
ဒီနေ့ ဆရာကြီး ဦးမင်းဆွေရဲ့ အမှု ဒုတိယအကြိမ်မြောက်
ရုံးချိန်းကို ဖျာပုံတရားရုံးမှာ စစ်ဆေးပါတယ်။
ဖျာပုံဒေသခံ ၁၀၀ ဝန်းကျင်လောက် ဆရာကြီးကို
လာရောက်ဝန်းရံခဲ့ကြပြီး အေးမြတ်သူဘက်က
မဘသဘုန်းကြီး ၄ ပါး နဲ့ ရန်ကုန်က မျိုးညစ်အုပ်စုက
၁၀ ယောက်လောက် လိုက်ပါလာပါတယ်။
ဒီနေ့အမှုစစ်ရာမှာ လုံးဝထင်မှတ်မထားတဲ့
ထူးခြားချက်တွေကို တွေ့လိုက်ရပါတယ်။
တရားရုံးမှာ စစ်ဆေးရာမှာ ဆရာကြီး ဦးမင်းဆွေက
သူ့အနေနဲ့ တစ်ဖက်သတ် အစွပ်စွဲခံရတဲ့အပေါ်မှာ
ဖြေရှင်းနိုင်ဖို့အတွက် တရားရုံးမှ DNA စစ်ခွင့်ပြုရန်
တရားရုံး ခွင့်ပြုမိန့်ကို တောင်းခံခဲ့ပါတယ်။
DNA စစ်ဆေးဖို့ဆိုတဲ့ လျှောက်လဲချက်ကို ကြားတဲ့အခါမှာ
အေးမြတ်သူရဲ့ ရှေ့နေက သူ့အမှုသည်က
DNA စစ်ဆေးဖို့ ငွေကြေးမတက်နိုင်ကြောင်း၊ ဆရာကြီးက
DNA စစ်ဆေးဖို့အတွက် သူအကုန်ကျခံမယ်လို့ ပြောရာမှာ
မုဒိန်းမှုတွေမှာ DNA စစ်တာ
ထုံးစံမရှိတဲ့အတွက် ကန့်ကွက်ပါတယ်လို့ ထပြောခဲ့တယ်
ဆရာကြီးရဲ့ရှေ့နေကြီး ဦးအောင်သိန်းက တော့
တရားရုံးတွေအနေနဲ့ လိုအပ်လာရင် DNA စစ်ဆေးခွင့်ကို
ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီး ဖြစ်ကြောင်း အကိုးအကားတွေနဲ့
ထပ်မံလျှောက်ထားလိုက်ပါတယ်
နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာပြီးနောက်မှာ
တရားသူကြီးက DNA စစ်ဆေးဖို့ သင့်မသင့်ကို
နောက်လာမယ့် ဧပြီလ ၁ ရက်နေ့ ရုံးချိန်းမှာ
အမိန့်ချမည်ဖြစ်ကြောင်း ကြေညာပြီး နေ့လည် ၂ နာရီမှာ
အမှုကြားနာခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။
ဒီဖြစ်ရပ်မှာ ထူးခြားတာက အမှန်ဆို အေးမြတ်သူတို့ဘက်က DNA စစ်ဆေးဖို့ တောင်းဆိုရမှာ
ဖြစ်ပြီး ဒါမှသာ သူတို့စွပ်စွဲချက်က မှန်ကန်ခဲ့ရင်
ဆရာကြီးအတွက် ငြင်းမရနိုင်တဲ့ သက်သေအထောက်အထား တင်ပြလို့ ရမှာဖြစ်ပါတယ်။
ဒီအခွင့်အရေးကို သူတို့ဘက်က မယူပဲ ဆရာကြီး ဦးမင်းဆွေဘက်က လျှောက်ထားလာတဲ့ DNA စစ်ဆေးဖို့
တင်ပြချက်ကို အေးမြတ်သူရဲ့ ရှေ့နေက ပြင်းပြင်းထန်ထန်
ကန့်ကွက်ခဲ့လဲဆိုတာ ဆက်စပ်စဉ်းစားကြည့်ရင်
ဒီအမှုရဲ့ နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုတွေ
အတော်ကြီး ပါဝင်ပတ်သက်နေတာ သိနိုင်ပါလိမ့်မယ်။
လာမယ့် ဧပြီလ ၁ ရက်နေ့ ရုံးချိန်းမှာ တရားသူကြီး မှ
DNA စစ်ဆေးဖို့ ခွင့်မပြုဘူး ဆိုရင်တော့ ဒီအမှုဟာ
တစ်ဖတ်သက်ဖြစ်နေပြီလို့ မှတ်ယူကောက်ချက်ချ
ရပါတော့မယ်။
ZN.H
No comments:
Post a Comment