Latest News

Friday, January 25, 2019

ဒုတိယတန်းကျောင်းသူလေးအား နာကျင်ဒဏ်ရာရအောင် ပြုလုပ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့သူအား ဖော်ထုတ်ဖမ်းဆီးရမိ



မန္တလေး၊ ဇန်န၀ါရီ ၂၅

၁၄-၁၂-၂၀၁၈ ရက်နေ့ ညနေ ၃ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၂)၊ မxxxxxx (၈)နှစ်သည်နေအိမ်မှ စက်ဘီးစီး၍ထွက်သွားရာ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်လိုက်လံ ရှာဖွေခဲ့ရာ ၄၈ လမ်း ဆီဆိုင်ရှိ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦးမှ မxxxx စက်ဘီးနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်ပါနေသည်ကို မြင်တွေ့သဖြင့် စက်မှုနယ်မြေရဲစခန်းတွင် လူပျောက် အမှုဖွင့်တိုင်တန်းခဲ့သည်။

၁၅-၁၂-၂၀၁၈ ရက်နေ့ မxxxxအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး၊ ရတနာပုံ နည်းပညာတက္ကသိုလ် ၀င်းတွင် ဒဏ်ရာများဖြင့်တွေ့ရှိရပြီး ခေါ်ဆောင်သွားသူ အမျိုးသားမှ သားမယား အဖြစ်ပြုကျင့်သည်ကိုခံရကြောင်း ပြောပြသိရှိရသဖြင့် ပြင်စာနယ်မြေရဲစခန်း(ပ)၁၈၂/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃/ ၃၂၅ အရ အမှုဖွင့်ခဲ့ပြီး အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းစုံစမ်းဖမ်းဆီး ရေးအဖွဲ့၊ စစ်ကြောရေးအဖွဲ့နှင့် အမှုတည်ဆောက်ရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါသည်။

 အမှုမှတရားခံ သီဟနိုင်(ခ)သီဟ (ခ)အငယ်လေး (၂၉)နှစ်၊ ရွေဂဲပွားရပ်ကွက်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူမှာ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ပတ်ဝန်းကျင်တွင်ရောက်ရှိနေကြောင်း သတင်းရရှိ၍ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှတပ်ဖွဲ့ ၀င်များသည် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့သို့ သွားရောက်ကာ သတင်းအတည်ပြုစုံစမ်းခဲ့ရာ ၂၄.၁.၂၀၁၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် တရာခံ သီဟနိုင်(ခ)သီဟ(ခ) အငယ်လေးအား ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ ရပ်တော်မူဘုရားဝင်း အနီးတွင်ဖမ်းဆီး ရမိခဲ့သဖြင့် အမှုမှတရားခံအား ထိရောက်ဟန့်တားလောက်သောပြစ်ဒဏ် ရရှိရေး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice

No comments:

Post a Comment