Latest News

Tuesday, April 5, 2016

ဧရာ၀တီတိုင္း ေဒသႀကီး အစိုးရအဖဲြ႔ ၀န္ႀကီးဌာန ၁၀ ခုျဖင့္ ဖြဲ႕စည္း ခန္႔အပ္

ဆလိုင္းသန္႔စင္| April 5, 2016 |

ဧရာ၀တီတိုင္း အစိုးရအဖဲြ႔၀င္ ၀န္ႀကီးမ်ားအျဖစ္ တာ၀န္ေပးအပ္ျခင္းခံရသူမ်ား လႊတ္ေတာ္တြင္ က်မ္းသစၥာ က်ိန္ဆိုေန စဥ္ (ဓာတ္ပံု – ဆလိုင္းသန္႔စင္/ဧရာ၀တီ)
တိုင္း၀န္ႀကီးခ်ဳပ္သစ္ မန္းေဂ်ာ္နီ ဦးေဆာင္သည့္ ဧရာ၀တီတိုင္းေဒသႀကီး အစိုးရအဖဲြ႔၀င္ ၀န္ႀကီးဌာနမ်ားႏွင့္ ၀န္ႀကီးမ်ား၏ အမည္ စာရင္းကို ယေန႔ က်င္းပသည့္ လႊတ္ေတာ္အစည္းအေ၀း၌ တင္သြင္းခဲ့ရာ ယခင္အစိုးရလက္ထက္က ဖဲြ႔စည္းခဲ့သည့္ ၀န္ႀကီးဌာနမ်ားထဲမွ ဌာန ၃ ခု ေလွ်ာ့ခ်ဖဲြ႔စည္း ခဲ့သည္ကို ေတြ႔ရသည္။

ယခင္ ဧရာ၀တီတိုင္း ၀န္ႀကီးခ်ဳပ္ေဟာင္း ဦးသိန္းေအာင္ လက္ထက္က ဧရာ၀တီတိုင္းေဒသႀကီး အစိုးရအဖဲြ႔တြင္ ၀န္ႀကီးဌာန ၁၃ ခု ရွိခဲ့ၿပီး ယခု အစိုးရအဖဲြ႔တြင္ ၀န္ႀကီးဌာန ၁၀ ခုျဖင့္ ဖြဲ႔စည္းလိုက္ျခင္း ျဖစ္သည္။

ဧရာ၀တီတိုင္း ၀န္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီက“၀န္ႀကီးဌာနေတြက လက္ဦးတုန္းက မ်ားတယ္။ အခုလို ေလွ်ာ့ခ်လိုက္ေတာ့ ေငြေၾကးအရ အမ်ားႀကီး သက္သာသြားတယ္။ ျပင္ပကပညာရွင္ေတြကို ၀န္ႀကီးခန္႔တာက အသက္အရြယ္အရ၊ အလုပ္အကိုင္အရ ရင္က်က္သူျဖစ္ တဲ့အတြက္ေၾကာင့္ ႏိုင္ငံနဲ႔ ႏိုင္ငံသားေတြ အက်ဳိးအတြက္ တကယ္ပဲ လုပ္မယ္ဆုိတာ သိတယ္။ သူတို႔နဲ႔လည္း ေသခ်ာေဆြးေႏြးၿပီး မွ ခန္႔အပ္ျခင္း ျဖစ္ပါတယ္”ဟု ဧရာ၀တီကို ေျပာသည္။

ဧရာ၀တီတိုင္း အစိုးရ အဖဲြ႔၀င္ ၀န္ႀကီးမ်ားမွာ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီး ဗိုလ္မႉးႀကီး ေမာင္ေမာင္၀င္း၊ စည္ပင္၀န္ႀကီး ဦးေက်ာ္ျမင့္၊ လူမႈေရး၀န္ႀကီး ေဒါက္တာ လွျမတ္ေသြး၊ စိုက္ပ်ဳိးေရး၊ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္၀န္ႀကီး ဦးဘဟိန္း၊ စီမံကိန္းႏွင့္ ဘ႑ာေရး ၀န္ႀကီး ဦးလွေက်ာ္၊ လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္း ဆက္သြယ္ေရး၀န္ႀကီး ဦး၀င္းေဌး၊ ကရင္ တုိင္းရင္းသားေရးရာ ၀န္ႀကီး ဂါ့မိုးျမတ္ျမတ္သူ၊ ရခိုင္ တိုင္းရင္းသားေရးရာ၀န္ႀကီး ဦးတင္ေစာႏွင့္ အတြင္းေရးမႉးအျဖစ္ တုိင္းမင္းႀကီး ဦးေမာင္ေမာင္စန္းတို႔ ျဖစ္ၾက သည္။

ယခုဖြဲ႔စည္းလိုက္သည့္ တိုင္းအစိုးရအဖြဲ႔တြင္ ယခင္က စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရး၀န္ႀကီးဌာနအား သစ္ေတာႏွင့္ စြမ္းအင္၀န္ႀကီးဌာန တို႔ျဖင့္ ပူးေပါင္းဖြဲ႔စည္းလိုက္ၿပီး စီမံကိန္းဌာနကို ဘ႑ာေရးဌာနႏွင့္ ပူးေပါင္း၍လည္းေကာင္း၊ လွ်ပ္စစ္ႏွင့္ စက္မႈဌာနကို လမ္းပန္း ဆက္သြယ္ေရး ဌာနႏွင့္ ပူးေပါင္းဖြဲ႔စည္းလိုက္သျဖင့္ ယခင္တိုင္းအစိုးရ ဖြဲ႔စည္းခဲ့ေသာ ၀န္ႀကီးဌာန ၃ ခု ေလွ်ာ့ခ် ဖဲြ႔စည္းႏိုင္သည္ကို ေတြ႔ရသည္။

တိုင္းအစိုးရအဖြဲ႔တြင္ ခန္႔အပ္လိုက္သည့္ စည္ပင္၀န္ႀကီး ဦးေက်ာ္ျမင့္သည့္ လပြတၱာၿမိဳ႕နယ္ တိုင္းေဒသႀကီးအမွတ္ (၁) ကိုယ္စားလွယ္ျဖစ္ၿပီး လူမႈေရး၀န္ႀကီး ေဒါက္တာ လွျမတ္ေသြးသည္ ေရၾကည္ၿမိဳ႕နယ္၊ တုိင္းေဒသႀကီး အမွတ္ (၂ ) ကိုယ္စားလွယ္ ျဖစ္သည္။

စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္၀န္ႀကီး ဦးဘဟိန္း၊ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီး ဦးလွေက်ာ္ႏွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦး၀င္းေဌးတို႔သည္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မဟုတ္ဘဲ သက္ဆုိင္ရာ က႑အလိုက္ ကြ်မ္းက်င္ၾကသည့္ ျပင္ပ ပညာရွင္မ်ားကို တိုင္းအစိုးရအဖဲြ႔တြင္ ထည့္သြင္း တာ၀န္ေပးအပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယေန႔ က်င္းပသည့္ လႊတ္ေတာ္၌ စည္ပင္၀န္ႀကီး ဦးေက်ာ္ျမင့္ ၊ လူမႈေရး၀န္ႀကီး ေဒါက္တာ လွျမတ္ေသြး၊ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္၀န္ႀကီး ဦးဘဟိန္း၊ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီး ဦးလွေက်ာ္၊ လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦး၀င္းေဌးတို႔ကို ခန္႔အပ္ခဲ့သည္ကို ေတြ႕ရသည္။

ထို႔အျပင္ တိုင္း၀န္ႀကီးခ်ဳပ္က တင္ျပလာသည့္ ဧရာ၀တီတိုင္း ဥပေဒခ်ဳပ္အျဖစ္ ကယား ျပည္နယ္ႏွင့္ မေကြးတိုင္း ဥပေဒအရာရွိေဟာင္း ဦးသိန္းေရႊ၊ စာရင္းစစ္ခ်ဳပ္အျဖစ္ မေကြးတိုင္း စာရင္းစစ္ခ်ဳပ္႐ုံး ညႊန္ၾကားေရးမႉး ေဒၚစန္းစန္းခိုင္ တို႔ကိုလည္း ယေန႔ လႊတ္ေတာ္ တြင္ အတည္ျပဳ ခန္႔အပ္ခဲ့သည္။

၀န္ႀကီးဌာနမ်ား ေလွ်ာ့ခ်ဖြဲ႔စည္းမႈႏွင့္ ပတ္သက္ၿပီး တိုင္းလႊတ္ေတာ္သို႔ ေလ့လာသူအျဖစ္ တက္ေရာက္လာသည့္ ပြင့္လင္းျမင္သာမႈ ေဖာ္ေဆာင္ေရး အရပ္ဘက္ မဟာမိတ္ အဖဲြ႔အစည္း (MATA) အဖဲြ႔၏ ဧရာ၀တီတိုင္း တာ၀န္ခံဦးျမင့္ေဌးက “၀န္ႀကီးဌာနေတြ ေလွ်ာ့ခ်တာက ေကာင္းမြန္ပါတယ္။ မလိုအပ္ဘဲ တုိင္းျပည္ဘတ္ဂ်က္ မကုန္ေတာ့ဘူး။ ၀န္ႀကီးဌာနေတြ ေဖာင္းပြတဲ့အတြက္ ဆံုးျဖတ္ခ်က္ ယူရတဲ့အခါ ေႏွးေကြးတာေတြ ရွိခဲ့တယ္ဆိုေတာ့ အခုလို ေပါင္းပစ္လိုက္ေတာ့ ေကာင္းမြန္တယ္လို႔ပဲ ေျပာခ်င္ပါတယ္”ဟု ေျပာဆို သည္။
Irrawaddy
................
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးဌာန ၁၀ ခုဖြင့် ဖွဲ့စည်း ခန့်အပ်
ဆလိုင်းသန့်စင်| April 5, 2016 |


ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူများ လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေ စဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)
တိုင်းဝန်ကြီးချုပ်သစ် မန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးဌာနများနှင့် ၀န်ကြီးများ၏ အမည် စာရင်းကို ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့ရာ ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် ၀န်ကြီးဌာနများထဲမှ ဌာန ၃ ခု လျှော့ချဖွဲ့စည်း ခဲ့သည်ကို တွေ့ရသည်။

ယခင် ဧရာဝတီတိုင်း ၀န်ကြီးချုပ်ဟောင်း ဦးသိန်းအောင် လက်ထက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ၀န်ကြီးဌာန ၁၃ ခု ရှိခဲ့ပြီး ယခု အစိုးရအဖွဲ့တွင် ၀န်ကြီးဌာန ၁၀ ခုဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ၀န်ကြီးချုပ် မန်းဂျော်နီက“၀န်ကြီးဌာနတွေက လက်ဦးတုန်းက များတယ်။ အခုလို လျှော့ချလိုက်တော့ ငွေကြေးအရ အများကြီး သက်သာသွားတယ်။ ပြင်ပကပညာရှင်တွေကို ၀န်ကြီးခန့်တာက အသက်အရွယ်အရ၊ အလုပ်အကိုင်အရ ရင်ကျက်သူဖြစ် တဲ့အတွက်ကြောင့် နိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် တကယ်ပဲ လုပ်မယ်ဆိုတာ သိတယ်။ သူတို့နဲ့လည်း သေချာဆွေးနွေးပြီး မှ ခန့်အပ်ခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် ၀န်ကြီးများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်း၊ စည်ပင်ဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးလှကျော်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောနှင့် အတွင်းရေးမှူးအဖြစ် တိုင်းမင်းကြီး ဦးမောင်မောင်စန်းတို့ ဖြစ်ကြ သည်။

ယခုဖွဲ့စည်းလိုက်သည့် တိုင်းအစိုးရအဖွဲ့တွင် ယခင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနအား သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန တို့ဖြင့် ပူးပေါင်းဖွဲ့စည်းလိုက်ပြီး စီမံကိန်းဌာနကို ဘဏ္ဍာရေးဌာနနှင့် ပူးပေါင်း၍လည်းကောင်း၊ လျှပ်စစ်နှင့် စက်မှုဌာနကို လမ်းပန်း ဆက်သွယ်ရေး ဌာနနှင့် ပူးပေါင်းဖွဲ့စည်းလိုက်သဖြင့် ယခင်တိုင်းအစိုးရ ဖွဲ့စည်းခဲ့သော ၀န်ကြီးဌာန ၃ ခု လျှော့ချ ဖွဲ့စည်းနိုင်သည်ကို တွေ့ရသည်။

တိုင်းအစိုးရအဖွဲ့တွင် ခန့်အပ်လိုက်သည့် စည်ပင်ဝန်ကြီး ဦးကျော်မြင့်သည့် လပွတ္တာမြို့နယ် တိုင်းဒေသကြီးအမှတ် (၁) ကိုယ်စားလှယ်ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးသည် ရေကြည်မြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၂ ) ကိုယ်စားလှယ် ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့သည် လွှတ်တော်ကိုယ်စားလှယ်များ မဟုတ်ဘဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ကြသည့် ပြင်ပ ပညာရှင်များကို တိုင်းအစိုးရအဖွဲ့တွင် ထည့်သွင်း တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် လွှတ်တော်၌ စည်ပင်ဝန်ကြီး ဦးကျော်မြင့် ၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဘဟိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့ကို ခန့်အပ်ခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် တိုင်းဝန်ကြီးချုပ်က တင်ပြလာသည့် ဧရာဝတီတိုင်း ဥပဒေချုပ်အဖြစ် ကယား ပြည်နယ်နှင့် မကွေးတိုင်း ဥပဒေအရာရှိဟောင်း ဦးသိန်းရွှေ၊ စာရင်းစစ်ချုပ်အဖြစ် မကွေးတိုင်း စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းခိုင် တို့ကိုလည်း ယနေ့ လွှတ်တော် တွင် အတည်ပြု ခန့်အပ်ခဲ့သည်။

၀န်ကြီးဌာနများ လျှော့ချဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်သို့ လေ့လာသူအဖြစ် တက်ရောက်လာသည့် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အရပ်ဘက် မဟာမိတ် အဖွဲ့အစည်း (MATA) အဖွဲ့၏ ဧရာဝတီတိုင်း တာဝန်ခံဦးမြင့်ဌေးက “၀န်ကြီးဌာနတွေ လျှော့ချတာက ကောင်းမွန်ပါတယ်။ မလိုအပ်ဘဲ တိုင်းပြည်ဘတ်ဂျက် မကုန်တော့ဘူး။ ၀န်ကြီးဌာနတွေ ဖောင်းပွတဲ့အတွက် ဆုံးဖြတ်ချက် ယူရတဲ့အခါ နှေးကွေးတာတွေ ရှိခဲ့တယ်ဆိုတော့ အခုလို ပေါင်းပစ်လိုက်တော့ ကောင်းမွန်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြောဆို သည်။
Irrawaddy

No comments:

Post a Comment