Latest News

Saturday, April 2, 2016

အခွင့်ရေးလိုချင်သူများ ၀န်ကြီးချုပ်ထံ ငွေထုပ်ပိုက်ချဉ်းကပ် လာ

အခွင့်ရေးလိုချင်သူများသည် ၀န်ကြီးချုပ် ထံ ငွေထုပ်ပိုက် ချဉ်းကပ် လာမှုများရှိသည်ဟု ဧရာဝတီတိုင်းဒေ
သကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီက The Messenger Media သို ထုတ်ဖော်ပြောကြားလိုက်သည်။

"ဒါတော့ခင်ဗျားတို့ လည်းသိပါတယ်။ရာထူးရာခံကြီးလာတဲ့ လူတစ်ယောက်ကို အလုပ်အကိုင်တို့  သူတို့  စီးပွါးရေးတွေအတွက် အမျိုးမျိုး ကပ်လာတယ် ဆိုတာဒါသဘာဝပဲ ဟု ၄င်းကပြောသည်။

ဧပြီလ ၁ရက်နေ့  က တိုင်းဒေသကြီးလွတ်တော်တွင် ၀န်ကြီးချုပ် အဖြစ် ကတိသစ္စာ ဆိုပြီးနောက် ၀န်ကြီးချုပ် ရုံးခန်းသို့ စတင်ရောက်ရှိခိုက် မီဒီယာများနှင့် တွေ့ ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ငွေထုပ်ပိုက် ချဉ်းကပ်လားသူ များနှင့် ချဉ်းကပ်လာပုံတို့ ကို တော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

Messenger News Journal

No comments:

Post a Comment