Latest News

Thursday, January 3, 2019

ဆရာေတာ္ႀကီးမ်ား မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား မိန္႔ၾကားသည့္ ၾသဝါဒ စကားမ်ား


၁၃၀၈-ခု၊ နယုန္လဆန္း(၁)ရက္၌"ေရႊဂုံတိုင္လမ္း -ဘုရားႀကီးေက်ာင္း တိုက္"တြင္
ဂိုဏ္းေပါင္းစုံ မဟာ သံဃာ့အဖြဲ႕ခ်ဳပ္ႀကီး၏"ႏွစ္ပတ္လည္ အစည္းေဝး" က်င္းပေနသည္၊

အထက္ျမန္မာႏိုင္ငံအတြက္ တာဝန္ခံ-ႏိုင္ငံေတာ္ သံဃနာယက ဥကၠ႒ ေညာင္ရမ္းဆရာေတာ္၊
-မစိုးရိမ္ဆရာေတာ္-ပခုကၠဴဆရာေတာ္-အစရွိေသာ အထက္ပိုင္း-ေအာက္ပိုင္း
ေထရ္ႀကီးဝါႀကီး ဆရာေတာ္မ်ားစုံစုံညီညီ တက္ေရာက္ေတာ္မူၾက၏၊

နယုန္လဆန္း(၃)ရက္ေန႔၌ ႏိုင္ငံေရးေခါင္းေဆာင္မ်ား ျဖစ္ၾကသည့္ဆာေပၚထြန္း၊ ဦးျမတ္သာဒြန္း၊ ဂဠဳန္ေစာတို႔ ဇနီးေမာင္ႏွံမ်ားသည္ဆရာေတာ္ႀကီးတို႔ကိုလာေရာက္ ဖူးေျမာ္ၾက၏။

နယုန္လဆန္း(၄)ရက္ေန႔၌ သခင္ဗစိန္လာေရာက္၏၊ ၎တို႔က ဆရာေတာ္ႀကီးမ်ားကို ဖူးေျမာ္ၿပီး ႏိုင္ငံေရးအေျခအေနမ်ားကိုရွင္းလင္းေလွ်ာက္ထားၾက၏။

နယုန္လဆန္း(၅)ရက္ (၄-၄-၄၆) ေန႔နံနက္ ၉:၀၀နာရီတြင္ဖ-ဆ-ပ-လ အဖြဲ႕ခ်ဳပ္ ဥကၠ႒-ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္အတြင္းေရးမႉး ဦးေက်ာ္ၿငိမ္းတို႔ဖူးေျမာ္ရန္ ေရာက္လာပါသည္။

ေညာင္ရမ္းဆရာေတာ္ႀကီးက"ဘယ္မလဲ ဗိုလ္ခ်ဳပ္”ဟု ေမးေတာ္မူ၏။
ဆရာေတာ္ႀကီးမ်ားက မ်က္ေမွာင္ကို လက္ကာအုပ္ၿပီး ၾကည့္ေတာ္မူၾက၏။

“နာမည္ႀကီးလိုက္တာ၊လူက ငယ္ပါ ေသးလား”ဟု မိန္႔ေတာ္မူၾက၏။

ေညာင္ရမ္းဆရာေတာ္ႀကီး-“ကဲ ဗိုလ္ခ်ဳပ္! ေလွ်ာက္ပါ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း-“တပည့္ေတာ္ အထူးေလွ်ာက္စရာ မရွိပါ၊ဖူးေျမာ္႐ုံပါဘုရား၊
ဆရာေတာ္ႀကီးမ်ား ဟာသာသနာ ႀကီးပြားရန္၊သာသနာသန္႔ရွင္းရန္သာ တာဝန္ယူၿပီး ေဆာင္ရြက္ေတာ္မူသည့္ ႐ိုး႐ိုးႀကီးေတြ ဆိုတာတပည့္ေတာ္ ယုံၾကည္ပါသည္ဘုရား၊"

"ႏိုင္ငံေရးသမား အခ်ိဳ႕သည္ပရိယာယ္ မာယာ အလြန္မ်ားပါသည္ဘုရား၊
သူတို႔၏ တက္လမ္းအတြက္ ရဟန္း သံဃာမ်ားကိုႏိုင္ငံေရးျငမ္း ဆင္တတ္ ပါ သည္ဘုရား၊
ဆရာေတာ္ႀကီးမ်ားကို ႏိုင္ငံေရးျငမ္း ဆင္သြားမွာကိုေတာ့
သတိျပဳေတာ္မူပါဘုရား”
ေညာင္ရမ္းဆရာေတာ္ႀကီး-“ေလာကမွာ လူတိုင္း တာဝန္ကိုယ္စီ ရွိၾကပါတယ္၊
ဘာသာျခား တိုင္းတပါး သားတို႔၏ လက္ေအာက္မွာဗုဒၶ သာသနာ မၫႈိးမွိန္ မေပ်ာက္မကြယ္ ေအာင္
ညႇိႏႈိင္းတိုင္းပင္ ႀကိဳးစား ခဲ့ၾကတယ္၊ယခုလည္း တာဝန္ရွိ သည့္အတိုင္း
သာသနာေတာ္အတြက္ အိုအိုမင္းမင္းနဲ႔ ႂကြေရာက္ၿပီး စည္းေဝးထိုင္ေနၾကတာ ျဖစ္တယ္၊

ဗိုလ္ခ်ဳပ္တို႔ ကလည္း ျမန္မာတႏိုင္ငံလုံးနယ္ခ်ဲ႕လက္ေအာက္က လြတ္ေျမာက္ေရး
တာဝန္ကို ကိုယ္က်ိဳးစြန္႔ၿပီး ေနမအား ညမအား ႀကိဳးပမ္းေနၾကတာကို ၾကားသိရ၍ ဝမ္းေျမာက္ပါတယ္၊
"သတိ မလြတ္ေစနဲ႔၊သတိထားၿပီး အသိဉာဏ္ျဖင့္ ႀကိဳးစားပါ”။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း-သာဓုပါဘုရား၊ သာဓုပါဘုရား”။
ေညာင္တုန္းဆရာေတာ္ႀကီး-“လူထုေခါင္းေဆာင္ လူထု အၾကည္ညိဳ ခံရတဲ့သူဆိုရင္
အရက္ မေသာက္ရ ဘူး”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း-“တပည့္ေတာ္ ငယ္ငယ္ကတည္းကငါးပါးသီလ ၿမဲၿပီး အရက္ မေသာက္ ခဲ့ပါဘုရား၊
ေနာက္ ဂ်ပန္မ်ားနဲ႔ မေပါင္းမျဖစ္လို႔ ေပါင္းမိမွစစ္သား လုံးလုံး ျဖစ္ခဲ့ပါသည္ဘုရား၊
အရက္ ေတာင္ ဘယ္ကမလဲ"ပါဏာတိပါတ" ေတာင္ မလြတ္ေတာ့ပါဘုရား၊
ယခုေတာ့ တပည့္ေတာ္ အရက္ မေသာက္ေတာ့ပါဘုရား”။
ပခုကၠဴဆရာေတာ္ႀကီး-“ေအးဗိုလ္ခ်ဳပ္ စကားေလးခြန္း မွာမယ္ကြဲ႕၊
(၁) သူမ်ား ေျမႇာက္တိုင္းလည္း မေျမာက္ပါနဲ႔။
(၂) မေျမာက္ဘဲလည္း မေနပါနဲ႔။
(၃) သူမ်ား ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔။
(၄) မေၾကာက္ဘဲလည္း မေနပါနဲ႔။
ဒီစကားေလးခြန္းကို မွတ္သား-သတိထားၿပီး
တိုင္းျပည္ကို နယ္ခ်ဲ႕လက္ေအာက္မွ လြတ္ေျမာက္ေအာင္ ႀကိဳးစားပါ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း-“တပည့္ေတာ္ နားမလည္ပါ၊ရွင္းျပေတာ္မူပါဘုရား”
ပခုကၠဴဆရာေတာ္ႀကီး-"(၁) ယုံၾကည္လို႔ ၾကည္ညိဳလို႔ ျပည္သူလူထုက
“ဗိုလ္ခ်ဳပ္ ဗိုလ္ခ်ဳပ္”ဟု ေျမႇာက္စားတာကို “ငါမွ ငါ”ဟု မာနေထာင္လႊားၿပီး ေျမာက္မသြားနဲ႔။
ဒါကို"ေျမႇာက္တိုင္းလည္း မေျမာက္နဲ႔"လို႔ ေျပာတာ။

(၂) လူထုက ယုံၾကည္အားကိုး ေျမႇာက္စားသည့္အတိုင္း
ကိုယ္က လြတ္လပ္ေရး ရသည့္တိုင္ ၿပီးေျမာက္ေအာင္ ႀကိဳးစားပါ။
ဒါကို"မေျမာက္ဘဲလည္း မေနပါနဲ႔"လို႔ ေျပာတာ။

(၃) ေလာကမွာ လူေတာ္ကို ယွဥ္ၿပိဳင္ႏိုင္ေအာင္ မႀကိဳးစားဘဲ
လူေတာ္ကို ဖယ္ရွားၿပီး ကိုယ္က်ိဳး ရွာလိုတဲ့ သူေတြ ရွိတယ္၊
ဒီလူမ်ိဳးေတြက "ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔"လို႔ ေျပာတာပါ။

(၄) "ငါ့ကို တစ္တိုင္းျပည္လုံးက ယုံၾကည္အားကိုး ေနတယ္၊"
ငါ့မွာ အႏၲရာယ္ျပဳမည္သူ မရွိပါဘူး"ဟု တထစ္ခ် ယုံၾကည္ၿပီး
အႏၲရာယ္ကို မေၾကာက္ဘဲလည္း မေနပါနဲ႔"လို႔ ေျပာလိုတာ။
ကိုင္း ဗိုလ္ခ်ဳပ္ နားလည္ၿပီလား?"
ဗိုလ္ခ်ဳပ္ေအာင္ဆန္း-နားလည္ပါၿပီဘုရား။
ပခုကၠဴဆရာေတာ္ႀကီး-နားလည္ရင္ဒီစကား ေလးမ်ိဳးကို မွတ္သားၿပီး
သတိမျပတ္ ထား၍ သူတပါးလက္ေအာက္ကၽြန္ဘဝမွ လြတ္လပ္ေရး- ရေအာင္ ႀကိဳးစားပါ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း-ႀကိဳးစားပါမည္ဘုရား။သာဓု သာဓု ပါဘုရား”-ဟု ေလွ်ာက္ထား၍
ဆရာေတာ္ႀကီးမ်ားေန့ဆြမ္းဘုဥ္းေပးခါနီးမွျပန္သြားခဲ့ပါသည္။
"ဆရာေတာ္ ဦးပ႑ိစၥာဘိဝံသ"
(ေညာင္ရမ္း၊ သိန္းသန္းရတနာေက်ာင္း)
━━━━━━━
မွီခိုရာ က်မ္းကိုး-
━━━━━━━
(ဆရာေတာ္ ဦးပ႑ိစၥာဘိဝံသ (ေညာင္ရမ္း၊ သိန္းသန္းရတနာေက်ာင္း) ေရးသားေသာ “ဆ႒သံဂါယနာ မဟာနာယက ေညာင္ရမ္းဆရာေတာ္ႀကီး၏ ဘဝသမိုင္း”စာအုပ္
(၁၃၇၈-ခု ထုတ္) စာ-၁၂၀၊ ၁၂၁၊ ၁၂၂ မွ)
အရွင္မဟာကဝိန္
.................
၁၃၀၈-ခု၊ နယုန်လဆန်း(၁)ရက်၌"ရွှေဂုံတိုင်လမ်း -ဘုရားကြီးကျောင်း တိုက်"တွင်

ဂိုဏ်းပေါင်းစုံ မဟာ သံဃာ့အဖွဲ့ချုပ်ကြီး၏"နှစ်ပတ်လည် အစည်းဝေး" ကျင်းပနေသည်၊



အထက်မြန်မာနိုင်ငံအတွက် တာဝန်ခံ-နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌ ညောင်ရမ်းဆရာတော်၊

-မစိုးရိမ်ဆရာတော်-ပခုက္ကူဆရာတော်-အစရှိသော အထက်ပိုင်း-အောက်ပိုင်း

ထေရ်ကြီးဝါကြီး ဆရာတော်များစုံစုံညီညီ တက်ရောက်တော်မူကြ၏၊



နယုန်လဆန်း(၃)ရက်နေ့၌ နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြသည့်-

ဆာပေါ်ထွန်း၊ ဦးမြတ်သာဒွန်း၊ ဂဠုန်စောတို့ ဇနီးမောင်နှံများသည်ဆရာတော်ကြီးတို့ကို

လာရောက် ဖူးမြော်ကြ၏။



နယုန်လဆန်း(၄)ရက်နေ့၌ သခင်ဗစိန်လာရောက်၏၊ ၎င်းတို့က ဆရာတော်ကြီးများကို ဖူးမြော်ပြီး နိုင်ငံရေးအခြေအနေများကိုရှင်းလင်းလျှောက်ထားကြ၏။



နယုန်လဆန်း(၅)ရက် (၄-၄-၄၆) နေ့နံနက် ၉:၀၀နာရီတွင်

ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဥက္ကဋ္ဌ-ဗိုလ်ချုပ်အောင်ဆန်းနှင့်အတွင်းရေးမှူး ဦးကျော်ငြိမ်းတို့

ဖူးမြော်ရန် ရောက်လာပါသည်။



ညောင်ရမ်းဆရာတော်ကြီးက"ဘယ်မလဲ ဗိုလ်ချုပ်”ဟု မေးတော်မူ၏။

ဆရာတော်ကြီးများက မျက်မှောင်ကို လက်ကာအုပ်ပြီး ကြည့်တော်မူကြ၏။



“နာမည်ကြီးလိုက်တာ၊လူက ငယ်ပါ သေးလား”-ဟု မိန့်တော်မူကြ၏။



ညောင်ရမ်းဆရာတော်ကြီး-“ကဲ ဗိုလ်ချုပ်! လျှောက်ပါ”

ဗိုလ်ချုပ်အောင်ဆန်း-“တပည့်တော် အထူးလျှောက်စရာ မရှိပါ၊ဖူးမြော်ရုံပါဘုရား၊

ဆရာတော်ကြီးများ ဟာသာသနာ ကြီးပွားရန်၊သာသနာသန့်ရှင်းရန်သာ တာဝန်ယူပြီး ဆောင်ရွက်တော်မူသည့် ရိုးရိုးကြီးတွေ ဆိုတာတပည့်တော် ယုံကြည်ပါသည်ဘုရား၊"



"နိုင်ငံရေးသမား အချို့သည်ပရိယာယ် မာယာ အလွန်များပါသည်ဘုရား၊

သူတို့၏ တက်လမ်းအတွက် ရဟန်း သံဃာများကိုနိုင်ငံရေးငြမ်း ဆင်တတ် ပါ သည်ဘုရား၊

ဆရာတော်ကြီးများကို နိုင်ငံရေးငြမ်း ဆင်သွားမှာကိုတော့

သတိပြုတော်မူပါဘုရား”

ညောင်ရမ်းဆရာတော်ကြီး-“လောကမှာ လူတိုင်း တာဝန်ကိုယ်စီ ရှိကြပါတယ်၊

ဘာသာခြား တိုင်းတပါး သားတို့၏ လက်အောက်မှာဗုဒ္ဓ သာသနာ မညှိုးမှိန် မပျောက်မကွယ် အောင်

ညှိနှိုင်းတိုင်းပင် ကြိုးစား ခဲ့ကြတယ်၊ယခုလည်း တာဝန်ရှိ သည့်အတိုင်း

သာသနာတော်အတွက် အိုအိုမင်းမင်းနဲ့ ကြွရောက်ပြီး စည်းဝေးထိုင်နေကြတာ ဖြစ်တယ်၊



ဗိုလ်ချုပ်တို့ ကလည်း မြန်မာတနိုင်ငံလုံးနယ်ချဲ့လက်အောက်က လွတ်မြောက်ရေး

တာဝန်ကို ကိုယ်ကျိုးစွန့်ပြီး နေမအား ညမအား ကြိုးပမ်းနေကြတာကို ကြားသိရ၍ ဝမ်းမြောက်ပါတယ်၊

"သတိ မလွတ်စေနဲ့၊သတိထားပြီး အသိဉာဏ်ဖြင့် ကြိုးစားပါ”။

ဗိုလ်ချုပ်အောင်ဆန်း-သာဓုပါဘုရား၊ သာဓုပါဘုရား”။

ညောင်တုန်းဆရာတော်ကြီး-“လူထုခေါင်းဆောင် လူထု အကြည်ညို ခံရတဲ့သူဆိုရင်

အရက် မသောက်ရ ဘူး”

ဗိုလ်ချုပ်အောင်ဆန်း-“တပည့်တော် ငယ်ငယ်ကတည်းကငါးပါးသီလ မြဲပြီး အရက် မသောက် ခဲ့ပါဘုရား၊

နောက် ဂျပန်များနဲ့ မပေါင်းမဖြစ်လို့ ပေါင်းမိမှစစ်သား လုံးလုံး ဖြစ်ခဲ့ပါသည်ဘုရား၊

အရက် တောင် ဘယ်ကမလဲ"ပါဏာတိပါတ" တောင် မလွတ်တော့ပါဘုရား၊

ယခုတော့ တပည့်တော် အရက် မသောက်တော့ပါဘုရား”။

ပခုက္ကူဆရာတော်ကြီး-“အေးဗိုလ်ချုပ် စကားလေးခွန်း မှာမယ်ကွဲ့၊

(၁) သူများ မြှောက်တိုင်းလည်း မမြောက်ပါနဲ့။

(၂) မမြောက်ဘဲလည်း မနေပါနဲ့။

(၃) သူများ ခြောက်တိုင်းလည်း မကြောက်ပါနဲ့။

(၄) မကြောက်ဘဲလည်း မနေပါနဲ့။

ဒီစကားလေးခွန်းကို မှတ်သား-သတိထားပြီး

တိုင်းပြည်ကို နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားပါ”

ဗိုလ်ချုပ်အောင်ဆန်း-“တပည့်တော် နားမလည်ပါ၊ရှင်းပြတော်မူပါဘုရား”

ပခုက္ကူဆရာတော်ကြီး-"(၁) ယုံကြည်လို့ ကြည်ညိုလို့ ပြည်သူလူထုက

“ဗိုလ်ချုပ် ဗိုလ်ချုပ်”ဟု မြှောက်စားတာကို “ငါမှ ငါ”ဟု မာနထောင်လွှားပြီး မြောက်မသွားနဲ့။

ဒါကို"မြှောက်တိုင်းလည်း မမြောက်နဲ့"လို့ ပြောတာ။



(၂) လူထုက ယုံကြည်အားကိုး မြှောက်စားသည့်အတိုင်း

ကိုယ်က လွတ်လပ်ရေး ရသည့်တိုင် ပြီးမြောက်အောင် ကြိုးစားပါ။

ဒါကို"မမြောက်ဘဲလည်း မနေပါနဲ့"လို့ ပြောတာ။



(၃) လောကမှာ လူတော်ကို ယှဉ်ပြိုင်နိုင်အောင် မကြိုးစားဘဲ

လူတော်ကို ဖယ်ရှားပြီး ကိုယ်ကျိုး ရှာလိုတဲ့ သူတွေ ရှိတယ်၊

ဒီလူမျိုးတွေက "ခြောက်တိုင်းလည်း မကြောက်ပါနဲ့"လို့ ပြောတာပါ။



(၄) "ငါ့ကို တစ်တိုင်းပြည်လုံးက ယုံကြည်အားကိုး နေတယ်၊"

ငါ့မှာ အန္တရာယ်ပြုမည်သူ မရှိပါဘူး"ဟု တထစ်ချ ယုံကြည်ပြီး

အန္တရာယ်ကို မကြောက်ဘဲလည်း မနေပါနဲ့"လို့ ပြောလိုတာ။

ကိုင်း ဗိုလ်ချုပ် နားလည်ပြီလား?"

ဗိုလ်ချုပ်အောင်ဆန်း-နားလည်ပါပြီဘုရား။

ပခုက္ကူဆရာတော်ကြီး-နားလည်ရင်ဒီစကား လေးမျိုးကို မှတ်သားပြီး

သတိမပြတ် ထား၍ သူတပါးလက်အောက်ကျွန်ဘဝမှ လွတ်လပ်ရေး- ရအောင် ကြိုးစားပါ”

ဗိုလ်ချုပ်အောင်ဆန်း-ကြိုးစားပါမည်ဘုရား။သာဓု သာဓု ပါဘုရား”-ဟု လျှောက်ထား၍

ဆရာတော်ကြီးများနေ့ဆွမ်းဘုဉ်းပေးခါနီးမှပြန်သွားခဲ့ပါသည်။

"ဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ"

(ညောင်ရမ်း၊ သိန်းသန်းရတနာကျောင်း)

━━━━━━━

မှီခိုရာ ကျမ်းကိုး-

━━━━━━━

(ဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ (ညောင်ရမ်း၊ သိန်းသန်းရတနာကျောင်း) ရေးသားသော “ဆဋ္ဌသံဂါယနာ မဟာနာယက ညောင်ရမ်းဆရာတော်ကြီး၏ ဘဝသမိုင်း”စာအုပ်

(၁၃၇၈-ခု ထုတ်) စာ-၁၂၀၊ ၁၂၁၊ ၁၂၂ မှ)

အရှင်မဟာကဝိန်

No comments:

Post a Comment