Latest News

Wednesday, February 20, 2019

ကျမဖေဖေ နိုင်ငံရေးသမား


ကျမဖေဖေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စွာ စိတ်ပူပန်စွာ စိတ်ရင်းအမှန်များဖြင့် မေးမြန်းနေကြသော မိတ်ဆွေရင်းများ၊ ချစ်သူငယ်ချင်းများနှင့် နိုင်ငံရေးအသိမိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။ ကျမတို့လည်း မီဒီယာက လာတိုင်းလည်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အခုလည်း အဖြစ်မှန်ကို အားလုံးသိရအောင် ပြောချင်ပါတယ်။

ကျမတို့မိသားစုဟာ ကျမတို့ရဲ့ အဖေတွေ အစ်ကိုတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ နဲ့ ကျမတို့ မိသားစု ဂုဏ်သိက္ခာကို ကျမတို့ အသက်ထက် ပိုပြီး တန်ဘိုးထားတယ်ဆိုတာ၊ ကျမတို့နဲ့တွေ့ကြုံဆက်ဆံဖူးတဲ့ မိတ်ဆွေတွေ၊ ကျမဖေဖေရဲ့ နိုင်ငံရေးအ၀န်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေ အားလုံးက သိပြီးဖြစ်နေမှာပါ။ နှစ်ပေါင်း(၃၀)ကျော်လောက် ကြမ်းတမ်းတဲ့ နိုင်ငံရေး အခက်အခဲအောက်မှာ ကျမတို့ မိသားစုဟာ အသက်တမျှ တန်ဘိုးထားခဲ့တဲ့ နိုင်ငံရေး သိက္ခာ တစ်ခု ထိန်းသိမ်းထားနိုင်ဖို့အတွက် ဘယ်လောက်တောင် ဒုက္ခမျိုးစုံ၊ စစ်ထောက်လှမ်းရေး တွေရဲ့  ညစ်ပတ်မှုမျိုးစုံ ဘယ်လောက်ခံခဲ့ရသလဲဆိုတာ ကျမတို့နဲ့ ပတ်သက်ဖူးသူ ဖျာပုံမြို့သားများအပြင် မိတ်ဆွေတွေ အားလုံး သိကြပါတယ်။

 ၁၉၉၀ ဖျာပုံမြို့နယ် NLD ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ကျမဖေဖေ ဦးမင်းဆွေဟာ အခုဆိုရင် အသက်(၇၅)နှစ်ကျော်လာပါပြီ။
သူရဲ့ တန်ဖိုးရှိတဲ့ဘ၀တွေဟာ ၁၉၈၈ခုနှစ် မတိုင်ခင်ကတည်းက မဆလအာဏာရှင်စနစ်ကို အန်တုခဲ့လို့ အထက်တန်းပြဆရာဘ၀ကို စွန့်လွှတ်ပေးခဲ့ရတယ်။ စစ်အာဏာရှင် သက်တမ်းအောက်မှာလည်း NLD လွှတ်တော်ကိုယ်စားလှယ်ဘ၀နဲ့ ထောင် နှစ်ကြိမ် (၁၄)နှစ်ကျော်ကျခဲ့တယ်။ ထောင်ထဲမှာလည်း နှစ်ကြိမ် အကြာကြီးနေခဲ့ရသူပါ။ ထောင်ထဲမှာလည်း ကျန်းမာရေးမကောင်းတဲ့ဒဏ်တွေနဲ့ အပြင်ဘက်မှာလည်း နိုင်ငံရေး ကြမ်းတမ်းမှုဒဏ်တွေက သူ့ရဲ့ကျန်းမာရေးကို တော်တော်ထိခိုက်စေခဲ့ပါတယ်။ ထောင်က ပြန်လွှတ်လာပြီးအချိန်ကတည်းက ကျမဖေဖေဟာ ပန်းသေပန်းညိုးရောဂါ ရလာခဲ့သူပါ။ အခုအချိန်အထိလည်း ပန်းသေပန်းညိုးရောဂါ ရှိနေပါတယ်။ ကျန်ခဲတဲ့ ၁၀နှစ်ကျော်လောက် က ရောဂါကို ကုပေမယ့် အခုလို အသက်ကြီးလာတဲ့အချိန်မှာ ဖေဖေဟာ ဒီအတိုင်းဘဲ နေပါတော့တယ်။ ကလေးရနိုင်မယ့် ယောင်္ကျားတစ်ယောက်လိုလည်း မစွမ်းဆောင်နိုင်တဲ့သူပါ။ ကျမတို့အသက် အခု(၄၇)နှစ်ရှိပါပြီ။ ကျမတို့အမွှာကို မွေးပြီး (၈)လကျော်မှာဘဲ ကျမဖေဖေဟာ သားသမီးထပ်မယူတော့ဖို့ဆုံးဖြတ်ပြီး သားကြောကို ဖြတ်ခဲ့တဲ့သူ တစ်ယောက်ပါ။ အခုလို ကျမတို့ စီးပွားရေးလေး ပြေလည်လာမှ ကျမဖေဖေဟာ စိတ်သက်သောက်သက်သာနဲ့ နေထိုင်လာခဲ့တာ ခဏဘဲရှိပါသေးတယ်။ ဒါပေမဲ့ မကောင်းတဲ့ ကံကြမ္မာတစ်ခုက ထပ်ဒုက္ခပေးလာပြန်တယ်။ အသက်(၇၅)နှစ်ကျော် သားကျောဖြတ်ထားပြီး ပန်းသေပန်းညိုးရောဂါနဲ့ ကလေးရနိုင်မယ့် ယောင်္ကျားတစ်ယောက်လိုလည်း မစွမ်းဆောင်နိုင်တော့တဲ့ ကျမဖေဖေက (၁၅)နှစ်အရွယ် အိမ်ဖော်မိန်းခလေးကို မုဒိမ်းကျင့်လိုက်လို့ အဲဒီကောင်မလေးဟာ ကိုယ်ဝန်ရသွားတယ် လို့စွတ်စွဲခဲ့ကြပါတယ်။ အဲဒီစွတ်စွဲချက်တွေကြားတော့ ကျမတို့မိသားစုဟာ တော့တော့ကို ဟားတိုက်လို့ရီချင်တယ်၊


ပြီးတော့ တော်တော်လည်း ခံပြင်းမိတယ်လေ။ အဲဒီမိန်းကလေး မအေးမြတ်သူနဲ့ သူအစ်မအရင်း မခင်ချိုသက်တို့ (၂)ဦးဟာ ၂၀၁၅ ဧပြီလကနေ ၂၀၁၇ ဧပြီလအထိ ကျမတို့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အိမ်အကူအလုပ်သမားအဖြစ် (၂)နှစ်တိတိလုပ်ပြီး အလုပ်ထွက်သွားခဲ့ပါတယ်။ နောက်တစ်နှစ်အကြာ၂၀၁၈ ဧပြီလမှာ မအေးမြတ်သူကော၊ သူ့အစ်မ မခင်ချိုသက်ကော အလုပ်ပြန်လာလုပ်ချင်လို့ ကျမတို့ အလုပ်ပြန်ခန့်ခဲ့ပါတယ်။ ကျမတို့ကျောင်းမှာ အိမ်အကူ၊ ကျောင်းသန့်ရှင်းရေး၊ အ၀တ်လျှော်၊ မီးပူတိုက်၊ ကားမောင်း စတဲ့အလုပ်သမားများဟာ ပုံမှန် (၂၀)ဦးကျော်ကျော်ရှိပါတယ်။ သူတို့လိုဘဲ အိမ်အကူမိန်းခလေးတွေဟာ (၁၅)ဦးလောက်ရှိပါတယ်။ ဒါအပြင် ကျောင်းအိပ်ကျောင်းစား ဆရာမများ၊ ဂိုက်လုပ်ပေးတဲ့ ဆရာ/ဆရာမများဟာလည်း ပုံမှန် (၃၅)ဦးကျော်လောက်ရှိနေတာပါ။ ဒါတောင်သီးသန့်ဌားထားတဲ့ Green Card ကိုင်ထားတဲ့ ဆရာ/ဆရာမတွေ မပါသေးပါဘူး။ သူတို့ညီအစ်မဟာ အလုပ်ထွက်ပြီး ၁နှစ်အကြာ ၂၀၁၈ ခုနှစ် ဧပြီလ(၃၀) ရက်နေ့မှာ ကျမတို့ကျောင်းကို အလုပ်စ၀င်ခဲ့ပါတယ်။ စာချုပ်စာတမ်း အထောက်အထားတွေ ကျမတို့မှာရှိပါတယ်။ (၄)လနဲ့ (၃)ရက် အလုပ်လုပ်ပြီးတဲ့အချိန်မှာ မအေးမြတ်သူ(စွတ်စွဲသူ)က အလုပ်မလုပ်ချင်တော့လို့ ပြန်ချင်တယ်ပြောလာလို့ သူအစ်မ အကြီးဆုံးကို ခေါ်ပြီး ပြန်ထဲ့လိုက်ပါတယ်။ သူအစ်မအလတ် မခင်ချိုသက်ကတော့ ဆက်ပြီး အလုပ်လုပ်ပါတယ်။ မအေးမြတ်သူ ကြိုတင်ယူထားတဲ့ငွေတွေ မကျေသေးလို့ သူအစ်မလတ် မခင်ချိုသက်က အလုပ်လုပ်ရင်းဆပ်ပါ့မယ်လို့ သူ့မိသားစုက ပြောလာလို့ မအေးမြတ်သူ ကြိုတင်ငွေယူထားတဲ့ကိစ္စကို ကျမတို့က ဘာမှဆက်မပြောဖြစ်တော့ပါဘူး။ သူအစ်မလတ် မခင်ချိုသက်က အခုအချိန်ထိ ကျမတို့ကျောင်းမှာ အလုပ်လုပ်နေတုန်းပါဘဲ။ ပြဿနာတွေ စဖြစ်တဲ့အချိန်မှာ သူအစ်မလတ် ခင်ချိုသက်ကိုပါ အလုပ်ကထုတ်ချင်ပေမယ့် ဘာပြဿနာမှ မရှိဘဲ၊ အလုပ်လည်း ကောင်းကောင်းမွန်မွန်လုပ်တဲ့ မခင်ချိုသက်ကို ယနေ့ထိ အလုပ်လုပ်ခွင့်ပေးခဲ့တာပါ။ ဒါကို ကျမတို့က အလုပ်မထွက်နိုင်အောင် တားဆီးထားတယ်လို့သူတို့ဘက်က စွတ်စွဲလာတယ်။ ဒါပေမယ် မခင်ချိုသက်က သူအမေတွေ၊ညီမတွေရဲ့ မမှန်မကန် လုပ်ရပ်ကြောင့် အရမ်းရှက်ပြီး သူ့မိသားစုနဲ့ အဆက်အသွယ် သူဘာသာမလုပ်တာပါ။ ကျမတို့မှာ သက်သေအထောက်အထားတွေ အကုန်ရှိပါတယ်။

မအေးမြတ်သူဟာ ကျမတို့ကျောင်းက အလုပ်ထွက်သွားတဲ့နေ့ဟာ ၄.၉.၂၀၁၈ ရက်နေ့ဖြစ်ပါတယ်။ စုစုပေါင်းကျမတို့ဆီမှာ အလုပ်လုပ်ခဲ့တာ (၄)လနဲ့(၃)ရက်ဘဲ ရှိခဲ့တာပါ။ မအေးမြတ်သူ ရန်ကုန်ကနေ ဖျာပုံပြန်သွားပြီး ၆.၉.၂၀၁၈ ရက်နေ့မှာ ဖျာပုံမြို့မှာ နေထိုင်တဲ့ ကျမအစ်ကို ကိုမျိုးမင်းအိမ်ကို မတင်မိုးလှိုင်(ခ)စီလောင်
(မအေးမြတ်သူအစ်မကြီး) နှင့် အမျိုးသမီးတစ်ဦး သွားရောက်ခဲ့ပါတယ်။ ပြီးတော့ ကျမအစ်ကို့ကို ပြောပါ
တယ်  သူ့ညီမအေးမြတ်သူမှာ ကျမအဖေဦးမင်းဆွေနဲ့ ရတဲ့ကိုယ်ဝန်ပါလာတယ်လို့ ပြောလာပါတယ်။ ကျမအကိုကလည်း ငါ့အဖေဟာ ပန်းသေပန်းညှိးဖြစ်ပြီး သားကြောဖြတ်ထားလို့ ငါ့အဖေနဲ့ ကိုယ်ဝန်ရတယ်ဆိုတာ မဖြစ်နိုင်ဘူးပြန်ပြောလိုက်လို့ သူတို့တွေ အိမ်ပေါ်ကဆင်းသွားပါတယ်။ ဒီလိုသတင်းကြားတော့ ကျမတို့ညီအစ်မတွေက မခံနိုင်ကြလို့ အိမ်မှာကျန်နေတဲ့ သူ့အစ်မလတ် ခင်ချိုသက်ကို ပြောပြပါတယ်။ မခင်ချိုသက်နဲ့ မအေးမြတ်သူ၊ သူ့အမေ ဒေါ်တင်မိုးခိုင်ဆိုသူတို့ ဘာတွေအပြန်အလှန် ပြောကြလည်းဆိုတဲ့ ဖုန်းအသံဖိုင်တွေ ကျမတို့ဆီမှာ အကုန်ရှိထားပါတယ်။ ရဲစခန်းကိုလည်း အမှုဖွင့်တဲ့နေ့မှာဘဲ အပ်လိုက်တာပါ။ သူအစ်မလတ် မခင်ချိုသက်(အိမ်မှာလက်ရှိအလုပ်လုပ်နေသူ) သူ့မိသားစုရဲ့လုပ်ရပ်ကို ရှက်လွန်းလို့ ပြောထားတဲ့ စကားတွေ အားလုံးပါပါတယ်။ တရားရုံးမှာ စတင်ရင်ဆိုင်ရချိန် ကျမအကောင့်မှာ ပြန်တင်ပေးမှာပါ။

၁၀.၉.၂၀၁၈ ရက်နေ့မှာ မအေးမြတ်သူဟာ သူမှာကိုယ်ဝန်ရှိ/မရှိ သိရအောင် ဖျာပုံမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းက အာရောဂျံဆေးခန်းမှာ Ultrasound သွားရိုက်ခဲ့ပါတယ်။ Ultrasound အတွက်ကုန်ကျငွေကို သူ့တို့ရပ်ကွက်မှာရှိတဲ့ NLD အဖွဲ့ဝင်တစ်ဦးက ကူညီပေးခဲ့တာပါ။ အဲဒီလူလှမ်းပေးခဲ့လို့ ဒီ Ultrasound မိတ္တူအဖြေကို ကျမတို့ သိခဲ့ရတာပါ။ Ultrasound အဖြေမှာ မွေးမယ့်ရက်က ဒီဇင်ဘာလ(၁၇)ရက်နေ့ ဖြစ်တယ်။ ပြီးတော့ လက်ရှိကိုယ်ဝန်ဟာ (၂၆)ပတ် ရှိတယ်လို့ ဖော်ပြထားပါတယ်။ (၂၆)ပတ်ဆိုတာ (၆)လကျော်ခန့်ပါဘဲ။ အဖြေမှာ ယောင်္ကျားလေးလို့လည်း ပါရှိပါတယ်။ မအေးမြတ်သူ တစ်ကယ်မွေးတော့ ဒီဇင်ဘာ(၄)ရက်နေ့မှာမွေးခဲ့တာပါ။ မအေးမြတ်သူ Ultrasound ရိုက်တဲ့အချိန်မှာ ကိုယ်ဝန်က(၆)လကျော်နေပါပြီး။ မအေးမြတ်သူ ကျမတို့အိမ်မှာ အလုပ်လုပ်သွားတာက(၄)လ(၃)ရက်ဘဲရှိပါတယ်။ ကျမတို့ ကျောင်းမှာ အလုပ်လာမလုပ်ခင် (၂)လလောက်ကတည်းက မအေးမြတ်သူဟာ ကိုယ်ဝန်ရှိလာတာပါ။ ကျမတို့အိမ်မိသားစုဟာ အပေါ်ထပ်မှာသီးသန့်နေထိုင်တာပါ။ အိမ်အကူအလုပ်သမားတွေနဲ့ တစ်ပတ်တစ်ခါ မျက်နှာချင်း ဆိုင်မိဖို့တောင် မလွယ်ပါဘူး။ သူတို့က ကျောင်းအောက်ထပ် ထမင်းစားဆောင်မှာ နေကြပြီး အဲဒီအဆောင်ရဲ့ မြေညီထပ်မှန်ခန်း နောက်ဖက်အခန်းကျယ်မှာအိပ်ကြရတာပါ။

 မအေးမြတ်သူနဲ့ ကျမတို့မိသားစု ပြဿနာဖြစ်ပြီးနောက်ပိုင်း သူတို့ဘက်ကလည်း ငြိမ်သွားခဲ့တယ်။ ကျမတို့လည်း ဘာမှထပ်မဖြစ်တော့ သူတို့ကိုလည်း တရားစွဲတာတွေ အဲဒီအချိန်က မလုပ်ခဲ့ပါဘူး။  ပြဿနာထပ်ဖြစ်လာတာက မအေးမြတ်သူ ကလေးမွေးတဲ့ ဒီဇင်ဘာ(၄)ရက် နောက်ပိုင်း ကလေးအဖေနာမည်ပေးတာက ပြဿနာစကြတာပါ။ သူ့ကလေးရဲ့အဖေနာမည်ကို ဦးမင်းဆွေ(အထပြ- ငြိမ်း) လို့ထဲ့ခဲ့တာပါ။ ဒါဟာကျမတို့အဖေနဲ့ တိုက်ရိုက်သက်ဆို်င်သွားတာပါ။ ဒီသတင်းကို ကြားတော့ ဖျာပုံက ကျမအစ်ကိုနဲ့ မိတ်ဆွေတစ်ယောက်က မြို့နယ်ဆေးရုံဆရာဝန်ဆီကို သတင်းသွားစုံစမ်းခဲ့ပါတယ်။ ဆရာဝန်ကြီးကလည်း သူလည်းအမှုအမှတ်မဲ့မို့ သေချာအောင် စာရွက်စာတမ်းတွေကို ပြန်ရှာကြည့်ပါတယ်။ သေချာပါတယ်.. ကျမအဖေဦးမင်းဆွေရဲ့ နာမည်ကို သူ့သားမွေစာရင်းရဲ့ အဖေနေရာမှာထည့်ခဲ့တာပါ။ ဆရာဝန်ကြီးကိုလည်း အကျိုးအကြောင်းပြောပြပြီး ဒီနာမည်ထည့်တာကို ကျမတို့ဖေဖေက ဆရာဝန်ကြီးရုံးခန်းမှာ ကန့်ကွက်လွှာ တင်ခဲ့ပါတယ်။ပြီးတော့ မိတ္တူကိုလည်း ဖျာပုံရဲစခန်းကို ပေးခဲ့တာပါ။
ကျမတို့ မိသားစု ဒီအတိုင်းနေလို့တော့ မရဘူးဆိုတာ သဘောပေါက်လာပါတယ်။ မိသားစုအားလုံးကလည်း စိတ်တူကိုယ်တူ သဘောပေါက်လာကြပါတယ်။ ကျမဖေဖေကို အပုတ်လိုက်ချနေတယ်၊ သိက္ခာလိုက်ချနေတာကို ကျမတို့ ဒီအတိုင်းမကြည့်နေနိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ ဘ၀မှာ တန်းဘိုးအထားဆုံးက အဲဒီဂုဏ်သိက္ခာတွေဘဲ ဖြစ်လို့ပါ။ ဒါကြောင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလဆန်းရက်မှာ မအေးမြတ်သူနဲ့ သူကို အားပေးအားမြောက်ပြုသူ သူ့မိသားစု၊ သူ့မိတ်ဆွေတွေကို ကျမဖေဖေက ဖျာပုံရဲစခန်းမှာ ပုဒ်မ(၁၀)နဲ့ အမှုဖွင့်ခဲ့တာပါ။

မြို့နယ်တရားသူကြီးကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ဘောင် အတွင်းကဘဲ ဥပဒေအရ ဖမ်းဆီးထားတဲ့ အမျိုးသမီးများကို အာမခံနဲ့လွှတ်ပေးထားပြီး၊ အမျိုးသား(၁)ဦးကိုတော့ အာမခံမပေးဘဲ ဖမ်းဆီးထားပါတယ်။ ကျမတို့ဖေဖေကတော့ ဆက်လက်ရင်ဆိုင်ရမယ့် တရာရုံးအတွင်း မှန်ကန်တဲ့တိုက်ပွဲအတွက် အဖြေမှန်ပေါ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မြန်မာပြည်မှာ တရားဝင် DNA စစ်လို့ရခဲ့ရင်၊ တရားရုံးက ကလေးကို DNA စစ်ဖို့ Order ပေးခဲ့ရင် DNA စစ်လို့ ကုန်ကျန်ငွေကို ကျမတို့က ကျခံပေးမှာပါ။

 ကျမဒီပို့စ်ကနေ တစ်ခုတောင်းဆိုချင်မိပါတယ်။ အဓိကတော့ အမျိုးသမီးရေးလှုပ်ရှားနေကြတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ၊ တတ်ကြွလှုပ်ရှားသူတွေကို တောင်းဆိုချင်တာပါ။ မြန်မာပြည်မှာ သက်ငယ်မုဒိမ်းတွေ တော်တော်လေး များနေတာကိုလည်း အားလုံးအသိပါ။ ဒါပေမယ့် အခုလို လိမ်လည်လှည့်ဖျားပြီး ကောက်ကျစ်ယုတ်မာစွာနဲ့ ကျမဖေဖေကို သိက္ခာကျအောင်၊ မတရားအမှုဆင် စွတ်စွဲလုပ်ကြံမှုတွေ ပြုလုပ်နေသူ မအေးမြတ်သူနဲ့ သူမိသားစုဝင်လို လူမျိုးများကြောင့် သက်ငယ်မုဒိမ်းမှုတွေမှာ တစ်ကယ်ခံခဲ့ရသော အမျိုးသမီးငယ်များအတွက် အရမ်းနစ်နာပါတယ်။ တစ်ကယ်ခံနေရတဲ့ အမျိုးသမီးငယ်တွေအပေါ် ယုံကြည်မှု မဲ့သွားကြမှာကို ကျမတော်တော်စိုးရိမ်မိပါတယ်။ ဒါကြောင့် အမျိုးသမီးရေးလှုပ်ရှားနေသူ ခေါင်းဆောင်များအနေနဲ့လည်း ကျမဖေဖေအမှုကို အမြန်ဆုံးအမှုမှန်ပေါ်ရန် ၀ိုင်းဝန်ကူညီပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
အားလုံးကို မေတ္တာဖြင့်
စုစုထွေး
၂၁.၂.၂၀၁၉

No comments:

Post a Comment