Latest News

Thursday, March 28, 2019

အဆိုးသံသရာလည်နေသည့်ကလေးအဟာရချို့ တဲ့ မှုပြဿနာသင်ရိုးညွန်းတမ်းများတွင် ထည့်သွင်းပြဌာန်းရန်လို

အဆိုးသံသရာလည်နေသည့်ကလေးအဟာရချို့ တဲ့ မှုပြဿနာသင်ရိုးညွန်းတမ်းများတွင်  ထည့်သွင်းပြဌာန်းရန်လို


သာပေါင်းမြို့ နယ်ကအခြေခံပညာမူလတန်းကျောင်းကအဟာရတိုက်ကျွေးမမှုအစီအစဉ်တစ်ခုကိုတွေ့ ရပုံ

  အဆိုးသံသရာလည်နေသည့်ကလေးအဟာရချို့ တဲ့ မှုပြဿနာ

    ကိုအခြေခံညာသင်ရိုးညွန်းတမ်းများတွင် ထည့်သွင်းပြဌာန်းရေးဆွဲရန်လိုအပ်ကြောင်း ပုသိမ်မြို့ မှအထွေထွေရောဂါကုဆရာဝန်ဒေါက်တာစစ်တင်ကပြောသည်။



    “အဓိကတော့အားလုံးတာဝန်ရှိတယ်တစ်ဦးချင်းတာဝန်ရှိတယ် အဲ့ တော့အခြေခံမှာကျန်းမာရေးအသိရမလာရင် ကုတင်ငါးရာဆောက်ဆောက် တစ်ထောင်ဆောက်ဆောက်ပြည့် လျှံ့ နေမှာပဲ ပြောချင်တာက ပညာရေးအခြေခံမှာတည်းကစမှ အဆိုးသံသရာကွင်းဆက်ကလည်းလွတ်မှာခုကမသိတာနဲ့ မရှိတာပေါင်းလိုက်တော့ဘာမှလုပ်မရဖြစ်နေတာ”ဟု၎င်းကဆိုသည်။

၎င်းဆိုလိုသည့် အဓိပ္ဗါယ်မှာ ကျန်းမာရေးပညာပေးမှုကို အရွယ်ရောက်ပြီးသူများကိုသာ ဦးတည်ပေးနေခြင်းက ပြဿနာ၏ အဓိက အကြောင်းရင်းကို ချေဖျက်နိုင်ခြင်းမရှိဘဲ ကျန်းမာရေးအသိအားနည်းမှု၊ စီးပွားရေး အခြေအနေ နိမ့်ကျမှု နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကြောင့် တိုင်းပြည်ဝင်ငွေ နည်းပါးမှုတို့က ကွင်းဆက်သဖွယ်ဖြစ်နေကာ အဆိုးသံသရာသဖွယ်ဖြစ်နေကြောင်း ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။ 

   

    အဟာရပြည့်ဝပြီးကျန်းမာကြံ့ ခိုင်သည့် ကလေးများဖြစ်လာစေရန်မှာ ကိုယ်ဝန်ဆောင်ကာလနှင့်နိ့ တိုက်နေစဉ်တွင်မိခင်မှအဟာရပြည့်ဝအောင်စားသောက်ရန်၊မွေးစမှခြောက်လအထိမိခင်တစ်မျိုးတည်းကိုသာ တိုက်ရန်၊နှင့်ခြောက်လကျော်မှနှစ်နှစ်အတွင်းအသက်အလျောက်လိုအပ်သာဖြည့်စွက်စာအဟာရကိုကျွေးမွေးရန်အဓီကလိုအပ်သည်ဟုSUNCSAအဟာရမြှင့်တင်ရေးအရပ်ဖက်လူမှုအဖွဲ့ အစည်းကွန်ယက်မှအဟာရပညာရှင်ဦးစိုးညီညီကပြောသည်။

    အဟာရပြည့်ဝတဲ့ ကလေးတွေကကြီးလာရင်ကျန်းမာတဲ့ ကလေးတွေဖြစ်မယ် ဥာဏ်ရည်ပိုမြင့်မယ်ပိုပြီးကျန်းမာမယ် ပညာပိုတတ်မယ် ၀င်ငွေပိုကောင်းမယ် နိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကိုပိုပြီးအရှိန်အဟုန်ဖြစ်စေမယ်”ဟု၎င်းကဆက်ပြောသည်။

    အဆိုးသံသရာကွင်းဆက်ကိုဖျက်ပစ်ရန် အခြေခံပညာရေးတွင်ထည့်သွင်းပြဌာန်းရန်လိုအပ်သလို နိုင်ငံတော်မှလည်းစီးပွါးရေးကို ကောင်းမွန်အောင်ဆောင်ရွက်ပေးသင့်သည်ဟု နိုင်ငံရေးလေ့ လာသူပုသိမ်ဒေသခံဦးသန်းဝင်းကဆိုသည်။

    အခြားနိုင်ငံတွေမှာကျန်းမာရေးကိုအခြေခံပညာမှာတည်းကစသင်တာကျွန်တော်တို့ နိုင်ငံမှာကဒါတွေမရှိဘူးကျွန်တော်တို့ ဆိုလည်းမွေးစကနေခြောက်လအထိမိခင်နို့ ကသာအကောင်းဆုံးဆိုတာစာတွေဖတ်မှခုမှသိရတာ တကယ်ဆိုအသိဥာဏ်ပညာနဲ့ ချင့်ချိန်လိုက်မှာလိုအပ်တဲ့ အဟာရတို့ ဗီတာမင်တို့ ဆိုတာကိုသိမှာအဲ့ တော့ပညာရေးကိုစပြောင်းရမယ်စီးပွါးရေးလည်းကောင်းမွန်အောင်စီမံပေးရမယ် စီးပွါးရေးနောက်ကျရင်ပညာရေးနောက်ကျမယ်ပညာရေးနောက်ကျရင်အသိဥာဏ်ပညာနောက်ကျမယ်ဒါကကွင်းဆက်သံသရာပဲ”ဟု၎င်းကဆက်ပြောသည်။

    သို့ သော်လည်းကျေးလက်ဒေသများတွင် ပညာရေး ကျန်းမာရေး လူမှုစီးပွါးရေးအခြေနေများကြောင့် အဆိုးသံသရာကွင်းဆက် သံသရာလည်နေပြီး ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များ ပညာပေးမှုများမှာအားနည်းနေဆဲဖြစ်ကြောင်းပုသိမ်မဲဆန္ဒနယ်မှတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးအောင်သူထွေးကပြောသည်။

    ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဒုတိယတိုင်းဦးစီးမှူဒေါက်တာဖေအောင်ကအဆိုးသံသရာကွင်းဆက်ကိုပယ်ဖျက်ရန်ပြည်သူများကလည်းကျန်းမာရေးဌာနကိုယုံကြည်အားကိုးလာရန်လိုအပ်ကြောင်းနှင့် လတ်တလောကျန်းမာရေးဌာနတွင် ၀န်ထမ်းအင်းအားနည်းပါးနေသည်ဟု ပြောသည်။

    ဧရာဝတီတိုင်းဒေသကြီးတွင်းအဟာရချို့ တဲ့ မှုနှင့်ပုညက်မှုမှာ မြန်မာစ်နိုင်ငံလုံးတွင် ဒုတိယ အဆိုးဆုံးနေရာတွင်ရှိနေသည်ဟုကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် MDHS(2015)တွင်ဖော်ပြပါရှိသည်။

မျိုးမင်းပိုင်


No comments:

Post a Comment