Friday, January 11, 2019
စစ်
အခြေမလှပတဲ့ ညီရင်းအချစ်ကြောင့်
အဖေကျသွားတဲ့ ပြည်တွင်းစစ် ။
တနေ ငုတ်လျိုး အကျမှာ
အမေ မုဆိုးမ ဖြစ်သွားရတဲ့စစ် ။
အပျင်းပြေ ဘလိုင်းအသိတွေကြောင့်
ထင်းခွေရင်း မိုင်းမိတဲ့စစ် ။
ဝေ့လည် ဝေ့လည် ကွေ့ပယ်နေတော့
ကလေးသူငယ်ပါ သေရတဲ့စစ် ။
အချိန်မတွက်ငြင်း အကျိုးမဲ့ယုတ်နေတဲ့
အိမ်ကြက်ချင်း အိုမဲသုတ်နေတဲ့စစ် ။
ဗရုတ်သုတ်ခ လူမမည်တော့ပေမဲ့
စစ်ဘေးရှောင်စခန်းမှာ လူစည်ကားနေရတဲ့စစ် ။
စောင်တစ်ခါ ထုတ်ပေးမယ့်အစား
တောင်ယာလုပ်ခွင့် ပြုပေးပါ ။
ခေါက်ဆွဲခြောက်တွေ လှုမယ့်အစား
ကြောက်မြဲကြောက်နေရတဲ့ အပူတွေငြိမ်းပေးပါ ။
ကျည်ဆံတွေ ပလူပျံ နေမဲ့အစား
ရယ်သံတွေ ဆူညံခွင့် ပေးပါ ။
အမြတ်ခွဲ အပြုတ်နှက်ကြမဲ့အစား
လက်ဆွဲ နှုတ်ဆက်ခွင့် ပေးကြပါ ။
ဟော့ဒီ >>>>
စခန်းတမျိုးလှတဲ့ ကချင် တောင်တန်းကြီးနှင့်
ရခိုင်ပြည်နယ် မေယုတောင်တန်းပေါ်မှာ
ရွှေကိုမလို ငွေကိုမလို
သိန်းသန်း ပေးဝယ်မရတဲ့
ငြိမ်းချမ်းရေး ဘဝတွေပဲ လိုချင်တယ် ။ ။
မင်းညိုသုန်
(အားလုံး ငြိမ်းချမ်းသာသယာ နိုင်ကြပါစေ)
စစ်
Reviewed by timeayeyar
on
5:40 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment