Latest News

Thursday, April 11, 2019

AA အဖြဲ႕ကအင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္၊တိုက္ပြဲႏွင့္ မသက္ဆိုင္သည့္ မိသားစုဝင္မ်ားအားသတ္ျဖတ္ျခင္း၊ ကေလးသူငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ားအားဖမ္းဆီးေခၚေဆာင္ျခင္းမ်ားစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားက်ဴးလြန္


ေျမာက္ဦးၿမိဳ႕ရွိအမွတ္ (၃၁) လုံျခဳံေရးရဲတပ္ဖြဲ႕ဌာနခ်ဳပ္အား AA အဖြဲ႕ကအင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္၊တိုက္ပြဲႏွင့္ မသက္ဆိုင္သည့္ မိသားစုဝင္မ်ားအားသတ္ျဖတ္ျခင္း၊
ကေလးသူငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ားအားဖမ္းဆီးေခၚေဆာင္ျခင္းမ်ားစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားက်ဴးလြန္
ေနျပည္ေတာ္၊ ဧၿပီ ၁၀
ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ရွိအမွတ္ (၃၁) လုံျခဳံေရးရဲတပ္ဖြဲ႕ဌာနခ်ဳပ္အားဧၿပီ ၉ ရက္ ညပိုင္းတြင္ AAအဖြဲ႕ကအင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ၿပီးတိုက္ပြဲႏွင့္ မသက္ဆိုင္သည့္ မိသားစုဝင္မ်ားအားသတ္ျဖတ္ျခင္း၊ ဖမ္းဆီးေခၚေဆာင္ျခင္းမ်ားက်ဴးလြန္သြားခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္မွာဧၿပီ ၉ ရက္ ည ၁၀ နာရီခြဲခန္႔တြင္ AA အဖြဲ႕မွ အင္အား ၂၀ဝ ခန္႔က အမွတ္ (၃၁) လုံျခဳံေရးရဲတပ္ဖြဲ႕ဌာနခ်ဳပ္အားေျမာက္ဘက္မ်က္ႏွာစာမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္ၿပီးအႀကိမ္ႀကိမ္ လုံးေထြးတိုက္ခိုက္ ခဲ့ေၾကာင္း၊ သို႔ရာတြင္ မိမိတပ္ဖြဲ႕ဝင္မ်ား၏ ႀကံ့ႀကံ့ခံျပန္လည္ခုခံတိုက္ခိုက္မႈေၾကာင့္ ပင္မဌာနခ်ဳပ္၏ အေရးႀကီးေနရာမ်ားက်ဆုံးမႈမရွိဘဲလုံျခဳံေရးရဲတပ္ဖြဲ႕၏ အိမ္ေထာင္ သည္လိုင္းမ်ားအထိသာဝင္ေရာက္နိုင္ခဲ့ေၾကာင္း၊ ဧၿပီ ၁၀ ရက္ နံနက္ ၄ နာရီ ၁၀ မိနစ္ခန္႔တြင္ တပ္မေတာ္စစ္ေၾကာင္းေရာက္ရွိလာျခင္းေၾကာင့္ AA အဖြဲ႕ ျပန္လည္ ဆုတ္ခြာသြားသျဖင့္ နံနက္ ၄ နာရီခြဲခန္႔တြင္ စခန္းဌာနခ်ဳပ္အားမိမိတပ္ဖြဲ႕ဝင္မ်ားကျပန္လည္ထိန္းခ်ဳပ္နိုင္ခဲ့ေၾကာင္း၊ ဆုတ္ခြာသြားေသာ AA အဖြဲ႕ ေနာက္သို႔ တပ္မေတာ္ စစ္ေၾကာင္းမ်ားကထပ္ၾကပ္လိုက္လံရွင္းလင္းလ်က္ရွိေၾကာင္းသိရသည္။
ျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦးက်ဆုံးၿပီးခုႏွစ္ဦးေပ်ာက္ဆုံးကာမိသားစုဝင္ ဇနီးတစ္ဦးကိုပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း၊ ထို႔အျပင္ AA အဖြဲ႕ကလုံျခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ား၏ ဇနီးသုံးဦး၊ မိခင္ တစ္ဦး၊ ကေလးသူငယ္ သုံးဦး ( ေယာက္်ားေလးတစ္ဦးႏွင့္ မိန္းကေလးႏွစ္ဦး)တို႔အားဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း၊ AA အဖြဲ႕အေနျဖင့္ ယခုကဲ့သို႔ လုံျခဳံေရးရဲတပ္ဖြဲ႕၏ အိမ္ေထာင္သည္ မိသားစုလိုင္းခန္းမ်ားအားဝင္ေရာက္ တိုက္ခိုက္ျခင္း၊ တိုက္ပြဲႏွင့္ သက္ဆိုင္ျခင္းမရွိသည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ မိသားစုဝင္မ်ား၊ အမ်ိဳးသမီးႏွင့္ ကေလးသူငယ္မ်ားကိုဖမ္းဆီးေခၚေဆာင္ျခင္းမ်ားစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားက်ဴးလြန္ခဲ့ေၾကာင္းသတင္းရရွိသည္။

မြောက်ဦးမြို့ရှိအမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်အား AA အဖွဲ့ကအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၊တိုက်ပွဲနှင့် မသက်ဆိုင်သည့် မိသားစုဝင်များအားသတ်ဖြတ်ခြင်း၊
ကလေးသူငယ်များနှင့် အမျိုးသမီးများအားဖမ်းဆီးခေါ်ဆောင်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်
နေပြည်တော်၊ ဧပြီ ၁၀
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိအမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်အားဧပြီ ၉ ရက် ညပိုင်းတွင် AAအဖွဲ့ကအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးတိုက်ပွဲနှင့် မသက်ဆိုင်သည့် မိသားစုဝင်များအားသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများကျူးလွန်သွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာဧပြီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် AA အဖွဲ့မှ အင်အား ၂၀ဝ ခန့်က အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဌာနချုပ်အားမြောက်ဘက်မျက်နှာစာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီးအကြိမ်ကြိမ် လုံးထွေးတိုက်ခိုက် ခဲ့ကြောင်း၊ သို့ရာတွင် မိမိတပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ပင်မဌာနချုပ်၏ အရေးကြီးနေရာများကျဆုံးမှုမရှိဘဲလုံခြုံရေးရဲတပ်ဖွဲ့၏ အိမ်ထောင် သည်လိုင်းများအထိသာဝင်ရောက်နိုင်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် တပ်မတော်စစ်ကြောင်းရောက်ရှိလာခြင်းကြောင့် AA အဖွဲ့ ပြန်လည် ဆုတ်ခွာသွားသဖြင့် နံနက် ၄ နာရီခွဲခန့်တွင် စခန်းဌာနချုပ်အားမိမိတပ်ဖွဲ့ဝင်များကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဆုတ်ခွာသွားသော AA အဖွဲ့ နောက်သို့ တပ်မတော် စစ်ကြောင်းများကထပ်ကြပ်လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီးခုနှစ်ဦးပျောက်ဆုံးကာမိသားစုဝင် ဇနီးတစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် AA အဖွဲ့ကလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ ဇနီးသုံးဦး၊ မိခင် တစ်ဦး၊ ကလေးသူငယ် သုံးဦး ( ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးနှစ်ဦး)တို့အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ AA အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုံခြုံရေးရဲတပ်ဖွဲ့၏ အိမ်ထောင်သည် မိသားစုလိုင်းခန်းများအားဝင်ရောက် တိုက်ခိုက်ခြင်း၊ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်များကိုဖမ်းဆီးခေါ်ဆောင်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ခဲ့ကြောင်းသတင်းရရှိသည်။














No comments:

Post a Comment