Latest News

Sunday, May 5, 2019

နှစ်ကျွန်းပြန် ရဲဘော်ဖေအောင်


နှစ်ကျွန်းပြန် ရဲဘော်ဖေအောင် ၏ ကွယ်လွန်ခြင်း ၁-နှစ်ပြည့် အမှတ်တရ

ရဲဘော်ဖေအောင် ( ၁၉၃၄ - ၂၀၁၈ )

- ရဲဘော်ဖေအောင်သည်၁၉၃၄ သြဂုတ်( ၁ )နေ့တွင်အဖဦးလှအောင် အမိ ဒေါ်ရင်ရင်တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်ရှိသည့်အနက် ၅ ဦးမြောက်ဖြစ်သည်။
- ရဲဘော်ဖေအောင်သည်စစ်ပြီးခေတ်ကျောင်းသားလှုပ်ရှားမှုများတွင်စတင်ပါဝင်ခဲ့ကာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲချုပ်၏ ကျောင်းသား ကေဒါတဦး အနေဖြင့်လည်းကောင်း မြေအောက်ကျောင်းသားအစု ခေါင်ဆောင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ပြီး ၁၉၅၃ အောက်တိုဘာကျောင်းသားအရေးတော်ပုံတွင်ပါဝင်ခဲ့သူတဦးဖြစ်သည်။

-အမှုထမ်းပေါင်းစုံသမဂ္ဂခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီမြေအောက်ကလပ်စည်းခေါင်ဆောင်အဖြစ်ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

- ၁၉၅၈ ပထမအကြိမ်စစ်တပ်အာဏာသိမ်းမှုအပြီးတွင် ရဲဘော်ဖေအောင်သည် ၁၉၅၉တွင် ကိုကိုးကျွန်းသို့ ပထမအကြိမ်ဖမ်းဆီးပို့ဆောင်ခံခဲ့ရသည်။

- နောက်မြေအောက်လုပ်ငန်းကိုဆက်လက်တာဝန်ယူလုပ်ကိုင်ရင်း ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြီးသောအခါ ဒုတိယအကြိမ်ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရကာ ၁၉၆၉ ခုနှစ်တွင်ဒုတိယအကြိမ်ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

- ကိုကိုးကျွန်းတွင် ကျွန်းပါတီကော်မတီ၌ ပါဝင်ခဲ့ပြီး ငပိပုတ် ၇ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင်ပါဝင်ခဲ့သည်။ ကျွန်းတိုက်ပွဲဖြစ်သည့် ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ၅၃ ရက်ကြာ အစာငတ်ခံ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲ ကိုယ်ထူကိုက်ထစနစ်ဖျက်သိမ်းရေးတိုက်ပွဲတို့တွင် ဦးဆောက်မှုအခန်းက ပါဝင်ခဲ့သူဖြစ်သည်။

- ကိုကိုးကျွန်းမှ ပြန်ရောက်ပြီးနောက် ငြိမ်းချမ်းရေး ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲ တလျှောက်လုံးပါဝင်ခဲ့ပြီး မကွယ်လွန်မီ နောက်ဆုံးချိန်အထိ ကိုကိုးကျွန်းပြန်နိုင်ငံရေး ရဲဘော်ကြီးတဦးအနေဖြင့် နိုင်ငံရေး သံမဏိသက်တမ်းရှည်ကြာစွာဖြင့် စွန့်လွှတ်အနစ်နာခံကာ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

- ရဲဘော်ဖေအောင်သည် သူ၏ နိုင်ငံရေးခံယူချက်အတိုင်း ပြည်သူလူထုကို အလုပ်ကျွေးပြုသူဖြစ်ပြီး သူ့နိုင်ငံရေး ယုံကြည်ချက်နှင့် တိုက်ပွဲအောင်လံကို မမှိတ်မသုန်စွဲကိုင်ရင်း ၅ ရက် ၅ လ ၂၀၁၈ ခုနှစ်စနေနေ့ နေ့လည် ၁ နာရီ ၃ မီးနစ်တွင် ကွယ်လွန်ကျဆုံးသွားခြင်းဖြစ်သည်။






No comments:

Post a Comment