Latest News

Monday, June 10, 2019

တစ် ရွာ လုံး ကျွန် လို ရင်း ထား ရ တဲ့ ပ ညာ ရေး


ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်အုပ်စု၊ နှဲဘိုကြိုးကျေးရွာ လေးမှာနေထိုင်ကြတဲ့ အိမ်ခြေ (၉၀) ကမိဘတွေဟာ ရွာထဲမှာ
စာသင်ကျောင်းတစ်ကျောင်းစာ အကျယ်အဝန်းရှိတဲ့ မြေလေးရရှိဖို့
အတွက်တစ်ဖက်ရွာက မြေပိုင်ရှင်ဆီကနေ (၁၆) သိန်းနဲ့ဝယ်ယူခဲ့ပါ တယ် ။

ဒါပေမယ့် အဲ့ဒီငွေပမာဏကို မတတ်နိုင်တဲ့ ရွာသားတွေဟာ
အဲ့ဒီမြေပိုင်ရှင် ပိုင်တဲ့လယ်ယာတွေထဲမှာ အလုပ်လုပ်ပေးဖို့
သဘောတူခဲ့ကြပြီး တစ်နှစ်တာလုံးရွာထဲကအိမ်တွေ အလှည့်ကျနဲ့
မြေပိုင်ရှင်အတွက် သွားရောက်အလုပ်လုပ်ပေးရင်း စာသင်ကျောင်းမြေ နေရာလေးဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်။

ဒါဟာ(၂၀၂၀)အထိ မြေပိုင်ရှင်အတွက် အလုပ်လုပ်ပေးရမှာပါဆိုပြီး ကျနော်တို့ #ပိုဝယ်ခဲ့ပါ အဖွဲ့သားတွေကို ဂုဏ်ယူအားတတ်စွာပြောနေ
ကြပေမယ့် ကျနော်တို့ မျက်ရည်ဝဲခဲ့ရတယ်။ တစ်ရွာလုံးက ကလေးတွေ ပညာတတ်ကြီးတွေ ဖြစ်ပါစေတော့ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့
ရွာသူရွာသားတွေဟာ ငွေ(၁၆)သိန်းနဲ့ ကိုယ့်ကိုကိုယ်ကျွန်ပြုခဲ့ကြတယ်
တစ်ရွာလုံး စည်လုံးညီညွတ်မှုက တခါမှ မမြင်ဘူးသေးတဲ့
ရွာသားများစည်လုံးမှု......တခုပါ

အဲ့လိုအခြေအနေတွေကြားထဲမှာ တဖက်တလမ်းကနေ လာကူညီကျတဲ့ ကျနော်တို့ အဖွဲ့သားတွေကို ဝမ်းပန်းတသာကြိုဆိုကြပါတယ်
တချို့ဆို ဒီလို ဆင်းရဲလှတဲ့ သူတို့ရွာအတွက် လာလှူပေးကြလို့ ဝမ်းသာပြီး ငိုတဲ့သူက ငိုကြနဲ့ ကိုယ်ပါ မျက်ရည်ဝဲ ခဲ့ရတဲ့ အဖြစ်ပါ

ဒီလို ကျောင်းဖွင့်ရာသီမှာဆို လွန်ခဲ့တဲ့နှစ်တွေထိ ကလေးတွေပညာရေးအတွက် စိတ်ပူခဲ့ရပါတယ်တဲ့......မိုးရာသီမှာ လူကြီးတွေရဲ့ ခါးအထက်ထိ ရှိတဲ့ ရေတွေကိုဖြတ် ဒူးလောက်ရှိတဲ့ ရွှံ့ဗွက်တွေကိုဖြတ်ပြီး ကိုယ့်ကလေး သူ့ကလေး လက်ဆင့်ကမ်း ပြီး တခြားရွာမှာရှိတဲ့ ကျောင်းကို ပို့ပေးရတာတွေကြောင့် ကိုယ့်ရွာမှာ ကျောင်းရှိအောင် ခက်ခဲစွာ လုပ်ခဲ့ကြရပါတယ်တဲ့ ....

ခုတော့ သူတို့တွေ အထိုက်အလျောက် ပျော်နေကြပါပြီ
စာရေးခုံတွေ ရှိလာခဲ့သလို စာရေးကိရိယာတွေလည်း လှူခဲ့ပေးကြတဲ့အတွက် ဝမ်းသာနေကြပါတယ်.....

နောက်ပြီး များများလဲ လာလှူပေးကြပါတဲ့
ကျောင်းဆောင်လေးတွေ ထပ်ဆောက်ရအုံးမှာကြောင့်တဲ့......
အမှာစကားတွေပါး ဆုတွေပေးကြတာကို နားထောင်ရင်း
မပြည့်စုံတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းလေးကို လှူခဲ့ရတဲ့အတွက်
ဝမ်းသာမိပါတယ်..................

ဘယ် သူ့ ကို မှ အ ပြစ် မ တင် တော့ ပါ ဘူး ။
#ပိုဝယ်ခဲ့ပါ ဆို တဲ့ ယဉ် ကျေး မှု လေး ကို ပို ပြီး အ မြစ် တွယ် နိုင် အောင် ကြိုး စား မယ် ။ နောင် လာ မယ့် အ နာ ဂတ် မှာ ကိုယ့် ကိုယ် ကို ကျွန် ပြု လိုက် ရ တဲ့ အ ဖြစ် တွေ နည်း သွား အောင် ကျ နော် တို့ ဒီ ထက် ပို ကြိုး စား သွား ပါ မယ် ။

#ပိုဝယ်ခဲ့ပါ #BuyMore
#ပေါင်းစည်းလူငယ်ပရဟိတအဖွဲ့
#Youth_Integrate_Society













No comments:

Post a Comment