Latest News

Monday, January 21, 2019

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် စတင် ဆောင်ရွက်

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် စတင် ဆောင်ရွက်

ကျိုက်ထို  ဇန်နဝါရီ  ၂၂

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကို (၃)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူလျက်ရှိရာ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက် တပေါင်းလပြည့်နေ့တွင် စေတီတော်အား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ရောင်ခြည်တော် ဖွင့်ပူဇော်နိုင်ရန် ဇန်နဝါရီ ၂၀ ရက်နံနက် ၇ နာရီမှ စတင်ပြီး ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် သြဝါဒစရိယ ကျိုက်ထီးရင်ပြင်တော်ကျောင်းတိုက် ဆရာတော်
ဥူးနန္ဒမာလာ နှင့် သြဝါဒစရိယ ဆရာတော်များနှင့်အတူ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ ၊စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ ဈေးသူ၊ဈေးသားများက ငြမ်းဆင်ခြင်း လုပ်ငန်းနှင့်အခြားဆောင်ရွက်ရန် လုပ်ငန်းများကို ရက်ပေါင်း(၅၀)အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment