ်နှင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း မြို့ နယ်တရားသူကြီး ဦးမျိုးမြင့်ဦး၏ စီရင်ချက်တွင် ဖော်ပြထားသည်။

“ရုံးတော်က ထောင်ဒဏ် ၆ လ ချမှတ်တဲ့အပေါ် ကျေနပ်ပါတယ်။ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ ခံယူပါတယ်”ဟု တရား လို ဖြစ်သူ Hand to Hand ပညာဒါနကွန်ရက်မှ ကိုစည်သူအောင်က ပြောသည်။

တပ်မတော်၏ဝတ်စုံအသစ်အပေါ် လူမှုကွန်ရက်၌ ဝေဖန်မှုဖြင့် မအူပင်မြို့မှ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် မအူပင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ရာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ အီလက်ထရောနစ်ဥပဒေဖြင့် ပထမဆုံး ပြစ်ဒဏ် ချမှတ်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင် သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ဝေမျှသည်ဟုဆိုကာ ပုဒ်မ ၆၆(ဃ) ဖြင့် ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးပက်ထရစ်ခွန်ဂျာလီကို လှိုင်မြို့နယ်တရားရုံးက ပြီးခဲ့သည့်ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကွန်ယက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦး အား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
Irrawaddy

No comments:

Post a Comment