Latest News

Monday, January 7, 2019

ရေကြည်မြို့နယ်တွင် နွားရောင်းချရငွေများ အားလုံးငွေစက္ကူအတုဖြစ်နေ


ရေကြည်မြို့နယ် မအူကုန်ကျေးရွာအုပ်စုမှာ နွားရောင်းချရတဲ့ငွေကျပ် တစ်ဆယ့်ငါးသိန်းရှစ်သောင်းမှာ တစ်သောင်းတန်တစ်ရွက်သာ အစစ်ပါပြီး ကျန်ငွေတွေအားလုံးဟာ အတုတွေဖြစ်နေလို့ ငါးသိုင်းချောင်းရဲစခန်းမှာ လာရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

မအူကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးကိုမြင့်ကနွားထီးတစ်ကောင်ရောင်းချရာ ဇန်နဝါရီ(၆)ရက်ညပိုင်းမှာ အမည်မသိနွားဝယ်သူက လာရောက်ဝယ်ခဲ့ခြင်းဖြစ်ပြီး ရောင်းချလိုက်တဲ့နွားကို ဇရပ်လှကျေးရွာ ရထားသံလမ်းအနီးပို့ဆောင်ခဲ့ပြီး နွားဖိုးငွေကို ယူဆောင်လာခဲ့ပြီး အိမ်ရောက်၍ ငွေရေတွက်ချိန်မှာ မင်္သကာလို့ စစ်ဆေးကြည့်လိုက်ရာ ငွေအတုတွေဖြစ်နေတယ်လို့ ဦးကိုမြင့်က ပြောပါတယ်။

ဒါကြောင့် ဇန်နဝါရီ(၇)ရက်မှာ ရဲစခန်းကို သွားရောက်အပ်နှံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာငွေစက္ကူ အတု (၁၀၀၀၀)ကျပ်တန် စုစုပေါင်း(၁၅၇)ရွက် ကို ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်စိန်လှိုင် မှ မအူကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် ရာအိမ်မှူး ဦးအောင်ဆန်း တို့ရှေ့ တွင်ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ(၇)ရက်ညနေမှာတော့ ငွေအတုတွေနဲ့ဝယ်သွားတဲ့ နွားကို ပြန်လည်ရရှိခဲ့ပြီး ငွေပေးခြေသူကို ဖမ်းစီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ငါးသိုင်းချောင်းနယ်မြေရဲစခန်းမှသိရပါတယ်။

crd သတင်း-မင်းဇော်ဦး (ရေကြည်)၊နဲ့စိုးမင်းဦး(ငါးသိုင်းချောင်း)

No comments:

Post a Comment