Latest News

Saturday, April 2, 2016

က်ီးအာသီးကဲ့သို႔ေသာ ပုံဏၭာန္မ်ိဳးေဆာင္ရြက္မည္မဟုတ္ဟု ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ဆို

က်ီးအာသီးကဲ့သို႔ေသာ ပုံဏၭာန္မ်ိဳးေဆာင္႐ြက္မည္မဟုတ္ဟု ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ဆို

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ဖြံၿဖိဳးတိုးတက္ေစေရးအတြက္ လုပ္ငန္း မ်ားေဆာင္႐ြက္ရာတြင္ က်ီးအာသီးကဲ့သို႔ ေသာပုံသဏၭာန္မ်ိဳး ေဆာင္ ႐ြက္သြားမည္မဟုတ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ယူ ေဆာင္႐ြက္ေနၿပီျဖစ္ေသာ မန္းေဂ်ာ္နီက ေျပာၾကားသည္။

ဧၿပီလ ၁ ရက္ကက်င္းပေသာ တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝး၌ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုအၿပီးတြင္ မီဒီယာမ်ားသို႔ အထက္ပါ အတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“မင္းတို႔စဥ္းစားၾကည့္ေလ ဒီလိုအေဆာက္အအံုႀကီးေတြ ဘယ္ေလာက္ေကာင္းေကာင္း၊ လမ္းေတြ၊ တံတားေတြ ဘယ္ေလာက္ေကာင္းေကာင္း၊ ကာ႐ိုက္တာ မေကာင္းရင္၊ စာရိတၱ မေကာင္းရင္ ဘာမွ မတိုးတက္ႏိုင္ဘူး။ အဓိကကေတာ့ စိတ္ဓာတ္ေတြ ျပင္ ဖို႔လိုတယ္။ က်ီးအာသီးလိုပဲေပါ့၊ အျပင္မွာဘယ္ေလာက္လွလွ အထဲက် ဘာမွမရွိရင္ ဘာမွျဖစ္မလာဘူး။ တို႔တာဝန္ယူတဲ့ ငါးႏွစ္အတြင္း အဲဒီကာ႐ိုက္ တာ၊ စာရိတၱေကာင္းမြန္ေရးကို အဓိကထား ေဖာင္ေဒးရွင္းခ်လုပ္ေဆာင္ သြားမွာပါ” ဟု ၎ကဆိုသည္။

တိုင္းေဒသႀကီးအတြင္း တရားဥပေဒစိုးမိုးေရးကို အဓိကထားေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး အက်င့္ပ်က္ျခစားမႈမ်ားကို တရားဥပေဒႏွင့္အညီ အေရး ယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီး၏ အဓိကအ သက္ေသြးေၾကာျဖစ္သည့္ ဆန္စပါးလုပ္ငန္းႏွင့္ လယ္ယာေျမျပႆနာမ်ားကို အစဥ္အၿမဲ ဦးစားေပးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ေမြးျမဴေရးႏွင့္ေရ လုပ္ငန္း၊ ေက်းလက္ေဒသဖြံၿဖိဳးတိုးတက္ေရး၊ ပညာေရး၊ က်န္းမာေရး၊ တိုင္းရင္း သားမ်ား၏ ယဥ္ေက်းမႈ၊ စာေပကိစၥမ်ားကိုလည္း ကိုင္တြယ္ ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္သစ္ကေျပာၾကားခဲ့ေၾကာင္း လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက ဆိုသည္။

The Voice
....................
ကျီးအာသီးကဲ့သို့သော ပုံဏ္ဌာန်မျိုးဆောင်ရွက်မည်မဟုတ်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်း များဆောင်ရွက်ရာတွင် ကျီးအာသီးကဲ့သို့ သောပုံသဏ္ဌာန်မျိုး ဆောင် ရွက်သွားမည်မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူ ဆောင်ရွက်နေပြီဖြစ်သော မန်းဂျော်နီက ပြောကြားသည်။

ဧပြီလ ၁ ရက်ကကျင်းပသော တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးတွင် မီဒီယာများသို့ အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မင်းတို့စဉ်းစားကြည့်လေ ဒီလိုအဆောက်အအုံကြီးတွေ ဘယ်လောက်ကောင်းကောင်း၊ လမ်းတွေ၊ တံတားတွေ ဘယ်လောက်ကောင်းကောင်း၊ ကာရိုက်တာ မကောင်းရင်၊ စာရိတ္တ မကောင်းရင် ဘာမှ မတိုးတက်နိုင်ဘူး။ အဓိကကတော့ စိတ်ဓာတ်တွေ ပြင် ဖို့လိုတယ်။ ကျီးအာသီးလိုပဲပေါ့၊ အပြင်မှာဘယ်လောက်လှလှ အထဲကျ ဘာမှမရှိရင် ဘာမှဖြစ်မလာဘူး။ တို့တာဝန်ယူတဲ့ ငါးနှစ်အတွင်း အဲဒီကာရိုက် တာ၊ စာရိတ္တကောင်းမွန်ရေးကို အဓိကထား ဖောင်ဒေးရှင်းချလုပ်ဆောင် သွားမှာပါ” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်ပြီး အကျင့်ပျက်ခြစားမှုများကို တရားဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ အဓိကအ သက်သွေးကြောဖြစ်သည့် ဆန်စပါးလုပ်ငန်းနှင့် လယ်ယာမြေပြဿနာများကို အစဉ်အမြဲ ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ရေ လုပ်ငန်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်း သားများ၏ ယဉ်ကျေးမှု၊ စာပေကိစ္စများကိုလည်း ကိုင်တွယ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သစ်ကပြောကြားခဲ့ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ဆိုသည်။

The Voice

No comments:

Post a Comment