Latest News
Monday, January 28, 2019
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄မြို့နယ် တွင် ကလေးငယ်များ ရေကျောက်ရောဂါ အစုအပြုံလိုက်ဖြစ်ပွား
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄မြို့နယ် တွင် ကလေးငယ်များ ရေကျောက်ရောဂါ အစုအပြုံလိုက်ဖြစ်ပွား
 စစ်ကိုင်းတိုင်းဒေသကြီး ရှိ မြို့နယ်  ၄မြို့နယ်တွင် စာသင်ဘော်ဒါဆောင်များ၊ကျေးရွာများ၌ လေမှတဆင့် ကူးစက်နိုင်သော ရေကျောက်ရောဂါ (Chickenpox) အစုအပြုံလိုက် ဖြစ်ပွားရာ ထိန်းချုပ်မှုများ လုပ်ဆောင်နေကြောင်း  တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အထူးရောဂါနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေ ကပြောသည်။
   ရေကျောက်ရောဂါဖြစ်ပွားမှုမှာ ကနီမြို့နယ် ညောင်သူမြား ရွာတွင် ၆၀ ဦး၊ဘုတလင်မြို့နယ် လေးမြေ ရွာတွင် ၆၈ ဦး၊ ပင်လည်ဘူးမြို့နယ် ဟဲသတ် ရွာတွင် ၂၁ ဦး နှင့် ဒီပဲယင်းမြို့နယ်ရှိ ဘော်ဒါဆောင် တစ်ခု တွင်ကျောင်းသူကျောင်းသား ၁၉ ဦး စုစုပေါင်း ၁၆၈ ဦးတို့ဇန်န၀ါရီ  လ အတွင်း ဖြစ်ပွားခဲ့ပြီး သေဆုးံသူမရှိကြောင်း တိုင်းကျန်းမာရေးဌာနမှသတင်းရရှိသည်။
   “၇တန်း ၈ တန်းအရွယ်တွေ အဖြစ်များတာ၊အရပ်အခေါ်တော့ ပဲသီဒါ ပေါ့၊ အရင်ဆုးံ ငွေ့ငွေ့လေးဖျားတယ်၊ နှစ်ရက်လောက်နေရင် အရည်ကြည်ဖုတွေ၊အနီဖုတွေ ခန္ဓာကိုယ်အနှံ့မှာပေါက်တာ၊ ကိုယ်ခံအား ကောင်းရင် ငါးရက်လောက်နဲ့ပျောက်သွားတယ်၊ ဗိုင်းရပ်ပိုးတစ်မျိုးပဲ၊ ရောဂါရှိတဲ့သူရဲ့ နှာချေတာ၊ချောင်းဆိုးတာ ကနေတဆင့်အသက်ရှုလမ်းကြောင်းကနေ ကူးတယ်၊သူ့ရဲ့ စောင်တို့အ၀တ်အစားတို့ကနေလည်း ထိတွေ့မိရင်ကူးတယ်၊ပိုးက အပြင်မှာ သုးံလေးရက်လောက်အသက်ရှင်နေနိုင်တော့  ပိုးဆိုးတယ်၊ဘော်ဒါဆောင်တွေ မှာ ဖြစ်ရင် ကူးလွယ်တာ၊ ရောဂါဆက်မပြန့်အောင် လတ်တလော ထိန်းချုပ်နိုင်ပါပြီ၊ကွင်းဆင်း ဆရာဝန်အဖွဲ့ကတော့ ခုထိ နယ်မြေမှာ ရှိသေးတယ် ၊ ကျောင်းတွေမှာဖြစ်ရင် အခြားသူတွေ ထပ်မကူးအောင်  ကျန်းမာရေးဌာနကို အမြန်အကြောင်းသင့်တယ်၊ “ဟု ဒေါက်တာကျော်သူဆွေက ပြောသည်။
     ၂၀၁၈ နှစ်ကုန်ပိုင်းက လည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဘော်ဒါဆောင် တစ်ခု တွင် ကလေးငယ် နှစ်ဦး ရေကျောက်ရောဂါ ဖြစ်ပွားရာ အချိန်မီ ကုသနိုင်ခဲ့၍ ရောဂါပြန့်ပွားခြင်း မရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းပြည်သူ့ကျန်းမာရေးကွင်းဆင်းအဖွဲ့များသည်  ဆေးကုသခြင်း၊ ရောဂါဖြစ်ပွားရာနေရာများတွင် ပိုးသန့်စင်ခြင်း၊ ထပ်မံဖြစ်ပွားသောလူနာများကို ရှာဖွေခြင်း၊လူနာရှင်များ၏ သွေးနမူနာကို ယူ၍ ရန်ကုန် ကျန်းမာရေး ဓာတ်ခွဲဌာနများသို့ပေးပို့စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
     ရေကျောက်ရောဂါ အရည်ကြည်ဖု များသည် ယားယံသဖြင့် လက်ဖြင့်ကုတ်ဖဲ့ရာမှတဆင့်အခြားရောဂါပိုးများ ၀င်နိုင်ခြင်းကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုများ လုပ်ဆောင်ခြင်း၊လက်ဆေးခြင်းများ ဂရုစိုက် လုပ်ဆောင်သည့်ကြောင်း ကျန်းမာရေးဌာနမှ အသိပေးထားသည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment