Latest News

Saturday, January 19, 2019

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ အစိမ်းရောင်စမတ်မြို့တော် မန္တလေး

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ အစိမ်းရောင်စမတ်မြို့တော် မန္တလေး

မန္တလေးမြို့တော်သည် ယခုအခါ လူဦးရေ ၁ဒသမ ၂၅သန်းခန့်ရှိပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်  ချောမွေ့ ကောင်းမွန်သည့်  လမ်းများ၊  လင်းလက်တောက်ပနေသည့်  လမ်းမီးများနှင့်  သန့်ရှင်း သာယာလှသည့် မြို့တော်တစ်ခုအဖြစ် လာရောက်လည်ပတ်သူများ၊ အခြေစိုက်နေထိုင်သူများက အသိအမှတ်ပြုလာကြပြီဖြစ်သည်။

၂ဝ၁၈ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံစမတ် မြို့တော် ကွန်ရက် (အေအက်စ်စီ အင်န်)တည်ထောင်ရန် အဆိုပြုခဲ့ရာ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအားလုံးက  အတည်ပြုပေးခဲ့သည်။

အဆိုပါ     အရှေ့တောင်အာရှ၏ ထိပ်တန်းစမတ်မြို့တော် ၁ဝ မြို့တွင်လည်း မ္တလေးမြို့တော်  ပါဝင်လျက်ရှိသည်။ မန္တလေး မြို့ကို  အစိမ်းရောင်စမတ်မြို့တော်ဖြစ်စေရန်အတွက်    မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အိုးအိမ် ဦးစီးဌာနတို့  ပူးပေါင်း၍   မြို့ပြဖွံ့ဖြိုးမှု (၂၅)နှစ်စီမံကိန်းကို စတင်ပြင်ဆင်နေပြီ ဖြစ်သည်။

သာယာလှပသော  ရေမြေတောတောင်သဘာဝအလှ တရားများတည်ရှိနေသောမန္တလေးမြို့တော်သည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်းဝင်နေရာများ၊ ရှေးဟောင်း အဆောက်အအုံများ၊   စေတီပုထိုးများ၊    မြန်မာ့ယဉ်ကျေးမှု ဗိသုကာလက်ရာများစွာတို့ကို      လေ့လာတွေ့ရှိနိုင်သကဲ့သို့     ခေတ်မီစမတ်မြို့တော်အဖြစ် ဖွံ့ဖြိုးလာစေရန်အတွက်လည်း စီမံဆောင်ရွက်နေပြီဖြစ်ရာ  ပြည်တွင်း  ပြည်ပခရီးသွားများ အတွက် အထူးဆွဲဆောင်လျက်ရှိသော မြို့တော်တစ်မြို့အဖြစ် ဂုဏ်ယူဖွယ်ရာ   ရေးသားတင်ပြအပ်ပါသည်။သန်းဇော်မင်း (ပြန်/ဆက်)

No comments:

Post a Comment