Tuesday, January 22, 2019
အရာတော်မြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော နွားများ ဖမ်းဆီးရမိ
နေပြည်တော် ဇန်နဝါရီ ၂၂
ယမန်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အရာတော်မြို့၊ ယူကလစ်မြိုင်ရပ်ကွက်အနီး မုံရွာ-ရွှေဘို ကားလမ်း၌ ခင်ဦးမြို့နယ်၊ တယ်ဘို့ပင်ကျေးရွာနေ ဇော်ဝင်း(၃၅)နှစ်မောင်းနှင်ပြီး တင်မောင်လတ် (၂၄)နှစ်၊ ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်နေ စိုးမြတ်(၃၁)နှစ်နှင့် ပြည့်ဖြိုးအောင်(၂၉)နှစ်တို့(၃)ဦး လိုက်ပါလာသည့် 6G/×××× NISSAN (၁၂)ဘီးယာဉ်နှင့် တယ်ဘို့ပင်ကျေးရွာနေ ဦးမောင်ဆွေ (၅၅)နှစ် မောင်း နှင်ပြီး သန့်ဇင်(၃၀)နှစ်နှင့် လုတင်(၃၃)နှစ်လိုက်ပါလာသော 1I/×××× NISSAN (၁၂)ဘီးယာဉ်တို့အား တရားမဝင်နွားများ သယ်ဆောင်လာကြောင်းသတင်းအရ သက်သေများနှင့် အတူ ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ဇော်ဝင်းမောင်းနှင်လာသည့် ယာဉ်ပေါ်မှ နွားထီး(၁၆)ကောင်အားလည်းကောင်း၊ ဦးမောင်ဆွေ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ နွားထီး(၂၀)ကောင်အား လည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့မှ အဆိုပါနွားများနှင့် ပတ်သက်၍ သယ်ဆောင်ခွင့် အထောက်အထား တစ်စုံတစ်ရာမပါဘဲ တရားမဝင် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ဇော်ဝင်းပါ (၆)ဦးအား အရာတော်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
အရာတော်မြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော နွားများ ဖမ်းဆီးရမိ
Reviewed by timeayeyar
on
7:00 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment