Latest News

Wednesday, January 16, 2019

တရုတ်အကြွေးမိလို့မဖြစ် ကျနော်တို့ ဒေဝါလီခံသွားမယ် တရုတ်စီမံကိန်းတွေ ကန်ဆဲလ်လုပ်မယ်


"ကျနော်တို့ တရုတ်စီမံကိန်းတွေ ဆက်လုပ်ရင် ဒေဝါလီခံသွားမယ်။
ဒါကြောင့် တရုတ်နဲ့ ချုပ်ထားတဲ့ ကန်ထရိုက်တွေ ကျနော်ဖျက်မယ်။

အကယ်၍ တရုတ်ကို နစ်နာကြေးပေးရမယ်ဆိုရင်လည်း ကျနော်တို့ ပေးမယ်။
ဒါက အရင်တုန်းက ညှိနှိုင်းခဲ့တာတွေရဲ့ အစိုးရရဲ့ မိုက်မဲမှု အဆင်အခြင်မဲ့မှု
တွေပါ။ ဒီတရုတ်နဲ့ စီမံကိန်းတွေကနေ ထွက်ဖို့ ကျနော်တို့ နည်းလမ်းရှာကို ရှာရမယ်။

ဒါတွေက ကျနော်တို့လူတွေရဲ့စဉ်းစား ဥာဏ်မဲ့မှုကြောင့် ဖြစ်ရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေ စီမံကိန်းတွေ ဆောက်မယ်ဆိုတော့ ဒီသဘောတူညီချက်တွေက တစ်ဖက်စောင်းနင်း ဖြစ်နေတယ်ဆိုတာ ကျနော့်အမြင်ကို အစိုးရအဖွဲ့ကို ပြောပြတော့ သူတို့က ဒါကို လက်ခံပါတယ်။ တရုတ်နဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားတယ်။ ဒါပေမဲ့ မလေးရှားကို အကြွေးဝန်ပိတာတော့ ကျနော်တို့ လက်ခံ ထိုင်ကြည့်နေလို့မဖြစ်ဘူး။ ကျနော်ရှင်းပြတော့ တရုတ်ဘက်က နားလည်ပါတယ်"ဟု ဝန်ကြီးချုပ် ဒေါက်တာမဟာသီက ၂၀၁၈ နိုဝင်ဘာတွင် ပြောကြားခဲ့သည်ဟု The Star တွင်ဖော်ပြသည်။
Soe Min

No comments:

Post a Comment