Latest News

Sunday, December 23, 2018

ပြန်​လည်​သုံးသပ်​သင့်​ပြီဖြစ်​​သော ဗဝတ(ဗဟိုဝန်​ထမ်းတက္ကသိုလ်​)

Dr ခင်​မိုးမိုးဦး ( ကသ ၆၅ ၊ ဇေယျ ၁ ၊ ဇီးပင်ကြီး )

အစက ဒီလိုအ​သေးစိတ်​​ရေးပြဖို့စိတ်​ကူးမရှိပါ ဒါ​ပေမဲ့ မတရားမှူတခုမှာ သင်​ဟာကြား​နေခဲ့ရင်​ သင်​ကိုယ်​တိုင်​မတရားမှုကိုကျူးလွန်​တာနဲ့အတူတူဘဲဆိုတာသတိရလို့ ​ရေးဖြစ်​တာပါ
ကျမဟာ ၂၀၀၀ခုနှစ်​မှာဖွင့်​တဲ့​ဇီးပင်​ကြီး ​ဇေယျ ၁ မှာ ၁၄ ပါတ်​ကြာတက်​​ရောက်​ခဲ့တဲ့ တဦးတည်း​သောဆရာဝန်​ဖြစ်​ပါတယ်
ကသ ၆၅ ပါ
အခြားသင်​တန်းသား​တွေက စီမံကိန်း MOGE ဆည်​​မြောင်းစတဲ့ဌာနစုံကအရာရှိများပါ ဇီးပင်​ကြီးဖွင့်​စ မပြည့်​မစုံနဲ့ဒုက္ခမျိုးစုံရင်​ဆိုင်​ခဲ့ရတာပါ အစကတည်းက ကျမတို့ကို ဖိနှိပ်​လိုတဲ့စိတ်​ ပညာတတ်​ကိုဦးချိုးချင်​တဲ့စိတ်​နဲ့ဖွင့်​တဲ့ အရည်​မရအဖတ်​မရသင်​တန်း​တွေလို့ထင်​တာ​ကြောင့်​ မတက်​ဖြစ်​ခဲ့​ပေမဲ့ နိုင်​ငံခြားပညာ​တော်​သင်​​ဖြေမယ်​ဆို ​ဖောင်​ကြီးတက်​မတက်​ အ​ရေးပါလှတဲ့အတွက်​ အားမတန်​မာန်​ချပြီး တက်​ခဲ့ရတာပါ
စာရှည်​မှာစိုးလို့ အသးစိတ်​ဖိနှိပ်​မှု မဆီ​လျော်​မှု​တွေ​ရေးမပြ​တော့ပါ
သင်​တန်းကာလတ​လျောက်​လုံး အမြင်​မ​တော်​တာ​တွေ​ထောက်​ပြရင်း ပြဿနာအကြိမ်​ကြိမ်​တက်​ခဲ့​ပေမဲ့ ကျမကိုအ​ရေးမယူရဲပါ
အမျိုးသမီး​ဆောင်​တာဝန်​ကျဆရာဝန်​​နေတာ​ဝေးတဲ့အတွက်​ည​ရေးညတာကျန်းမာ​ရေးပြဿနာ​တွေကို ​စေတနာဝန်​ထမ်းကိုယ့်​​ဆေးနှင့်​ကို(အမရဲ့​တော်​ဝင်​​ဆေးရုံမှ​ဆေးများပါ)​ဖြေရှင်း​ပေးတဲ့အတွက်​သူတို့ မှာသိပ်​အကူအညီရလို့ပါ 

ဒီလိုနဲ့သင်​တန်းဆင်းဖို့ရက်​ပိုင်းအလိုမှာ သင်​တန်းဆန်းစစ်​ချက်​​တွေဖြည့်​ခိုင်းပါတယ်​ ပုံစံမှာ အမည်​ ကသ တပ်​ခိုင်းတဲ့အတွက်​ ထုံးစံအတိုင်းကျမကလူပုံလည်​မှာ​မေးခွန်းထုတ်​ပါတယ်
ရှင်​တို့ ဒီသင်​တန်းအ​ပေါ်ထင်​မြင်​ချက်​ အမှန်​လိုခြင်​ပါသလား ဒါဆိုရင်​ ဒီလို အမည်​ ကသ မတပ်​သင့်​ တပ်​ရင်​လူ​တွေကအမှန်​​ရေးရဲမှာမဟုတ်​ ကျမတို့ကျန်းမာ​ရေးမှာလဲသင်​တန်းစစ်​တမ်းများ
အကြိမ်​ကြိမ်​လုပ်​ဖူး​ကြောင်း ဘာidentity မှဖြည့်​စရာမလို​ကြောင်း
အဆုံးသတ်​မှာ သ်​တန်းသားရဲ့ ဘယ်​နှစ်​ရာခိုင်​နှုံးက ​မေးထားတဲ့အချက်​ကို​ထောက်​ခံ ဘယ်​​လောက်​ကမ​ထောက်​ခံသိနိုင်​​ကြောင်းနမူနာ​တွေနဲ့​ပြောတာ​ပေါ့ အားလုံးကဝိုင်းစူးစိုက်​နား​ထောင်​ ဒီတ​ယောက်​​တော့ဘာ​တွေ​ထောက်​ပြအုံးမလဲ​ပေါ့ ဒီ​တော့ အဲဒီဌာနမှုး (နိုင်​ငံ​ရေးလား ဥပ​ဒေလားမမှတ်​မိ) က စိတ်​လဲဆိုးရှက်​လဲရှက်​ ဒီလိုတ​သွေးတသံတမိန့်​​နေရာမှာ ဒီလို​ပြောလို့ ​လေ
ခင်​ဗျား ကသ နံပါတ်​​ပြောဆို​တော့ ကသ ၆၅ ဆို​တော့ ​ကောင်းပီ ခင်​ဗျား​ရေးခြင်​ရာ​ရေးပါ ဘာမှမဖြစ်​​စေရလို့ဆိုပါ​လေ​ရော
ဘာ​ပြော​ကောင်းမလဲ ပယ်​ပယ်​နယ်​နယ်​ ကဏ္ဏတခုခြင်းစီကို ​ဝေဖန်​တာ​ပေါ့ အစားအ​သောက်​စုတ်​ပြတ်​ ကျန်းမာ​ရေးနဲ့မညီတာကစ ကျမတို့နဲ့ မဆီမ​လျော်​ ​တွေသ်​ကြားတာ​ရော အရာရှိ​တွေကိုသင်​တဲ့ ဆရာ ဆရာမ ​တွေအရည်​အခြင်းမပြည့်​မှီတာ​ကော(တကယ်​ဆိုကျမက အဲဒီအချိန်​မှာ MSc ပြီး​နေ​ပေါ့) အစုံပါဘဲ ​ပြောထားတဲ့အတိုးကျမကိုအ​ရေးမယူခဲ့​ပေမဲ့ ကျမတို့အပြန်​အလှန်​​ပြောတာကြားပြီး ​​ထောက်​ပြ​ဝေဖန်​လို့ရပဟထင်​ပြီး​ရေးသားခဲ့တဲ့ မ​ကွေး MOGE က geologist အမျိုးသားတ​ယောက်​ကိုကျမတို့သင်​တန်းဆင်းပွဲရှုပ်​​နေတဲ့အချိန်​မှာ RTU Return To Mother Unit လုပ်​ပြီး အလုပ်​ကပါထုတ်​ပါယ်​ခဲ့ပါတယ်​နံမည်​ပြန်​စုံစမ်းရင်​သိနိုင်​ပါတယ်
အဲဒီ အချိန်​က ၂၀၀၀ ခုဆို​တော့စစ်​ဖိနပ်​​အောက်​ပြားပြား​မှောက်​ ကျမအကို ​တောင်​မန္တ​လေး အိုးဘို​ထောင်​ထဲမှာ ​ထောင်​ဒဏ်​ ၁၀ နှစ်​ ခံစား​နေရစဉ်​ဆို​တော့ ခုလိုပွင့်​လင်းမြင်​သာဘယ်​သူမှမ​ပြောရဲ​သေးတဲ့အချိန်​ အငြိုးထားပြီး ညကျမှ စစ်​စရာရှိလို့ခဏလိုက်​ခဲ့ဆိုရင်​​တော့ သွား​ပေဦး​တော့ ၁၀ နှစ်​​ပေါ့
အဲလိုအချိန်​ဆို​တော့ ဘယ်​သူမှနားရွက်​မခတ်​ရဲ တချိန်​လုံး​ထောက်​ပြ​ဝေဖန်​​နေတဲ့ကျမကို​တောင်​သိပ်​ဆိုးတဲ့ဆရာဝန်​မလို့ နံမည်​ဆိုးတပ်​ခဲ့ကြတာ
အဲဒီသင်​တန်း​တွေဟာကျမတို့ပညာတတ်​​တွေကိုဖိနှိပ်​ဖို့သက်​သက်​ ဝါဒမှိုင်းတိုက်​ဖို့သက်​သက်​သာဖြစ်​ပြီး နိုင်​ငံ​တော်​အတွက်​​ရော ကျမတို့ပြည်​သူအတွက်​ပါ အကျိုးမရှိ သည့်​အတွက်​ပြန်​လည်
စဉ်းစား ချင့်​ချိန်​သုံးသပ်​သင့်​ပါ​ကြောင်း အပြုသ​ဘော​ဆောင်​တင်​ပြလိုက်​ရပါတယ်
ပြည်​သူ့အစိုးရ​ခေတ်​မှာ အပြုသ​ဘောနဲ့​ထောက်​ပြ​ဝေဖန်​မှုကို အ​ရေးယူမယ်​ဆိုရင်​ဖြင့်​အ​ရေးယူသူဟာ ​ပြောင်းလဲလိုစိတ်​မရှိတဲ့ စံနစ်​​ဟောင်းကိုဖက်​တွယ်​ တိုင်းပြည်​ တိုးတက်​မှာကိုမလိုလားတဲ့ အဖျက်​သမားသာလျင်​ဖြစ်​​​ကြောင်းလယ်​ပြင်​မှာဆင်​သွားသလိုထင်​ရှားလှတာမို့ ထိုသူများကို ပြည်​သူ့ယန္တယားမှဖယ်​ထုတ်​သင့်​​ကြောင်း ​လေး​လေးနက်​နက်​အကြံပြုလိုပါသည်​ရှင့်

ကသ ၆၅
ဇေယျ (၁) ဇီးပင်​ကြီး

No comments:

Post a Comment