နိုင်ငံရေးအကျဉ်းသားဟောင်းဆရာလေးဒေါ်နန္ဒပညာ
(ကျောင်းဆရာမဟောင်းဒေါ်တင်ဝင်းရီ)ရဲ့နောက်ဆုံးခရီး
၂၀၁၉ ဇွန်လ ၁၀ရက်၊စစ်ကိုင်းချောင်
နိုင်ငံရေးအကျဉ်းသူဟောင်းဆရာလေးဒေါ်နန္ဒပညာ
(ကျောင်းဆရာမဟောင်းဒေါ်တင်ဝင်းရီ -၆၂)နှစ် ဟာ
စစ်ကိုင်း၊မဏိရတနာချောင်မှာ၂၀၁၉ ဇွန်လ ၉ ရက်နေ့
ဘဝတစ်ပါးပြောင်းရွေ့ကွယ်လွန်သွားခဲ့ပါပြီ။
ဆရာလေးဒေါ်နန္ဒပညာရဲ့နောက်ဆုံးခရီးအတွက်
၁ -နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)က
ကျပ် ၃ သောင်း
၂ -"နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှု
အစီအစဉ်"က ကျပ် ၅သောင်း
၃ - ဆရာဦးမြတ်မင်းသူ(မြန်မာစာ)ကကျပ် ၂ သောင်း
၎ - ဦးခင်မောင်ညွန့်(စစ်ကိုင်း)ကကျပ် ၁သောင်းကူညီပေးအပ်ခဲ့ပါတယ်။
ဆရာလေး ဒေါ်နန္ဒပညာဟာမန္တလေးမြို့ ၈၄ လမ်းမင်းသားစုနေ
(ဦးတင်မောင်)+ဒေါ်ချစ်တို့ရဲ့သမီးဖြစ်ပါတယ်။
မန္တလေး တာရဲတန်း မူလတန်းကျောင်းမှာဆရာမအဖြစ်
တာဝန်ထမ်းဆောင်ခဲ့တယ်။
၁၉၈၉ ရောက်တော့၄၈၂၈ ပထမအသုတ်(မန္တလေးအခြမ်း)
ဦးတင်အေးကြူ (မောင်မှိုင်းလွင် -အင်းဝ)အပါအဝင်ယူဂျီ ၄၂ ယောက်အမှုတွဲအဖြစ်
မန္တလေးနန်းတွင်းထောင်မှာ၃ နှစ် အကျဉ်းချခံခဲ့ရတယ်။
အကျဉ်းထောင်ကနေလွတ်မြောက်ချိန်ကစလို့
သာသနာ့ဘောင်တွင်းတစ်သက်တာလုံး နေထိုင်သွားခဲ့ပါတယ်။
ကြွင်းကျန်ရစ်တဲ့ဥတုဇရုပ်ကလာပ်ကို
၂၀၁၉ ဇွန်လ ၁၀ ရက်နေ့ညနေ ၄ နာရီမှာ
စစ်ကိုင်းတောင်ရိုး၊အေးမြသီဝံကျောင်းတိုက် မဏိရတနာကျောင်းကနေ
ဝါးချက်ကျေးရွာသုဿ န်သို့ပို့ဆောင်သဂြိုလ်ပြီးဖြစ်ပါတယ်။
သတင်းရင်းမြစ်
ကိုစံညိမ်းဦး
No comments:
Post a Comment