Latest News

Thursday, January 31, 2019

လူမြင်ကွင်းမှာနမ်းတဲ့တက္ကသိုလ်ကျောင်းသူ ကြိမ်ဒဏ် ၁၇ ချက်ရိုက်ကာအပြစ်ပေး


အင်ဒိုနီးရှားက လူမြင်ကွင်းမှာ နမ်းခဲ့ကြတဲ့ ဆယ်ကျော်သက်နှစ်ဦးကို
အစ္စလာမ်ရှရီယားဥပဒေအရကြိမ်ဒဏ် ၁၇ ချက်ချခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ သူမရဲ့ရည်စားနဲ့ လူမြင်ကွင်းမှာနမ်းခဲ့ကြတယ်လို့ဆိုပါတယ်။
ဗလီအရှေ့မှာ ကြိမ်ဒဏ်ပေးခဲ့တဲ့ အဲဒီဖြစ်ရပ်ကိုလူပေါင်းများစွာသွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
နောက်ထပ်အမျိုးသားတစ်ဦးကိုလည်းပဲ ကုန်စုံဆိုင်မှာ အမျိုးသမီးတစ်ဦးနဲ့မှောက်မှားခဲ့မှုအတွက်
ကြိမ်ဒဏ်ပေးခဲ့ပါတယ်။
ကြိမ်ဒဏ်အပြစ်ပေးမခံရခင်မှာ သူတို့ကို ထောင်ထဲမှာ လပေါင်းများစွာ ထိန်းသိမ်းထားပါသေးတယ်။
လောင်းကစားမှု၊လိင်ဖောက်ပြားမှု၊ အချစ်တော်ထားမှု၊လိင်တူချင်းပေါင်းဖက်မှုစတာတွေကိုအစ္စလာမ်ရှရီယားဥပဒေအရယခုလိုပဲအပြစ်ပေးပါတယ်။
တိုင်းဧရာ

No comments:

Post a Comment