Latest News

Monday, February 4, 2019

လုပ်ကွက်လုံခြုံရေးများရဲ့ပစ်ခတ်ခံရဲ့  ခြောက်လှန့် ပစ်ခတ်မှုကြောင့် ရေမဆေးရှာဖွေသူ တဦး သေနတ်ထိမှန် ....

လုပ်ကွက်လုံခြုံရေးများရဲ့ပစ်ခတ်ခံရဲ့  ခြောက်လှန့် ပစ်ခတ်မှုကြောင့်   ရေမဆေးရှာဖွေသူ တဦး သေနတ်ထိမှန် ....

ဖေဖေါ်ဝါရီ-၄                       

             ဖားကန့် မြို့နယ်လုံးခင်းအုပ်စု ဆန်ခါကျေးရွာကျေးရွာနဲ့ မဇွပ်ယန် ကျေးရွာအနီးက ရေမဆေးသမားများအခေါ်  တစ်သုံးလုံးကျောက်စိမ်းတူးဖော်ရေးမြေစာပုံမှာ ဒီနေ့နံက် ၁၁နာရီလောက်က လုပ်ကွတိလုံခြုံရေးရဲတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ မောင်ကျော်ဇင်ဖြိုး (၂၅)နှစ်ဟာ သနတ်ထိမှန်ခဲ့ပါသည်။ သေနတ်ထိမှန်ခဲ့တဲ့  မောင်ကျော်ဇင်ဖြိုးဟာ ဦးခေါင်းနောက်စေ့မှာ ကျည်ဆန်ထိမှန်ဖောက်ထွက်ခဲ့တယ်လို့ မျက်တွေ့ရှိသူ ရေမဆေးသမားတွေက ပြောပါတယ် ။

          အခုလို ဖြစ်ပွားခဲ့တာဟာ ရေမဆေးကျောက်ရှာဖွေသူတွေကို ပုံမှန်ဝင်နေကြ ဝင်ခွင့်ပြုတဲ့အချိန်မှာ ဝင်ရောက်ရှာဖွေကြရင်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့လဲ မျက်မြင်တွေက ပြောပါတယ် ။

          မောင်ကျော်ဇင်ဖြိုးဟာ မိုးကောင်းမြို့နယ် နမ့်မနကျေးရွာဇာတိဖြစိပြီး လုံးခင်းအုပ်စု ဆွတ်အောင်ကျေးရွာမှာနေထိုင်တယ်လို့ လည်းသိရပါသည်။ မောင်ကျော်ဇင်ဖြိုးဟာ ရရှိထားတဲ့သေနတ်ဒဏ်ရာနှင့် လုံးခင်းအုပ်စုတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ် ။  အသက်ရှင်ဖို့  ရာခိုင်နှုန်းနည်းတယ်လို့  ဆေးပညာရှင်များက ဆိုပါတယ် ။  တာဝန်ရှိတဲ့ ဆရာဝန်တွေက ကြိုးစားကုသပေမဲ့လဲ ၁:၁၅ မှာ သေဆုံးသွားခဲ့ပါတယ် ။ ဖားကန့် ကျောက်စိမးတွင်းဒေသမှာ ယခုလိုဖြစ်စဉ်မျိုးတွေ မကြာခဏဖြစ်ပွားနေတာကိုတွေ့ရပါသည် ။
ရေမဆေးသမား မောင်ဇင်မင်းဖြိုး ကောင်းရာသုဂတိလားပါစေ ။

   ဆေးကုသမှုများကို ကြိုးစားဆောင်ရွက်ပေးကြတဲ့ လုံးခင်းတိုက်နယ် ဆေးရုံမှ တာဝန်ရှိသူများနဲ့ ဆရာဝန်များကို  မိသားစုကိုယ်စား ကျေးဇူး အထူးတင်ပါတယ် ။
ဇော်မိုးထက်( ဖားကန့်)

No comments:

Post a Comment