Latest News

Friday, February 15, 2019

စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးတို့အား ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး

စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးတို့အား ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး


ဗန်ကောက် ဖေဖော်ဝါရီ ၁၅

 ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း၌ မြန်မာနိုင်ငံကူးလက်မှတ်များအား ဗီဇာအတုပြုလုပ်မှုဖြင့် ထိုင်းကုမ္ပဏီ တစ်ခုနှင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့လည်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 ဖေဖော်ဝါရီ ၁၄ ရက် နေ့လည် ၂ နာရီခန့်တွင် ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှတာဝန်ရှိသူများ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ ထိုင်းရဲ တပ်ဖွဲ့နှင့် နယ်မြေ ပေါင်းစုံမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဝင်သောပူးပေါင်းအဖွဲ့သည် နိုင်ငံကူးလက်မှတ်များကို ဗီဇာအတုပြုလုပ်နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား စူလရစီဌ၀ါချိဝ(၆၀ နှစ်) ပိုင်ဆိုင်သည့် တိုတ်ခန်းတွင် CBS-WORLDကုမ္ပဏီ ဖွင့်လှစ်ထားကြောင်း သိရှိရပြီး ဆက်လက် ၀င်ရောက်ရှာဖွေခဲ့ရာ နိုင်ငံကူးစာအုပ်ပေါင်း ၄၈၉ အုပ်၊ ဌာနဆိုင်ရာ တံဆိပ်တုံး ၂၉ ခု၊ ကွန်ပြူတာ တစ်လုံး၊ နိုင်ငံကူးလက်မှတ်များကို ဗီဇာအတုပြုလုပ်ထားသည့် မှတ်တမ်းစာအုပ် တစ်အုပ်၊ အလုပ်လုပ်ခွင့် (၀ပ်ပါမစ်)စာအုပ် ၅၀ အုပ်၊ ပန်းရောင်ဘတ် ငါးခု ၊ ၀ပ်ပါမစ်ကတ် (e-work permit) ၁၈ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

 သိမ်းဆည်းရမိသည့် စာအုပ်အများစုသည် မြန်မာနိုင်ငံမှ ပြုလုပ်လာပြီး ထိုင်းနိုင်ငံသို့ ယူဆောင်လာသည့် PJ နှင့် PVအမျိုးစား စာအုပ်အလွတ် များဖြစ်ပြီး ၎င်းင်းစာအုပ်များပေါ်တွင် ဗီဇာအတုပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် တွေ့ရှိသည့် နိုင်ငံကူးစာအုပ်များအနက် အချို့ စာအုပ်များသည် သက်တမ်းကုန် ဆုံးနေသည့် စာအုပ်များဖြစ်ကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သိရသည်။

 အဆိုပါ CBS-WORLD ကုမ္ပဏီတွင် သန့်ရှင်းလုပ်ကိုင်နေသူ မစုလှိုင်နှင်း၏ ထွက်ဆိုချက်အရ ၄င်းသည် CBS-WORLD ကုမ္ပဏီနှင့် ၀ပ်ပါမစ် လုပ်ထားသူဖြစ်ပြီး သန့်ရှင်းရေးအလုပ်လုပ်ကာ အားလပ်ချိန်များတွင် ၀ပ်ပါမစ်သက်တမ်းတိုးလိုသူများနှင့် ဗီဇာသက်တမ်းတိုးလိုသူ မြန်မာအလုပ်သမားများ ကို လက်ခံကာ အမည်မသိ ထိုင်းကိုယ်စားလှယ်တစ်ဦးအား တဆင့်ပေးရာတွင် အခကြေးငွေအားဖြင့် တစ်ဦးလျှင် ဘတ် ၂၀၀မှ ဘတ် ၃၀၀ အထိရရှိကြောင်း ထွက်ဆိုခဲ့သည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ CBS-WORLD ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားဖြစ်သည့် မစုလှိုင်နှင်းတို့အား ထိုင်းနိုင်ငံ တာဝန်ရှိသူများက စာရွက် စာတမ်းအတုပြုလုပ်မှုဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်းMOEAF ပြန်ကြားရေးကော်မတီ သိရသည်။ ။

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment