Latest News

Saturday, January 19, 2019

နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ေမာ္ေတာ္ယာဥ္အား ARSA အၾကမ္းဖက္ အဖြဲ႕က ေခ်ာင္းေျမာင္း ပစ္ခတ္


ေမာင္ေတာၿမိဳ႕နယ္၌ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕၀င္ လုိက္ပါလာေသာ ေမာ္ေတာ္ယာဥ္အား ARSA အၾကမ္းဖက္ အဖြဲ႕က ေခ်ာင္းေျမာင္း ပစ္ခတ္၊ ၆ ဦးဒဏ္ရာရရွိ / ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၌ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕၀င္မ်ား လုိက္ပါလာေသာ ေမာ္ေတာ္ယာဥ္အား ARSA အၾကမ္းဖက္ အဖြဲ႕က ဇန္န၀ါရီ ၁၆ ရက္ မြန္းလြဲပိုင္းက လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္သျဖင့္ ရဲတပ္ဖြဲ႕၀င္ ၆ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ အမွတ္ (၂) နယ္ျခားေစာင့္ ရဲကြပ္ကဲမႈဌာနခ်ဳပ္မွ ရဲတပ္ဖြဲ႕၀င္မ်ား လိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္အား ဇန္န၀ါရီ ၁၆ ရက္ မြန္းလြဲ ၁ နာရီ ၅ မိနစ္ခန္႕တြင္ ေမာင္ေတာၿမိဳ႕နယ္ ၀က္က်ိန္းေက်းရြာ တံတားအနီး၌ ARSA အၾကမ္းဖက္အဖြဲ႕ အင္အား ၁၀ ဦးခန္႕က လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားအား တပ္မေတာ္ေဆးရုံ (ဘူးသီးေတာင္) သုိ႕ ပုိ႕ေဆာင္၍ ကုသမႈခံယူေစလ်က္ ရွိေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရရွိေသာ အေထာက္အထားမ်ားအရ ယခုျဖစ္စဥ္မွာ ARSA အၾကမ္းဖက္အဖြဲ႕က လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ARSA အၾကမ္းဖက္အဖြဲ႕သည္ ေမယုေတာင္တန္း၏ အေနာက္ဘက္ျခမ္းတြင္ လည္းေကာင္း ၊ AA ေသာင္းက်န္းသူ အဖြဲ႕သည္ ေမယုေတာင္တန္း၏ အေရွ႕ဘက္ျခမ္းတြင္ လည္းေကာင္း ႏွစ္ဖြဲ႕ ညွိႏႈိင္းခ်က္ျဖင့္ နယ္ေျမပိုင္းျခား လႈပ္ရွားေနျခင္း ျဖစ္ႏိုင္သည္ဟု ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က သုံးသပ္ထားေၾကာင္း သိရသည္။
MOI Webportal Myanmar

Unicode

မောင်တောမြို့နယ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် လိုက်ပါလာသော မော်တော်ယာဉ်အား ARSA အကြမ်းဖက် အဖွဲ့က ချောင်းမြောင်း ပစ်ခတ်၊ ၆ ဦးဒဏ်ရာရရှိ / ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်အား ARSA အကြမ်းဖက် အဖွဲ့က ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် (၂) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်အား ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မောင်တောမြို့နယ် ဝက်ကျိန်းကျေးရွာ တံတားအနီး၌ ARSA အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံ (ဘူးသီးတောင်) သို့ ပို့ဆောင်၍ ကုသမှုခံယူစေလျက် ရှိကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရရှိသော အထောက်အထားများအရ ယခုဖြစ်စဉ်မှာ ARSA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ARSA အကြမ်းဖက်အဖွဲ့သည် မေယုတောင်တန်း၏ အနောက်ဘက်ခြမ်းတွင် လည်းကောင်း ၊ AA သောင်းကျန်းသူ အဖွဲ့သည် မေယုတောင်တန်း၏ အရှေ့ဘက်ခြမ်းတွင် လည်းကောင်း နှစ်ဖွဲ့ ညှိနှိုင်းချက်ဖြင့် နယ်မြေပိုင်းခြား လှုပ်ရှားနေခြင်း ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သုံးသပ်ထားကြောင်း သိရသည်။
MOI Webportal Myanmar

No comments:

Post a Comment