Latest News
Thursday, January 31, 2019
သာကေတက လူမိုက်ကြီးတစ်ဦး အကြောင်း
Nay Lin Nay Lin
Unicode ဖြင့်ဖတ်ရန်
လူထုခေါင်းဆောင်အတွက်အရိုးကြေကြေ အရေခန်းခန်းအသက်နဲ့လဲပြီးကာကွယ် သွားမယ် ဆိုတဲ့ သာကေတက နှလုံးလှ လူမိုက်ကြီးဦးစိုးဝင်း။
တက်သစ်စအစိုးရလက်ထက်မှာ သက်တော်စောင့်ဖြစ်လာတဲ့ပူပူနွေးနွေး သက်တော်စောင့်မလေး ချယ်ရီထက်ကို လူသိများပေမဲ့.. နှစ်ပေါင်းများစွာလူထု ခေါင်းဆောင်ကို ထီးလိုမိုးအရိပ်သဖွယ် ကာကွယ်ပေးခဲ့တဲ့ ဦးစိုးဝင်းအကြောင်းကတော့လူသိနည်းလှ ပါတယ်။သူလိုလူရဲ့ရှားရှားပါးပါးစိတ်ဓာတ် ကိုမှတ်တမ်းတင်လိုက်ပါတယ်။
ဦးစိုးဝင်း တာဝန်ကျေလိုက်ပုံကတော့ တော်လှန်ရေးပြန် ဗိုလ်ချုပ်ကြီးသူရဦးတင် ဦးတောင် အံ့သြယူရတယ် အမေစုအပြင်ကပြန်လာပြီး ကိုစိုးဝင်းကျမ ၁၅မိနစ်အချိန်ရတယ်.. ခဏနားဦးမယ်ဆိုပြီး ခဏအနားယူနေချိန်မှာအဘဦးတင်ဦး ရောက်လာပြီး ခဏလောက် တွေ့ချင်တာကိုအတွေ့မခံ။ အိမ်လှေကားဝကနေအတက်မခံ။အမေစု အနားယူချိန် ၁၅ မိနစ်ပဲရှိလို့နားပါစေတ့ဲ အတွေ့မခံလို့ ဦးတင်ဦး စိတ်ဆိုးပြန်သွားတယ်။ ခဏကြာ အဘဦးတင်ဦး ကျနော်စိတ်လောသွားလို့ပါကိုစိုးဝင်းလို့ ပြောပြီးတောင်းပန်ယူရပါသတဲ့။
ဦးရွှေမန်းနဲ့တွေ့တော့လည်းဦးရွှေမန်း psoကသူ့ကို အပြင်ထွက်ခိုင်းတော့ မင်းလည်း ဦးရွှေမန်းpso ငါလည်းအမေစု ကိုယ်ရံတော် ထွက်ခြင်းထွက်နှစ်ယောက်စလုံးအခန်း အပြင်ထွက်မှထွက်မယ် လို့ခပ်တင်းတင်း ပြန်ပြောလို့ ဦးရွှေမန်းကရီပြီးသူ့psoကိုနေပါစေ မထွက်ခိုင်းပါနဲ့တဲ့ အမေစုအတွက်ဆို အသက်ကိုပေးဆပ်ဖို့ဝင်မလေးသူ.. သာကေတသား.. နှလုံးလှ
လူမိုက်ကြီးဦးစိုးဝင်း အမတ်တနေရာရွေးခိုင်းတော့လည်းမယူ.. မိသားစုပါနေဖို့နေပြည်တော်က အမေစုရဲ့ အိမ်ဝင်းလုံခြုံရေးအတွက်သီးသန့် နေဖို့အဆောက်အဦပေးတော့လည်းလက် မခံ…ပါဘူးတဲ့။ နိင်ငံခြားသွားရင် ဝတ်ဖို့ဘောင်းဘီပေးတော့လည်းမဝတ် အဆောင်အယောင်ပေးခ့ဲရင် သူ့ကိုအမေစုက အနားမှာမနေစေချင်လို့ သူ့ကိုနှင်လိုက်တာနဲ့အတူတူပါပဲဆိုလို့ ဘာမှမပေးရဲတဲ့ သာကေတသား…နှလုံးလှလူမိုက်ကြီး ဦးစိုးဝင်း။
တကဲ့ကိုသူလိုလူပါပဲဗျာ။
Nay Lin Nay Lin
No comments:
Post a Comment