Latest News

Thursday, January 3, 2019

မော်လမြိုင်တွင် နှစ်သစ်ကူးညက လူမှုကယ်ဆယ်ရေးယာဉ်နှစ်စီး ခဲဖြင့်ထုခံရ

မော်လမြိုင်တွင် နှစ်သစ်ကူးညက လူမှုကယ်ဆယ်ရေးယာဉ်နှစ်စီး ခဲဖြင့်ထုခံရ


မော်လမြိုင် ဇန်နဝါရီ ၃

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးည၌ အရေးပေါ် လူနာအား ကယ်ဆယ်ရေး ဆောက်ရွက်နေသော မော်လမြိုင်မြို့၏ လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ် သည့်" ရာမညအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့"၏ ကားနှသ် စီးအားမူးယစ်ရမ်းကားသူများမှ ခဲဖြင့်ဝိုင်းထုပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်အမျိုးသမီး တစ်ဦးပါ ကိုယ်ထိလက်ရောက် စော်ကားခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ည ၁၂ နာရီကျော်ခန့် ကမော်လမြိုင်မြို့ သီရိမြိုင် ၃ လမ်းထိပ်တွင် ဆိုင်ကယ် ၂စီးယာဉ်တိုက်မှု ဖြစ်ပွားပြီး အနီရောင်အဆင့် အရေးပေါ်လူနာ လေးဦးရှိနေကြောင်း ဖုန်းဝင်လာ၍ ရာမညအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှကူညီပေးရန် ကမ်းနားလမ်းအတိုင်း မောင်းနှင်လာကာ မောင်ငံရပ်နှင့် ကွင်းရပ်အကြား ရောက်ရှိရာတွင် ၎င်းလူနာကို ရှေးဦးပြုစုခြင်း များပြုစုပြီး ဆေးရုံ ကြီးသို့ ပို့ဆောင်ရန် ပြင်နေခိုက် မူးယစ်ရမ်းကားသူများမှ ၎င်းလူနာအား မတင်သွာရန်တားမြစ်ပြီး ၎င်းတို့ကိုယ်တိုင်ဆေးရုံသို့ပို့ ဆောင်မည်ဖြစ်ကြောင်း ပြောဆိုတားဆီးရန်ရှာသဖြင့် ကူညီပေးနေသော ကယ်ဆယ်ရေးအဖွဲ့မှ လူနာအားပြန်ချပေးပြီး ထွက်ခွာစဉ် ၎င်းမူးယစ်ရမ်းကားသူများမှ အရေးပေါ် ကားများကို ခဲနှင့်ဝိုင်းထုကြပြီး အရေးပေါ်ကားပေါ်ပါလာသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်အမျိုး သမီး တစ်ဦး၏ လက်ထဲမှ လူနာတင်ကဒ်အားလုယူပြီး ကိုယ်ထိလက်ရောက် စော်ကားခြင်းပြုမူခဲ့ သဖြင့် အမျိုးသမီးတွင်ထိခိုက်ဒဏ်ရာများရခဲ့သည်။ ၎င်းအပြင် အကူရောက်ရှိလာသော ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အေးမြကြည်လင် ကယ်ဆယ်ရေးကားကိုလည်း ခဲဖြင့်ဝိုင်းထုခဲ့ကြောင်း သိ ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက်စော်ကားခံရသူ မခင်အေးသူဝင်း၊ ၄၀ နှစ်၊(ဘ) ဦးသိန်း မြင့် မော်လမြိုင်မြို့နေသူမှ အရေးပေါ်ကယ်ဆယ်ရေးယာဉ်အပါအဝင် ၎င်းအား ထိခိုက်ဒဏ် ရာရ အောင်ပြုလုပ်သူလူတစ်စုအား အမှုဖွင့်အရေးယူပေးပါရန် မော်လမြိုင်မြို့ မုပွန်ရဲနယ်မြေရဲ စခန်းတွင် တိုင်ကြားခဲ့သည်ဟု သိရသည်။

ဇင်မျိုးသူ(ကြေးမှုံ)

No comments:

Post a Comment