Latest News

Tuesday, February 5, 2019

အာရှနိုင်ငံများအထိ သွားရောက်ပြမည့် ရုပ်ရှင်ဇာတ်ကားအတွက် အကယ်ဒမီ ဝတ်မှုံရွှေရည် ရင်ခုန်နေ

အာရှနိုင်ငံများအထိ သွားရောက်ပြမည့် ရုပ်ရှင်ဇာတ်ကားအတွက် အကယ်ဒမီ ဝတ်မှုံရွှေရည် ရင်ခုန်နေ

မြန်မာနိုင်ငံကနေ    ပထမဆုံးအဖြစ် လိပ်ပြာစံအိမ်(THE ONLY MOM) ရုပ်ရှင်ကားကြီးကို အာရှနိုင်ငံများ ဖြစ် သည့်  ထိုင်း၊  မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊    ဟောင်ကောင်၊   ဂျပန်၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊  ကမ္ဘောဒီးယား ၊ စင်ကာပူ၊ ထိုင်ဝမ်များ အထိ    သွားရောက်ပြသမည်ဖြစ်သည်။

လိပ်ပြာစံအိမ်ထဲက သရုပ်ဆောင် ပိုင်း နှင့် ပတ်သက်ပြီး ဝတ်မှုံရွှေရည်က " အတွေ့အကြုံတွေကတော့  အများ ကြီးရတယ်။ ကစ်တို့ အဲဒီကား  ရိုက်နေ တုန်းကဆိုရင်     နားနေတဲ့အချိန်ဆို အိမ်အပေါ်ထပ်ကို  ဘယ်သူမှ  မတက် ရဲဘူး။ မင်းသားမင်းသမီးတွေ၊ ကလေး သရုပ်ဆောင်တွေနားနေဖို့ဆိုပြီး အခန်း တစ်ခန်းပေးထားတာရှိတယ်။  ကားရိုက် နားချိန်ဆို ကစ်တို့အားလုံး အဲဒီအခန်း ထဲမှာပဲ ပြုံပြီးနေကြတယ်။ ဘယ်မှ မသွားကြဘူး။ တခြားအခန်းကိုလည်း မသွားဘူး။ အိမ်သာသွားရင်လည်း လေးငါးယောက်လောက်စုပြီးမှ အကုန်ပြုံပြီး သွားကြတယ်။ တကယ့်ကို အမှတ်တရပါ။ ရိုက်နေရင်းနဲ့          ကို  စိတ်လှုပ်ရှားစရာကောင်းပါတယ်။  စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေလည်း  ဒီကားရိုက်ရင်းနဲ့  ကြုံရတာဆိုတော့ အမှတ်တရတွေ အများကြီးဖြစ်သွားတာပေါ့။ အဲဒီအိမ်ကြီးရဲ့  သက်တမ်းကိုက  နှစ်ပေါင်း တစ်ရာကျော်နေပြီဆိုတော့ အဲဒီအငွေ့အသက်တွေကိုက စိတ်လှုပ်ရှားစရာကောင်းတာ" ဟု အကယ်ဒမီ ဝတ်မှုံရွှေရည်က ပြောသည်။
အဆိုပါဇာတ်ကားမှာ ပရလောကနှင့်သတ္တလောကအကြား  မိဘနှင့် သားသမီးမေတ္တာတရားကို  စိတ်ဝင်စားဖွယ် တင်ဆက်ထားသည့် သည်းထိတ်ရင်ဖိုအမျိုးအစားဇာတ်ကားဖြစ်ကြောင်း သိရသည်။ ကိုယ်တိုင်ပြန်ကြည့်ချိန်မှာတောင် ကြောက်စရာအလွန်ကောင်းပြီး ပရိသတ်တွေကြည့်ရင်လည်း ကျေနပ် အားရမှု ရှိမယ်ဆိုတာ ယုံကြည်တယ်။ ဒီကားက သည်းထိတ်ရင်ဖိုအမျိုးအစားဆိုတော့ ပရိသတ်တွေ ကြည့်ရင် ကြောက်ပါ့မလားလို့  စိတ်ပူမိတယ်။ အခုကစ်တို့ ဧည့်သည်တွေနဲ့  အတူတူကြည့်ကြတဲ့အခါ လာကြည့်တဲ့သူတွေက   ကြောက်ကြတယ်ဆိုတော့  ကစ်  စိတ်မပူတော့ဘူး။   မကြောက်မှာကို မစိုးရိမ်တော့ပါဘူး။ ကစ် တကယ်ဝါသနာပါပြီး  တကယ်လုပ်ရမယ့်  အလုပ်တစ်ခုကို  မကျေနပ်မချင်း အကောင်းဆုံးလုပ်ခဲ့ရတယ်။ အဲဒီအတွက် ကျေနပ်ပါတယ်။ အဓိက ကစ်ကတော့ ဒီဇာတ်ကားထဲက မေနှင်းဆိုတဲ့ ဇာတ်ကောင်ရဲ့စေခိုင်း တာကိုပဲ သွားတာပေါ့နော်။ ပြီးတော့ ဒါရိုက်တာက ဘယ်လိုတွေ လိုချင်လဲဆိုတာကို ဒါရိုက်တာဖြစ်စေချင်တဲ့ အတိုင်း၊ ဖြစ်စေချင်တဲ့ ကာရိုက်တာဖြစ်အောင် သရုပ်ဆောင် ခဲ့တယ်။ ဆိုတော့ ဒီကားကို ကိုယ်တိုင်ပြန်ကြည့် တဲ့အခါမှာ ကျေနပ်ပါတယ်။ ဒါပေမယ့် ကစ် ကျေနပ်တာ ထက် ရုပ်ရှင်ကြည့် ပရိသတ်တွေကျေနပ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ ပြီးတော့ ပရိသတ်တွေဆီက ပြန်လာမယ့် တုံ့ပြန်မှုကိုလည်း ကစ် ပြန်နားထောင်ပြီး ရင်ခုန်ချင်ပါတယ်"ဟု ပြောသည်။ ကိုလင်း

No comments:

Post a Comment