Latest News

Saturday, January 19, 2019

အာမခံပစ္စည်းမပါဘဲ ချေးယူနိုင်မည့် ဘဏ်ချေးငွေစနစ်က လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်ဖြစ်လာနိုင်

အာမခံပစ္စည်းမပါဘဲ  ချေးယူနိုင်မည့် ဘဏ်ချေးငွေစနစ်က လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်ဖြစ်လာနိုင်

နေပြည်တော်   ဇန်နဝါရီ   ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ   သတ်မှတ်ထားသည့်    အပေါင် အာမခံပစ္စည်းများမှအပ   ကျန်နည်းဖြင့်    ငွေချေးယူခြင်းကို ၁၆ ရာခိုင်နှုန်းထက်မပိုသည့် အတိုးနှုန်းဖြင့် ထုတ်ချေးရန်ကို လည်းကောင်း၊ စုစုပေါင်းချေးငွေ၏ ငါးရာခိုင်နှုန်းကို သက်တမ်း သုံးနှစ်ထက်ပိုသည့် အိမ်ရာချေးငွေများ ထုတ်ချေးခွင့်ပြုခြင်း ကို လည်းကောင်း၊ အာမခံပစ္စည်းများ ရယူကာ ချေးငွေများအပေါ် တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းတို့ကို လည်းကောင်း ဇန်နဝါရီ ၁၅ ရက် ရက်စွဲဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် စတင် သက်ရောက်မှုရှိရန်အတွက် ပုဂ္ဂလိကဘဏ်များသို့ òန်ကြား ထားရာ ရင်းနှီးမြှုပ်နှံလိုသူများ၊   ဈေးကွက်ချဲ့ထွင်လိုသူများ အတွက် အကျိုးရှိစွာအသုံးပြုနိုင်မည်ဆိုပါက   များစွာအခွင့် အလမ်းဖြစ်စေကြောင်း ပြည်တွင်းလုပ်ငန်းရှင်များထံမှ   သိရှိ ရသည်။
ဘဏ်လုပ်ငန်းစနစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်
''လုပ်ငန်းချဲ့ထွင်ဖို့အတွက် အရင်းအနှီးက    တော်တော် လေး အရေးကြီးပါတယ်။ အရင်းအနှီးမှာလည်း ချေးငွေကဏ္ဍက တော်တော်လေး လိုအပ်တယ်။ အခုလို စဉ်းစားပေးတဲ့အတွက် လုပ်ငန်းရှင်တွေအဖို့ရော၊ အိမ်ရာပိုင်ဆိုင်ဖို့   ကြိုးစားနေသူ တွေအတွက်ရော  တော်တော်လေး  အဆင်ပြေနိုင်မယ်လို့ ထင်ပါ တယ်။ တစ်ဖက်မှာလည်း ငွေကြေးနဲ့ဘဏ်လုပ်ငန်း    ဖွံ့ဖြိုး တိုးတက်မှသာ တိုင်းပြည်ရဲ့စီးပွားရေးက ခိုင်မာမှုရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း ပိုမိုဝင်ရောက်ဖို့ အခွင့်အလမ်းဖြစ်လာနိုင် ပါမယ်။ ဘဏ်တွေကလည်း လုပ်နိုင်ကိုင်နိုင်ပြီး  လုပ်ငန်းရှင်နဲ့ ပြည်သူကလည်း   ဘဏ်လုပ်ငန်းစနစ်တွေနဲ့   ရင်းနှီးကျွမ်းဝင် ရှိလာပြီဆိုရင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ   ပိုပြီး သဟဇာတဖြစ်လာဖို့ရှိတယ်''ဟု  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI)မှ ဥက္ကဋ္ဌ   ဦးဇော်မင်းဝင်းက   ပြောကြား သည်။
အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ကောင်းမွန်လာ
ဇန်နဝါရီ ၁၅ ရက်က  ဗဟိုဘဏ်မှ   ပြည်တွင်းဘဏ်များ အား စုစုပေါင်းချေးငွေ၏ ငါးရာခိုင်နှုန်းကို သက်တမ်း သုံးနှစ် ထက်ပိုသည့် အိမ်ရာချေးငွေအဖြစ် ထုတ်ချေးခွင့်ပြုခဲ့ပြီး ဘဏ် များ၏ ငွေကြေးဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေး အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   ဘဏ်များ သည် ယင်းချေးငွေငါးရာခိုင်နှုန်းအတွင်း အိမ်ရာချေးငွေမှအပ သက်တမ်းသုံးနှစ်ထက်ပိုသည့်   အခြားသောချေးငွေများကို ထုတ်ချေးလိုပါက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စည်းကမ်းချက်များကို ဖော်ပြ၍    ကိစ္စရပ်တစ်ခုချင်းအလိုက် ဗဟိုဘဏ်သို့တင်ပြ၍   ခွင့်ပြုချက်တောင်းခံရမည်ဟုလည်း òန်ကြားထားကြောင်း သိရသည်။
ဘဏ်တွေအားလုံး ပူးပေါင်းဆောင်ရွက်ပေးဖို့လို
၂ဝ၁၈ ခုနှစ် က္ဘာ့ဘဏ်၏  အစီရင်ခံစာအတွင်း မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းများအား တည်ငြိမ်ခိုင်မာသည့် မေခရိုစီးပွားရေး အခြေအနေများနှင့် မူဝါဒများကို အားပေးဖော်ဆောင်ရန် အကြံပေးထားသည်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ အတိုးနှုန်းများ ပြင်ဆင်ခြင်း၊ ချေးငွေကဏ္ဍ ပိုမိုလွယ်ကူအောင်   ဆောင်ရွက် ပေးခြင်းတို့သည်     ကောင်းမွန်သည့်    အလားအလာဖြစ်ကြောင်း၊ ''ပို့ကုန်တိုးချဲ့ဖို့အတွက်   လယ်ယာကဏ္ဍ၊ သီးနှံ၊   သားငါး၊ ရေထွက်ကုန်နဲ့  ပုဂ္ဂလိက အသေးစားစက်မှုလုပ်ငန်းတွေကိုပဲ အားကိုးနေရတာ။  ကိုယ့်နိုင်ငံကလည်းTrade Big Model  ဖြစ်နေတယ်။ ထုတ်လုပ်နိုင်ပေမယ့် သွင်းကုန်ကို မလွှမ်းမိုး နိုင်သေးဘူး။ ဒါကို ကျော်ဖြတ်ဖို့က ချေးငွေရရှိဖို့က အဓိကပါပဲ။ ဒါမှလည်း ပြည်ပသွင်းကုန်လျှော့ချပြီး  ကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်နိုင်ဖို့ Trade Space  Model   ဖြစ်လာမှာမို့ ကြိုဆိုပါတယ်။ ဘဏ်တွေအားလုံးလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်တယ်''ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးစိန်မောင် က ပြောကြားသည်။
ဘဏ်တွေတည်ငြိမ်ဖို့က  အရေးကြီး
သို့သော် တစ်ဖက်တွင်လည်း   အပေါင်ပစ္စည်းမပါရှိဘဲ ငွေချေးခြင်းသည် ဘဏ်များအတွက် ပြင်ဆင်သင့်သည့်အရာများစွာရှိပြီး အတိုးနှုန်းကိုလည်း  ဗဟိုဘဏ်က  အမြင့်ဆုံး သတ်မှတ်ပေးထားသည့် ၁၆  ရာခိုင်နှုန်းမဟုတ်ဘဲ   လျှော့ချပေး မည်ဆိုပါက ဘဏ်များ လုပ်သာကိုင်သာရှိနိုင်ရဲ့လား  ဆိုသည်ကို လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဦးစိန်မောင်က သုံးသပ်ပြသည်။ ''အမှန်ပြောရရင်   ဘဏ်တွေတည်ငြိမ်ဖို့က လည်း အတော်လေးအရေးကြီးတယ်။   လုပ်ငန်းချဲ့မယ့်သူ၊ ငွေချေးမယ့်သူကိုပဲ စဉ်းစားပေးလို့တော့မရဘူး။ ဘဏ်တွေက လည်း စီမံခန့်ခွဲမှုတွေ၊   အတိုးနှုန်းတွက်ချက်မှုတွေကလည်း တော်တော်လေးအရေးကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ စီးပွားရေးအတွက်ကတော့ လမ်းစပေါ့လေ။   လုပ်ရဲကိုင်ရဲဖို့ လည်း လိုပါတယ်။ ကျွန်တော်တို့ဆီမှာက အပေါင်မပါဘဲ ငွေချေး ဖို့ဆိုတာ အရပ်ထဲမှာတောင် တော်တော်လေးမလွယ်တဲ့ ကိစ္စ ပဲပေါ့။ ဒါကို ဘဏ်တွေကလည်း  စဉ်းစားမိမှာပဲ။   ဒါပေမယ့် အပြိုင်အဆိုင်ခေတ်ကြီးဆိုတော့ ချေးလိုသူတွေဘက်ကလည်း ကိုယ့်လိုအပ်ချက်၊ ကိုယ်တတ်နိုင်တဲ့ သေချာတဲ့အရာကို စောင့်ပြီး စနစ်တကျနဲ့ အကောင်အထည်ဖော်ပေးဖို့တော့ လိုအပ်တယ်။ အမှန်က အားလုံးနဲ့ဆိုင်တဲ့ကိစ္စလို့တောင်   ပြောလို့ရတယ်။ ဘဏ်တွေခိုင်မာနေမှလည်း တိုင်းပြည်စီးပွားရေးက   ပန်းပန် နိုင်မှာလေ''ဟု ဦးစိန်မောင်က ဆက်ပြောသည်။
အပေါင်အာမခံပစ္စည်းများအဖြစ် သတ်မှတ်ထား
လက်ရှိတွင် အာမခံပစ္စည်းများဖြစ်သည့် မြေနှင့် အဆောက် အအုံ၊ ရွှေနှင့်ရွှေထည်ပစ္စည်း၊  စိန်နှင့် အဖိုးတန်ကျောက်မျက် ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေ အပ်ငွေ(အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့်   ငွေချေး သက်သေခံလက်မှတ်များနှင့် လွှဲပြောင်းနိုင်သော   စာချုပ် စာတမ်းများ၊ လက်ရောက်အပေါင်၊ ချေးငွေအာမခံဖြင့် ချေးငွေ များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ   အခါအားလျော်စွာ သတ်မှတ်သည့် အပေါင်ပစ္စည်းများ စသည်တို့သည် အပေါင် အာမခံပစ္စည်းများအဖြစ် သတ်မှတ်ထားပြီး  ယင်းပစ္စည်းများ ရယူ၍ ထုတ်ချေးသည့်  ချေးငွေအပေါ်   တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို  ၁၃   ရာခိုင်နှုန်းထက်   ကျော်လွန် ကောက်ခံခြင်းမပြုရန် ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက် ရက်စွဲ ဖြင့် òန်ကြားချက် ထုတ်ပြန်ထားသည်။
ငွေချေးနိုင်ရေး နည်းလမ်းများ ဖော်ထုတ်
အခြားအာမခံပစ္စည်းရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းမပါဘဲ ဖြစ်စေ ထုတ်ချေးနိုင်သည့် ချေးငွေများအပေါ်  တောင်းခံနိုင် သည့် အတိုးနှုန်းကို ၁၆ ရာခိုင်နှုန်းထက် ကျော်လွန်ကောက်ခံ ခြင်းမပြုရန်လည်း ဗဟိုဘဏ်က òန်ကြားထားရာ ယခုအချိန် တွင် ဘဏ်များသည်လည်း ဘဏ်တိုးနှုန်းသတ်မှတ်ရေး၊ မိမိ ဘဏ်နှင့် သင့်တော်မည့်  အပေါင်ပစ္စည်းမပါ   ငွေချေးနိုင်ရေး အတွက် နည်းလမ်းများကို ဖော်ထုတ်ပြင်ဆင်နေကြသည်ကို လည်း မြင်တွေ့ရသည်။
ဘဏ်စနစ်နဲ့ အသားကျဖို့ လိုအပ်ချက်ရှိနေ
''အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ငွေချေးတဲ့ စနစ်သစ်တစ်ခုတိုးလာတယ်လို့ ယူဆပါ တယ်။ ကောင်းတဲ့အလားအလာလို့လည်း   ခံစားမိပါတယ်။ သို့သော်လည်း ဘဏ်တွေဘက်   ပြန်ပြီးစဉ်းစားပေးရမယ့် အပိုင်းရှိတယ်။ အားလုံးက အတိုးနှုန်းမြင့်လို့ ဝေဖန်ပြောဆို နေတာတွေရှိတယ်။  ဒါတောင် အပေါင်ပစ္စည်းပါတဲ့အပေါ် ဘဏ်က အတိုးနှုန်းများတယ်ဆိုပြီးပြောကြတယ်။ ဘဏ်ဘက် ကနေ ကြည့်တော့လည်း သူတို့ဆီမှာ လာအပ်ရင် ရှစ်ရာခိုင်နှုန်း ယူတယ်။ ပြန်ချေးရင် ၁၃  ရာခိုင်နှုန်းအောက်ချေးတယ်။ ဒါမှလည်း ရပ်တည်လို့ရမှာပေါ့။ အပြင်မှာ ချေးတာနဲ့  ယှဉ်မယ် ဆိုရင်တော့ အများကြီးသက်သာနေသေးတယ်လို့  ပြောရင် ရတယ်။ ဒါပေမယ့် အပြင်မှာက ဘဏ်တွေမှာချေးရသလောက် မခက်ခဲဘူး။ လိုအပ်ချက်တွေ၊ စနစ်တွေက ဘဏ်မှာငွေချေးရင် ပိုပြီးအလုပ်ရှုပ်တယ်။ အခုလို အလွတ်သဘောနဲ့   ချေးမယ် ဆိုရင်လည်း သူတို့ဘက်က ပြင်ဆင်ထားမှာတွေ   အများကြီး ရှိနိုင်တယ်။ ဥပမာ အာမခံမယ့်သူတွေ ကန့်သတ်လာနိုင်တယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ပိုပြီးအသေးစိပ် တောင်းခံလာနိုင်တယ်။ ချေးငွေပမာဏကိုလည်း  ကန့်သတ် လာနိုင်တယ်။  သူတို့ကလည်းRiskက  ကြီးတယ်လေ။ ဘဏ်စနစ်၊  ချေးငွေစနစ်နဲ့    အသားကျဖို့အတွက်ကတော့ လိုအပ်ချက်တွေက ရှိနေဦးမှာပဲ''ဟု  ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက သှူအမြင်ကို ပြောပြသည်။
ငွေကြေးအရင်းအနှီးရရှိနိုင်ရန် ခက်ခဲနေ
လက်ရှိတွင် ဘဏ်စနစ်သည့်   အချင်းချင်းအပြန်အလှန် စောင့်ကြည့်ရိုင်းပင်းနေကြရသည့် အနေအထားတွင်ရှိသေးပြီး ဘဏ်များသည် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကြရကာ အရန်ငွေကြေးများသတ်မှတ်ခြင်း၊   အသုံး စရိတ်များ၊ ဝန်ထမ်းများစသည့်  စရိတ်စကများစွာကိုလည်း ဖြေရှင်းကြရသည်။ တစ်ဖက်တွင်လည်း   စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူအများစုသည် လက်ရှိအခြေအနေအရ  ဘဏ်တိုး နှုန်းများ မြင့်မားနေခြင်းကြောင့် ငွေကြေးအရင်းအနှီးရရှိနိုင် ရန် ခက်ခဲနေကြသည်လည်းဖြစ်ရာ ဘဏ်တိုးနှုန်း ၁၆ ရာခိုင်နှုန်း အမြင့်ဆုံးဖြင့် အာမခံပစ္စည်းမထားရှိရဘဲ   ငွေချေးယူနိုင်ရန် အတွက်လည်း လွယ်ကူမှုမရှိနိုင်ကြောင်း    ပြောကြားသူများ ကိုလည်း မြင်တွေ့ရသည်။
''ဘယ်လိုပဲဖြစ်ဖြစ် ငွေချေးနိုင်တဲ့ ပုံစံသစ်တစ်ခုကို ရလာပြီ လို့ပဲ သတ်မှတ်ရမှာပါ။ ပြန်ဆပ်နိုင်မယ့် အတိုးနှုန်းဖြစ်မလား ဆိုတာတော့ ချေးမယ့်သူတစ်ဦးချင်းစီနဲ့ သက်ဆိုင်ပါလိမ့်မယ်။ သှူလုပ်ငန်းက ကျိန်းသေ ပြန်ပြီးဝင်မယ့်လုပ်ငန်းမျိုးဖြစ်မယ်။ အလားအလာလည်းရှိမယ်။ ဖောက်ထွက်နိုင်မယ်ဆိုတာ သေချာ ရင်တော့ ဘဏ်တိုးနှုန်းက အဆင်ပြေပါလိမ့်မယ်။ အပြင်မှာ အာမခံမပါဘဲ ချေးငှားမယ်ဆိုရင် ပေးရမယ့် အတိုးနှုန်းနဲ့ နှိုင်းယှဉ် ရင်တော့ တစ်နှစ်ကို ၁၆ရာခိုင်နှုန်းအောက်ဆိုတာ အဆိုးကြီး မဟုတ်နိုင်ဘူးလို့တော့ ထင်ပါတယ်။ မတတ်သာတဲ့အဆုံးမှာ တော့ ချေးငွေယူသင့်လည်း   ယူရတော့မှာပေါ့။   ဒါပေမယ့် ချိန်ဆတတ်ဖို့တော့ ပိုပြီးလိုအပ်ပါတယ်။ ဘဏ်တွေကတော့ မကြာခင်မှာ အပြိုင်အဆိုင် ဘယ်လိုဘဏ်တိုးနှုန်းနဲ့၊ ဘယ်လို ကန့်သတ်ချက်တွေနဲ့  ငွေချေးပေးမယ်ဆိုတာမျိုး   ကြော်ငြာ တာတွေ မြင်လာရတော့မှာပဲ။    ဒါပေမယ့်   အပြိုင်အဆိုင် အတိုးနှုန်းလျှော့ပေးကြမယ်လို့တော့ မထင်ဘူး''ဟု စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက သှူအမြင်ကို ပြောပြသည်။
ခင်ရတနာ

No comments:

Post a Comment