လူကိုသတ်ပြီး သယ်ယူကာ လမ်းဘေးမြောင်းထဲ၌ သစ်ခက်များဖြင့်ဖုံးအုပ် ဖျောက်ဖျက်ထားသည့်အမှုတစ်ခု ပေါင်မြို့နယ် သဲအိမ်ရဲစခန်းအပိုင် ကော့ကဒိုက်ကျေး ရွာတွင် ဇန္နဝါရီ ၁၃ ည ၇နာရီခန့်က ဖြစ်ပွားခဲ့သည်။
ဝရဇိန်ပေါင်။
Unicode
လူသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွား / ပေါင် ဇန္နဝါရီ၁၃ လူကိုသတ်ပြီး သယ်ယူကာ လမ်းဘေးမြောင်းထဲ၌ သစ်ခက်များဖြင့်ဖုံးအုပ် ဖျောက်ဖျက်ထားသည့်အမှုတစ်ခု ပေါင်မြို့နယ် သဲအိမ်ရဲစခန်းအပိုင် ကော့ကဒိ်ုက်ကျေး ရွာတွင် ဇန္နဝါရီ ၁၃ ည ၇နာရီခန့်က ဖြစ်ပွားခဲ့သည်။
“အခု ၈ နာရီလောက်မှာရဲကားတွေရောက်လာကြတယ် ညနေကသေတဲ့လူနဲ့ အရက်အတူတူ သောက်တဲ့ နိုင်စိုး ကို ခေါ်စစ်နေတာတွေ့ရတယ်”ဟု ကော့ကဒိုက်ရွာသူးတစ်ဦးကိုဆက်သွယ်မေးမြန်းစဉ်အခြေအနေကိုပြောဆိုခဲ့သည်။
ကော့ကဒိုက်ရွာထိပ်လမ်းဘေးမြောင်းထဲတွင် သေဆုံးနေသော ကျော်ရှိန်း ဆိုသူ၏အလောင်းအားသစ်ကိုင်းများဖြင့် ဖုန်းအုပ် ဝှက် ထားသည်ကို ရွာသားတစ်ဦးကတွေ့ရှိ ခဲ့ပြီးသတင်းပေးချက်အရ လူသတ်မှုဖြစ်ပွားမှုအားသိခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်ရပ်သို့ ပေါင်မြို့ နယ်ရဲတပ်ဖွဲ့မှုးနှင့် သဲအိမ်ရဲကင်းစခန်းမှုးတို့ရောက်ရှိနေကြောင်းသိရသည်။
လောလောဆယ်တွင် သေဆုံးသူ ကျော်ရှိန်း နှင့်ညနေပိုင်းက အရက်အတူတူသောက်ခဲ့သူ နိုင်စိုး ၃၁ နှစ်အားရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေဆဲဖြစ်ကြောင်း ကော့ကဒိုက် ကျေးရွာမှ အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောဆိုခဲ့သည်။
ရဲ တပ်ဖွဲ့၏လုပ်ငန်းများ စီစစ်လုပ်ဆောင်နေကြဆဲ ဖြစ်သဖြင့် ရဲတပ်ဖွဲ့လုပ်ငန်းဆိုင်ရာ များကို မေးမြန်းမှုမပြုနိုင်သေး ဘဲ အသေးစိတ် အား နောက်ဆက်လက်တင်ဆက်ပေးပါမည်။ဝရဇိန်ပေါင်။
Monday, January 14, 2019
ပေါင်မြို့နယ်တွင်လူသတ်ပြီးအလောင်းဖျောက်မှုဖြစ်
ပေါင်မြို့နယ်တွင်လူသတ်ပြီးအလောင်းဖျောက်မှုဖြစ်
Reviewed by timeayeyar
on
7:05 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment