Latest News

Wednesday, January 16, 2019




.......
အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၉/၃-၁၂၉/၄ ၄ ကြား မသင်္ကာဖွယ် ဖြတ်သန်းသွားတဲ့ Honda Fit

အမြန်လမ်းမကြီးပေါ်တွင် တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ဖြတ်သန်းသွားလာမှု မရှိစေရေး အတွက် ရှောင်တခင် စစ်ဆေးရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ. ဇန်နဝါရီလ(၁၅) ရက် နေ ့လည်(၁၃၃၀) ချိန် ခန့်တွင် ယာဉ်အမှ တ် 3I/ 6830 အဖြူရောင် ယာဉ် သည် ၁၁၅ မိုင် Toll Gate တွင်. မသင်္ကာဖွယ် ဖြတ်သန်းသွား ကြောင်း သိရှိရသဖြင့်
လမ်းတလျောက် စိစစ် ဆောင်ရွက်လျက်ရှိရာ နေ ့လည် (၁၄၀၅) နာရီအချိန်ခန့် တွင်. ရက နပတ လမ်း မိုင်တိုင်အမှတ် ၁၂၉/၃-၁၂၉/၄ ၄ ကြား တွင် ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော 3I/6830 Honda Fit အဖြူရောင်ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်၌ တိမ်း မှာက်နေပြီး ယာဉ်မောင်း မှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သတင်းရရှိသဖြင့်. အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဗောဓိကုန်း စခန်း တပ်ဖွဲ့ဝင်များ နှင့် သက်သေများ သွားရောက် စိစစ်ရာ တရားမဝင် လိုင်စင်မဲ့ ယာဉ် ဖြစ်ကြောင်း သိရှိရသဖြင့်. အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

No comments:

Post a Comment