Latest News

Friday, January 11, 2019

အိမ်မက်ထဲကတက္ကသိုလ်

ငါမမေ့၍
နွေနေ့တစ်ရက် ငါမြင်မက်သည်
အိမ်မက်ထဲကတက္ကသိုလ်းးးး
ဥသြသံချို တေးသံစို၍
ပင်ပျိုပင်လှ ပုရစ်မြနှင့်
လှနေပေဆဲ မြူငွေ့ထဲးးးးး

ငါမမေ့၍
မိုးနေ့တစ်ရက် ငါမြင်မက်သည်
အိမ်မက်ထဲကတက္ကသိုလ်းးးး
မိုးရေပက်ဖြန်း ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ရောင်စုံကျင်း၍
သင်းနေပေဆဲ မိုးငွေ့ထဲးးးး

ငါမမေ့၍
ဆောင်းနေ့တစ်ရက် ငါမြင်မက်သည်
အိမ်မက်ထဲကတက္ကသိုလ်းးးး
မြရည်ပိန်းပိန်း မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု ပုရစ်ဥနှင့်
နုနေပေဆဲ နှင်းငွေ့ထဲးးးး

ငါမမေ့၍
နေ့ပေါင်းများစွာ အိမ်မက်ရာ၌
ငါတို့ခြေရာ များပြားစွာသည်
ဘယ်မှာပျောက်သည် ငါမသိးးးးး
ငါ၏ခြေရာ မင်းခြေရာကို
ခုခါရှာ၍ မမြင်တွေ့လည်း
မေ့မရသည့် တက္ကသိုလ်းးးးးး

မိုးငွေ့ မြူငွေ့ နှင်းအငွေ့တို့
ရစ်ဝေ့နေသည် ငါမြင်သည်၌
နေခြည်ဝင်းဝင်းပန်းတစ်ခင်းကို
လေညှင်းထဲက တေးတစ်စကို
လရောင်ထဲက တစ်ဘဝကို
တလျက်တမ်းလျက်
ငါ လွမ်းလျက်သည်
အိမ်မက်လိုလို တက္ကသိုလ်းးးးးး။
ပျဉ်းမနားမောင်နီသင်း

No comments:

Post a Comment