Latest News

Wednesday, July 3, 2019

သူရဦးရွှေမန်း၏ဒရိုင်ဘာ မျိုးမင်းလတ်ကဦးရဲထွတ်ဘူးလက်လှဆွေ၊ဦးဘိုဘိုကျော်ငြိမ်း တို့ကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ ပတ္တာရဲစခန်းမှာ အမှုဖွင့်လိုက်တယ်


သူရဦးရွှေမန်း၏ဒရိုင်ဘာ မျိုးမင်းလတ်ကဦးရဲထွတ်၊ဘူးလက်လှဆွေ၊ဦးဘိုဘိုကျော်ငြိမ်း တို့ကို  နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ ပတ္တာရဲစခန်းမှာ အမှုဖွင့်ထားပါသည်။

နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် သူရဦးရွှေမန်း၏ ကားဆရာက အမှုဖွင့်ထားကြောင်း The Daily Eleven သတင်းစာက ယနေ့ သတင်းဖော်ပြသည်။
နိုင်လွတ်လုံ ပုဒ်မ ၁၀ အတွက် ဥပဒေက ပြဌာန်းထားတာက
ဒီအမှု အဖွင့်ခံရသူတွေက အာမခံ လုံးဝမပေးရဘူး၊ ထောင်ဒဏ်
၃ နှစ်အထိ အပြစ်ပေးနိုင်တယ်လို့ ပါပါတယ်။

နိုင်လွတ်လုံ ပုဒ်မ (၁၀) ဆိုတာဘာလဲ

ပုဒ်မ (၁၀) ဆိုသည်မှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေဟုခေါ်ပြီး အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များဟူ၍ အခန်းခြောက်ခန်း ပါဝင်သည်။

ယင်းပုဒ်မတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာဆောင်ရွက်ခွင့်၊ လွတ်လပ်စွာ နေထိုင်နိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ဟု ရေးသားထားသည်။

ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံမှုကို ဆိုလိုပြီး ယင်းစကားရပ်တွင် နိုင်ငံသားတစ်ဦး၏ နေအိမ်အဆောက်အအုံ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ယင်းဥပဒေဖြင့် အမှုဖွင့်ခံရပါက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူနိုင်ပြီး အာမခံမရရှိပေ။

"ပြစ်မှုနှင့် ပြစ်ဒဏ်များ"

ပုဒ်မတွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များအရ ပြစ်မှုစီရင်ခြင်း
ခံရလျှင် အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး
ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် အနည်းဆုံး
ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်
ဖြစ်ကြောင်း၊ အမှုအား ကျူးလွန်ရန် အားထုတ်ခြင်း၊
တာဝန်ပေးခြင်း၊ ခိုင်းစေခြင်း၊ ပြစ်မှုကျူးလွန်ရာတွင်
ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင်လည်း
ယင်းပြစ်ဒဏ်အတိုင်း ချမှတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင်
ဖော်ပြထားသည်။

No comments:

Post a Comment