Latest News

Monday, March 18, 2019

အဖြူ အမည်း သဲကွဲလာတော့မည့် မြစ်ဆုံ


မြန်မာသည် တရုတ် သမ္မတ၏ ရည်မှန်းချက် ကြီးမားလှသော ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း ကြီး အတွက် မဟာဗျုဟာ အရ အရေးပါလာသည် နှင့် အမျှ မြစ်ဆုံ ဆည် တည်ဆောက်ရေး စီမံကိန်း အား ပြန်လည် စတင်ရန် ဖိအား ပြန်ပေးလာနေပါတယ်။

ဒါကလည်း ဘင်္ဂါလီ အရေး မှာ မြန်မာအား အနောက်အုပ်စုမှ ဖယ်ကျင်သွားတာ ကို အခွင့်ကောင်းယူပြီး တရုတ် က ထိုကိစ္စနဲ့ ပါတ်သက်ပြီး ရေငုံနေရာက ပြန်လည် စတင်လာခြင်းပဲ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ထို့အပြင် မြန်မာသည် ဒီမိုကရေစီ လမ်းကြောင်း ဖြင့် ပြည်သူများ ဆန္ဒနဲ့ အညီ လုပ်ကိုင် သွားဖို့ ရှိနေတယ် ဆိုတဲ့ သဘောကို မသိကျိုးကျွံပြုပြီး ၎င်းတို့ ကဲ့သို့ တသွေးတသံ တမိန့် နဲ့ အတင်းအကျပ် လုပ်စေခြင်ပုံလည်း ရှိပါတယ်။

အဆိုပါ စီမံကိန်း အား စစ်အစိုးရမှ နိုင်ငံရေး အရ ထောက်ခံမှု ပေးနေတဲ့ တရုတ်အား ချွေးသိပ်သည့် အနေဖြင့် ထိုးကျွေးပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ တန်တဲ့ မြစ်ဆုံဆည်မှ လျပ်စစ်ဓါတ်အား ၇၅၀၀ မီဂါဝပ် ထုတ်လုပ်ဖို့ ဖြစ်ပြီး ထွက်ရှိတဲ့ လျပ်စစ်ဓါတ်အား ရဲ့ ၉၀% ကို တရုတ် က ရယူဖို့ ရှိနေတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ ယခင် သမ္မတဟောင်း ဦးသိန်းစိန်မှ ဖျက်သိမ်းပြစ်ခဲ့ခြင်းမှာလည်း တရုတ် အား မိမိတို့မှ အာခံရဲပြီ ကင်းကင်းရှင်းရှင်း နေနိုင်ပြီ ဟု အနောက်နိုင်ငံများအား ပြသလို ပြီး စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် လှည့်ကွက်တခုသာ ဖြစ်၍ ပြည်သူများ အကျိုး အတွက်ကား မဟုတ်ဟု South China Morning Post သတင်းစာ က တခါတုန်းက ဝေဖန်ရေးသားခဲ့တာ အမှတ်ရမိပါတယ်။

ထိုစီမံကိန်းသည် မူလ က မြန်မာ-တရုတ် စီးပွားရေး စင်္ကြန်လမ်းမကြီးထဲမှာ မပါသော်လည်း နောက်ပိုင်း တရုတ် နဲ့ မြန်မာ အကြား ဆက်သွယ်မယ့် High speed မီးရထားလမ်းမကြီးတွေ အတွက် လျပ်စစ်ဓါတ်အား အကြီးအကျယ် လိုအပ်နေတဲ့ အတွက် မြစ်ဆုံဆည်သည် အရေးပါနေတာ ဖြစ်တယ်လို့ ထောက်ပြခဲ့ကြကြောင်း လာရီ ဂျေဂင် က ဘန်ကောက်ပို့စ် သတင်းစာမှာ Power Play ခေါင်းစဉ် နဲ့ ရေးသားထားပါတယ်။

ဒီကိစ္စသည် နှစ်နိုင်ငံ အကြား ဆက်ဆံရေးမှာ ဆူးငြောင့်ခလုတ်သဖွယ် ရှိနေပြီး ရှေ့ဆက် စီမံကိန်းတွေ ပူးပေါင်း အကောင်အထည် ဖေါ်သွားဖို့ အတွက်လည်း အတားအဆီး သဖွယ် ဖြစ်လာနေတာမို့ အမြန် ဖြေရှင်းကြရဖို့ ရှိနေပါတယ်။ တခု ကံကောင်းနေတာက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ် သမ္မတ စီရှင်ပင့် တို့ အကြား ဆက်ဆံရေး က ယခုထက်ထိ နွေးထွေးနေဆဲ ဖြစ်တယ်လို့ မြန်မာ သံအရာရှိတွေက ပြောကြောင်း လာရီ ဂျေဂင် က ဆိုပါတယ်။

နောက်လထဲ ကျင်းပဖို့ ရှိနေတဲ့ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ တရုတ် သမ္မတ စီရှင်ပင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဖို့ရှိနေပြီး ဘယ်လို ပုံစံနဲ့ ဖြေရှင်းသွားမလဲ ဆိုတာ မသိရသေးဖူး ဖြစ်နေပါတယ်။

ရွေးကောက်ပွဲ ၁၈ လ သာ လိုတော့တဲ့ အင်အယ်ဒီ အစိုးရအဖို့လည်း အခုလို အချိန်မှာ မြစ်ဆုံကို ပြန်စမယ် ဆိုလို့ရှိရင် နိုင်ငံရေး အရ ကိုယ့်ကိုကိုယ် အဆုံးစီရင်သလို ဖြစ်ဖို့ ရှိနေပါတယ်။ သို့သော် နိုင်ငံ ရှေ့လျောက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တရုတ် ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ လိုအပ်နေပြန်ပါတယ်။ တဖက်ကလည်း စီမံကိန်း ကို လုံးဝဖျက်သိမ်း ပြစ်မယ်ဆိုရင် တရုတ် ကုမ္ပဏီ များ က တည်ဆောက်ပြီးသမျှ အတွက် လျော်ကြေး ပေးရဖို့ ရှိနေပြီး ပမာဏာ က အရင် ဒေါ်လာ သန်း ရှစ်ရာမှ နှစ် ဘီလီယံလောက်အထိ တိုး တောင်းဆိုဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်တွင်း ခရီးစဉ်အတွင်း မှာ ထိုကိစ္စ နဲ့ ပါတ်သက်ပြီး အမျှော်အမြင် ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတတ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့တဲ့ အတွက် မြစ်ဆုံ ပြန်လည် စတင်နိုင်စရာ ရှိနေတယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာနေပါတယ်။

အဖြစ်နိုင်ဆုံး ခန့်မှန်းချက်ကတော့ မြစ်ဆုံ လျပ်စစ်ဓါတ်အားပေးရေး စက်ရုံ မှ ထွက်ရှိတဲ့ လျပ်စစ်ဓါတ်အားလုံးကို ပြည်တွင်း အတွက်ပဲ သုံးစွဲရမယ် ဆိုတဲ့ စာချုပ်အသစ် ထပ်မံ ချုပ်ဆိုဖို့ ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ထို့အပြင် မန္တလေး ကို ဆက်သွယ်မယ့် လျပ်စစ်ဓါတ်အားလိုင်းကိုလည်း တရုတ်က တာဝန်ယူ တည်ဆောက်ပေးရမယ် လို့ လည်း ပါနိုင်ကြောင်း လာရီ ဂျေဂင် ဆောင်းပါးမှာ ရေးသားထားပါတယ်။

အလျား မိုင်ပေါင်း ၁၃၇၀ ရှိတဲ့ ဧရာဝတီမြစ်ကြီးကတော့ ဘိုးစဉ်ဘောင်ဆက် တည်ငြိမ်စွာ စီးဆင်းပြီး သူ့တာဝန် ကို သူ ကျေပွန်စွာထမ်းရွက်ပေးနေခဲ့တာလည်း ကြာပြီ ဖြစ်ပါတယ်၊ ယခင်က ဟင်္သာတ မှ အထက် ဗန်းမော်အထိ သင်္ဘောခရီးစဉ် ရှိနေခဲ့ဖူးပါတယ်။ နိုင်ငံ၏ မြောက်မှတောင် တစ်နံတစ်လျား လယ်ယာစိုက်ပျိုးရေး နှင့် သောက်ရေသုံးရေကို မြစ်ဝှမ်းနေ ပြည်သူ ( ၂၆ ) သန်းခန့် မှီတင်းနေရသည့် မြစ်ကြီးဖြစ်ပြီး နိုင်ငံ၏ ရေကြောင်း သယ်ယူပို့ဆောင်ရေး အတွက်လည်း အားထားရာ ဖြစ်ပါတယ်။

သို့သော် ထိုသို့ ကျေးဇူး ရှိခဲ့ဖူးသော မြစ်ကြီးအား မည်သူမျှ အရေးတယူ လုပ် စောင့်ရှောက်ရကောင်းမှန်း မသိခဲ့ကြပေ။ မြို့ကြီးများ ရှိ ရေဆိုး ရေညစ်များကို အလွယ်တကူ ပင် ဧရာဝတီ မြစ်ကြီးထဲသို့ စွန့်ပြစ်ခဲ့ကြခြင်း၊ မြစ်ကြောင်းတလျှောက်ရှိ စက်ရုံ များမှ ရေဆိုးများ၊ စွန့်ပြစ်ကြခြင်း၊ ထို့အပြင် မကြာခင်ပုပ်ဆွေးနိုင်တဲ့အမှိုက်တွေ တိရိစ္ဆာန်အသေကောင်ပုပ်တွေ မဆွေးမမြေ့ နိုင်တဲ့ ပလတ်စတစ်အိပ်တွေ ဖော့ဘူးတွေ ဖန်ပုလင်းကွဲတွေ၊ ဒီဇယ်ဆီ အင်ဂျင်ဝိုင်များ မျောပါနေကြခြင်းများ၊ မြင်မကောင်းအောင် တွေ့နေရတယ်လို့ နိုင်ငံခြား စာနယ်ဇင်း များ တွင် တကူးတက ဖေါ်ပြနေခြင်း များ နှင့် ယခုအခါ ဧရာဝတီ မြစ်ကြီး အတွက် အသက်ပေး ကာကွယ်မည်ဟု ကြွေးကြော်နေခြင်းများက မည်သို့မျှ ပင် သဟဇာတ မရှိ ဖြစ်နေပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ မြစ်ကြီးနားသတင်းစဉ်မှာ မေခ နဲ့ မေလိခ မြစ်နှစ်သွယ်ရှိရာမှာ မေခမြစ်ရဲ့အထက်ပိုင်းမှာရှိတဲ့ ခါဘာကျေးရွာအနီးမှာ စက်ယန္တယားကြီးများနဲ့ ရွှေရှာဖွေ နေကြကြောင်း ဖော်ပြလာပါတယ်။ ရွှေ ပါနိုင်တဲ့ မြေစာများကို ဇကာချခြင်း ရေနဲ့ဆေးချခြင်း ပြီးရင်ပြဒါးအစရှိတဲ့ ဓါတုပစ္စည်းတွေ မြစ်ကြီးထဲ မျောပါနေကြခြင်းများကို အရေးတယူ ကန့်ကွက်နေကြခြင်းလည်း မရှိတာ တွေ့ရပြန်ပါတယ်။

သို့သော်လည်း နောက်လထဲ ဘီဂျင်း သို့ သွားပြီး သမ္မတ စီရှင်ပင့် နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖို့ အဖြေတခုခု တော့ ရှိပြီး ဖြစ်နေမှာ ကြိမ်းသေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖို့ကတော့ အရာရာ ကို အနစ်နာခံခဲ့ပြီးသား ဖြစ်နေတာမို့ တိုင်းပြည်အတွက် အကျိုး ရှိမယ် အများ ပြည်သူလည်း မထိခိုက်ရအောင် အကောင်းဆုံး အဖြေတခု ပေးနိုင်မှာ ဖြစ်ပါတယ်။

လာရီ ဂျေဂင် ကတော့ လျော်ကြေးပေးပြစ်ဖို့ ထောက်ခံ ရေးသားထားတာကို လည်း ဖတ်ရှုရပါတယ် ၊ ဒီကိစ္စကို ယခုနှစ် မကုန်မီ တရုတ် သမ္မတလည်း မြန်မာနိုင်ငံကို အလည်အပါတ် မလာရောက်မီ အပြီး ဖြေရှင်းကြဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သည် ထိပ်တိုက်ရင်ဆိုင် စရာ ကိစ္စများ ကြုံတွေ့ရသည့် အခါတိုင်း work around အဖြေကို ရှဉ့်လဲလျှောက်သာ ပျားလည်းစွဲသာ အဖြေရှာနိုင်အောင် နိုင်ငံရေး ပရိယာယ် ကြွယ်ဝသူ ဖြစ်တာကြောင့် အကောင်းဆုံး အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

အထက်က ပြောခဲ့တဲ့ အတိုင်း အကယ်၍များ မြစ်ဆုံ ကိစ္စ ပြန်စဖို့ ဆုံးဖြတ်ရင် သူမ နဲ့ သူမ အစိုးရ အတွက် ရွေးကောက်ပွဲ နီးလာနေစဉ် အကျိုးယုတ်ဖွယ်ရာ ရှိနေတာ ကို ကြည့်ရင် ထိုဆုံးဖြတ်ချက်သည် နိုင်ငံ နဲ့ လူမျိုး အကျိုး အတွက် သက်သက်သာ ဖြစ်တယ်လို့ ဆိုတာ ယုံမှား သံသယ ဖြစ်စရာ လိုမယ် မထင်ပါဖူး ဆိုတာ တင်ပြလိုက်ရပါတယ်။
လှစိုးဝေ

No comments:

Post a Comment