Latest News

Friday, May 17, 2019

သုံးဆင့်ကန်သာ နှမပြာဝင်း



ကန်သုံးဆင့်ကို ပုသိမ်ရဲ့ရတနားတပါး" လို့ ဆိုရင် ကန့် ကွက်သူ ရှိမလားမသိ။အတွေ့အကြုံ အလေ့အလာ ခံစားမှုမတူရင် တန်ဘိုးထားမှုလည်း တူကြမည်မဟုတ်။

ဤနေရာမှာ တန်ဘိုးထားတူသူများသာ နားလည်ခံစားမည့် ကန်သုံးဆင့်အကြောင်းပြောချင်ပါသည်။

ကန်သုံးဆင့်၏ ယိုယွင်းမှုနှုန်းသည် မြန်လာ မြင့်လာခဲ့ပါပြီ။လွန်ခဲ့သော သုံးရက်လောက်က ကန်သုံးဆင့်၏ တောင်ဘက်အစပ်က ရေပြင်ကမ်းစပ်မှ ဆိုးဝါးပြင်းထန်သော မကောင်းသည့်အနံ့အသက်များထွက်ပေါ်လာသည်ကို လမ်းမမှ ဖြတ်သန်းသွားလာသူတို့ စတင်သိရှိကြသည်။လူမှုစာမျက်နှာပေါ်ရေးတင်လိုက်တော့လည်း သတင်းပြန့် မြန်သည်။

နောက်ရက်မှာ စည်ပင်တကယ်စီမံနေသူများနှင့် သူတို့ ၏နောက်လိုက်များ ရောက်လာစစ်ဆေးကြစည်။ကန်စပ် ရေနှင့်မြေနမူနာယူသည်။ဓါတ်ခွဲစစ်ဆေးဖို့  လိုအပ်ရာသို့ ပို့ သည်ဟူသောသတင်းကြားသိရသည်။ရလဒ်ကိုမူ မသိရသေး။

ရေ၏ ဓါတ်သဘာဝပြောင်လဲမှုလား။မြေပြင်ရေပြင် စွန့် ပစ် ပစ္စည်းများကြောင့်လား။တွေးတောခန့် မှန်းမှုတွေ ထွက်ပေါ်လာသည်။ထိုအတွေးခန့် မှန်းမှုများနောက်မှာ စိုးရိမ်မကင်းမှုများဖြစ်လာသည်။ကန်သုံးဆင့်ကို တန်ဘိုးထားသူများ၏အသံ လူမှုစာမျက်နှာများထက် ထွက်ပေါ်လာသည်။

တဖက်ကမ်း(မြောက်ဖက်မျက်နှာစာ)မှ ကမ်းထိန်းသလို(မြစ်လည်းမဟုတ်ပါဘဲ) တာဖို့ သလို ယခုထိ လူထုကို ပွင့်လင်းမြင်သာပြောဖို ပျက်ကွက်နေဆဲ။၁၉/၂၀ ဘတ်ဂျက်မှာလည်းမပါတော့ဟုသိရသည့် သိန်းပေါင်း၂၇၀၀ ကျော်တန်စည်မံကိန်းလက်လွန်ခြေလွန်ကြီး၏ လှုပ်ရှားခြေလှမ်းကိုလည်း စိုးရိမ်မကင်းဖြစ်နေကြသည်။

မစိုးရိမ်လို့ ဤသိန်းများစွာရော ကန်သုံးဆင်ရော ပြည်သူပိုင်ကိုး။ပြည်သူတို့ မှာ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကုန်မှာ ပျက်မှာ ပူပန်ကြသည်။လွှတ်တော်နှင့် အစိုးရတို့ က ပြည်သူနှင့်လင်မယားလို ကွာလိုက်လျှင် ဘာမှ သွေးမတော်။ဖုတ်ဖက်ခါ ထသွားရုံကိုး။

အချက်အလက်တွေ ဖယ်ထားလိုက်တောင် ကန်သုံးဆင့်ဟာ သူ့ လူထုကို အချက်ပြနေပြီ။

" ငါ့ကို ကယ်တင်ထိန်းသိမ်းဖို့  လိုနေပြီ"

ဤအရေးပေါ်သတင်းစကားကို မြို့သူမြို့သားတို့ ကြားလိုက်ရပြီ။

တိုးတက်စည်ပင်သောမြို့တို့ က စည်ပင်လူကြီးတို့  ဤသတင်စကားကို ကြားစေချင်သည်။သူတို့ စေတနာနှင့် သူတို့ ထက်မြက်မှုသည် ဘယ်လောက်ရုန်းကြွလာမလဲ စောင့်ကြည့်ချင်သည်။

တနိုင်ငံလုံး တကမ္ဘာလုံးအရေးတို့ ကို ခွါချ၍ ကိုယ့်မြို့လေးအကြောင်း နှစ်နှစ်သက်သက် ချစ်ချစ်ခင်ခင် လူသားဆန်ဆန်တွေးလျှင် ဤအရေးသည် တကယ် အရေးကြီးဖြစ်ကြောင်းသိပါလိမ့်မည်။

မြို့သူမြို့သားများသည် တနိုင်ငံလုံးနှင်အတူ စစ်အာဏာရှင်စံနစ်ဒါဏ်ကိုလည်း ခံစားဖူး။ထမင်းမဝသည့်ဒါဏ် အလုပ်မရှိသည့်ဒါဏ် ကိုလည်းခံစားဖူး။မီးပျက်သည့်ဒါဏ် ရေကြီးသည့်ဒါဏ်ကိုလည်းခံစားဖူး။အသုံးမကျ စေတနာမထား လူပါးလည်းဝ လဒ်လာဘလည်းမျှော် အရေးကြုံရင် လူဆိုးစရင်းငှားလို မင်ငှားလို့ ငါလုပ်တာဟု တာဝန်လည်းမဲ့ချင်သော စီမံခန့် ခွဲသူတို့  လက်အောက်မှာလည်းနေဖူးခဲ့တော့ ကန်သုံးဆင့်လေး ပျောက်သွားမှာစိုးကြသည်။

ထမင်းဆာ ဝမ်ဟာလို ။့ပူအိုက်မီးပျက် စိတ်လက်ခဏ ချမ်းသာဖို့ ။အလုပ်မဲ့ယောင်န လမ်းပေါ်ထွက်ကျလာလို့ ဖြစ်ဖြစ်။ဤအခိုက်အတန့် မှာ စိမ်းလန်းအေးမြ ကန်သုံးဆင့်လှလှလေးကို မြင်လျှင် စိတ်လက်ကြည်လင်မိကြသည်။

မွှေးပျံ့သော airconလေကိုရှုရင်း ဇိမ်ခံကားမှန်ပြတွင်းကနေ ကန်သုံးဆင့်ကို ဖြတ်သွားဖြတ်လာ အမှတ်မဲ့ ကြည်ကြသော လူကြီးလူကောင်းတို့ သည် လူထုအများ၏ ဤသာယာမှုလေးကို နားလည်မည်မထင်။

"လူကြီးမင်း အပေါင်းတို့ ခင်ဗျာ ကျနော်တို့ ဟာ ပေပွနေတဲ့ အမှိုက်ပုံတွေကြား ထားရင်လည်းနေပါသည်။ပူအိုက်မှော်မဲ မီးပျက်ထဲ ထားရင်လည်း နေရပါသည်။မိုးစောကျလို့ ပျက်ရတဲ့ကတ္တရာ ကျေးဇူးရှင်တို့ ငွေစိုက်ခင်းလို့ ချောရတဲ့လမ်းမှာသွားစေချင်လည်းသွားပါသည်။ကြေးထူ မြည်တွန် မချေမငံမပြုရဲပါ။

တစ်ခုဘဲ

ပုသိမ်ရဲ့ရတနာ ကန်သုံးဆင့်လေးကိုတော့ နှမလေးအရင်းလို စောင့်ရှောက်ဖို အပ်ချင်ပါသည်။

စိတ်ကြံမှောက်မှား လူထုကို ယောက်ဖဖေါ် မယားငယ်လိုသဘေားထားရင်လည်း သဘောတော်အတိုင်းပါ။
ကိုဇော်နိုင်





No comments:

Post a Comment